Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ(နမခ)မှထွက်လာသော မိုင်းရှာစစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်

တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်​ဆောင်သွားသည်ဟုဆိုသည်။

မုံရွာ-မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj
မုံရွာ-မန္တလေးလမ်းပိုင်းတွင် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်များအား တွေ့ရစဥ်၊ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းတွင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှ မိုင်းရှင်းထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force (အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မုံရွာ)၏ တာဝန်ခံက ပြောသည်။

ယနေ့(နိုဝင်ဘာ ၁၉ရက်)နံနက်၉နာရီမှ ၉နာရီခွဲကြားတွင် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(မုံရွာ-န.မ.ခ)မှ မုံရွာ-ချောင်းဦး လမ်းပိုင်းသို့ မိုင်းရှင်းလင်းရေး လုပ်ရန်လာသောစစ်ကောင်စီစစ်ကြောင်းအား မင်းရွာကျေးရွာအရောက်တွင် ပဒေသာမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa Peregrine People’s Defence Force အဖွဲ့တာဝန်ခံက ပြောသည်။

“စစ်ကိုင်းက ​ွေးကား၁၀စင်း လာမယ်ပြောတယ်။အဲ့အတွက်မိုင်းရှင်းတာဖြစ်မှာ။ ​အင်အားကတော့ ခြေလျင်စုစုပေါင်းက၃၀ကျော်လောက်နဲ့ သံပြားကာ ကားနှစ်စီး စုစုပေါင်း အင်အားက၅၀ ကျော်၆၀ အနည်းဆုံးရှိမယ်ဗျ။”ဟု Monywa Peregrine People’s Defence Force အဖွဲ့တာဝန်ခံက ပြောသည်။

တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်​ဆောင်သွားသည်ဟုဆိုသည်။

အဆိုပါ စစ်ဆင်ရေးအား Monywa Peregrine PDF၊ ဒေါင်းညီနောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ GenerationZ People’s Defence Forces Monywa၊ လင်းယုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ Genration Z People Defence Force၊ မုံရွာခရိုင်တပ်ရင်း-၁ MPDF ပ.က.ဖအဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

မုံရွာ-မန္တလေးလမ်းပိုင်းနှင့် မုံရွာ-ချောင်းဦး-ပခုက္ကူလမ်းပိုင်းများအား ယနေ့နံနက်ပိုင်းကစတင်ကာ သွားလာခြင်းမပြုရန် ဒေသတွင်း PDFများက သတိပေးထားသည်။

You May Also Like

သတင်း

ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၊ မုံရွာ - ချောင်းဦး - ