Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နိုင်ငံရေးအကျဥ်းသား အနည်းငယ်မျှကို ပြန်လွှတ် ပေးရုံဖြင့် စစ်ကောင်စီကို ပြောင်းလဲလာပြီဟု တွက်ဆပါက အမှားကြီးမှားမည်ဟု နိုင်ငံတကာကို NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးအပြီးတွင် အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဥ်ကို စီစဥ်နေကြောင်း ကြေညာလိုက်ပြီး ထင်ရှား သည့်နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးအကျဥ်းသား အနည်းငယ်မျှကို ပြန်လွှတ် ပေးရုံဖြင့် စစ်ကောင်စီကို ပြောင်းလဲလာပြီဟု တွက်ဆပါက အမှားကြီးမှားမည်ဟု နိုင်ငံတကာကို NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး
နိုင်ငံရေးအကျဥ်းသား အနည်းငယ်မျှကို ပြန်လွှတ် ပေးရုံဖြင့် စစ်ကောင်စီကို ပြောင်းလဲလာပြီဟု တွက်ဆပါက အမှားကြီးမှားမည်ဟု နိုင်ငံတကာကို NUG နိုင်ငံခြားရေးဝန်ကြီး သတိပေး

မတရားဖမ်းဆီးထိန်းသိမ်းခံရသူ အနည်းငယ်မျှကို ပြန်လွှတ်ပေးရုံဖြင့် စစ်ကောင်စီကို ပြောင်းလဲလာပြီဟု တွက်ဆပါက အမှားကြီးမှားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က နိုင်ငံတကာသို့ သတင်းစကားပါးသည်။

အကြမ်းဖက်စစ်ကောင်စီက ယမန်နေ့(နိုဝင်ဘာ ၁၇ ရက်)တွင် အကျဥ်းသား ၅၇၇၄ ဦးကို လွတ်ငြိမ်း ချမ်းသာခွင့်ပေးခဲ့သည့်အပေါ် အာဆီယံအပါအဝင် နိုင်ငံအချို့၏ တုန့်ပြန်မှုများနှင့် ပတ်သက်၍ ဝန်ကြီးဒေါ်ဇင်မာအောင်က မှတ်ချက်ပြုခြင်းဖြစ်သည်။

“(စစ်ကောင်စီဟာ)သူ့အပေါ်ဖိအားများလာရင် လုပ်လေ့ လုပ်ထ ရှိတဲ့ အကြမ်းဖက်အာဏာရှင်ရဲ့ အလေ့အထဟောင်း တခုပါပဲ ။ hostage diplomacy(ဓားစားခံသံခင်းတမန်ခင်း) ကျင့်သုံးနေတာပါ။ နိုင်ငံ့ခေါင်းဆောင်တွေကိုလည်း သူတို့ ပြန်ပေးဆွဲသလို လုပ်ထားတာပဲ တကယ်က” ဟု NUG နိုင်ငံခြားရေးဝန်ကြီးက ပြောသည်။

စစ်ကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးအပြီးတွင် အာဆီယံအထူးကိုယ်စားလှယ်က ၎င်း၏ တတိယအကြိမ်မြောက် မြန်မာနိုင်ငံခရီးစဥ်ကို စီစဥ်နေကြောင်း ကြေညာလိုက်ပြီး ထင်ရှား သည့်နိုင်ငံရေးအကျဥ်းသားအချို့အပါအဝင် ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့သည့်အပေါ် ကြိုဆိုကြောင်း ထုတ်ပြန်ခဲ့သည်။

အာဆီယံအထူးကိုယ်စားလှယ်၏ မြန်မာနိုင်ငံခရီးစဥ်မှာ ၎င်း၏ လုပ်ပိုင်ခွင့်တာ၀န်(mandate)ထဲမှ လုပ်ဆောင်ခြင်းဖြစ်သည်ဟု နားလည်သော်လည်း အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး၏ ကြေညာချက်ထဲတွင် ပါဝင်သော အခြားအချက်များမှာ အကောင်းမြင်လွန်းသည်ဟု ယူဆကြောင်း ဝန်ကြီး ဒေါ်ဇင်မာအောင်က မှတ်ချက်ပြုသည်။

“မတရား ဖမ်းဆီးထိမ်းသိမ်းခံထားရသူ အနည်းငယ်မျှကို ပြန်လွှတ်ပေးရုံနဲ့ စကစ က ပြောင်းလဲလာပြီလို့ တွက်မယ်ဆိုရင်တော့ အမှားကြီး မှားပါလိမ့်မယ်” ဟု ၎င်းက ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီသည် စည်းကမ်းသတ်မှတ်ချက်များဖြင့် အကျဥ်းသား ၅၇၇၄ ဦးကို အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်အဖြစ် ပြန်လွှတ်ပေးခဲ့ရာ ယင်းအနက် နိုင်ငံရေး အကျဥ်းသားမှာ ၇၂ ဦးသာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ထုတ်ပြန်သည်။ AAPP က ယနေ့ညနေပိုင်းအထိ မှတ်တမ်းတင်လေ့လာ ပြုစုထားသည့် စာရင်းကို ထုတ်ပြန်ခြင်းဖြစ်သည်။

အသက်နှင့်ခန္ဓာမြဲလျက် ပြန်လည်လွတ်မြောက်လာခဲ့ကြသော နိုင်ငံရေးအကျဉ်းသားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝမ်းမြောက်မိကြောင်း ယနေ့ ထုတ်ပြန်သည်။

သို့ရာတွင် ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားများ အားလုံးသည် မတရားဖမ်းဆီးချုပ်နှောင်ခံခဲ့ကြရသူများဖြစ်ခြင်း၊ မတရားဖမ်းဆီးခံထားရပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးသူများစွာ ကျန်ရှိနေခြင်း၊ ပြန်လည်လွတ်မြောက်လာခြင်းမရှိတော့ဘဲ စစ်ကြောရေးတွင် ကျဆုံးခဲ့ရသူများ၊ ထောင်တွင်း သတ်ဖြတ်ခံရသူများ ရှိခဲ့ခြင်း၊ တော်လှန်ရေးကာလတစ်လျှောက် အသက်သွေးချွေးများရင်းနှီးပေးဆပ်ခဲ့ကြသူများစွာရှိနေခြင်း စသည့်အချက်တို့ကို အမှတ်ရနေရမည်ဖြစ်ကာ ထိုကဲ့သို့သော မတရားမှုများ အားလုံးအတွက် တရားမျှတမှုကို ပြန်လည်ရရှိစေရေးကို NUG က တစိုက်မတ်မတ် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

You May Also Like

သတင်း

အကြမ်းဖက်စစ်အုပ်စု၏ မတရားဖမ်းဆီးချုပ် နှောင်ခြင်းခံထားရသော နိုင်ငံရေးအကျဉ်းသားအချို့ ပြန်လည်လွတ်မြောက်လာမှု နှင့် ပတ်သက်သည့် NUG၏ ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

ဒေသတွင်းတိုက်ပွဲများ ပြင်းထန်လာနိုင်ခြေရှိပြီး စစ်ကောင်စီကလည်း လက်နက်ကြီးများဆက်တိုက်ပစ်နေ၍ မိဘပြည်သူများ လက်နက်ကြီး အကာအကွယ်ရှိသော နေရာများအထိ ကြိုတင်တိမ်းရှောင်ကြရန် KSO က သတိပေးထားသည်။

သတင်း

မဟာမိတ်အဖွဲ့များနှင့်အတူ စစ်အာဏာရှင် အမြစ်ပြုတ်သည်အထိ တိုက်ခိုက်သွားမည်ဖြစ်ပြီး ပြည်သူများပူးပေါင်းပါဝင်ပေးကြရန် ဗိဿနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

သတင်း

လွတ်မြောက်လာသူဦးရေ အတိအကျနဲ့ အမည်စာရင်း ချက်ချင်းရဖို့ လက်လှမ်းမမီနိုင်တဲ့အတွက် အတည်ပြုနိုင်မယ့်စာရင်းတွေကိုဆက်လက်အသိပေးသွားမယ်လို့လည်း AAPP က ပြောပါတယ်။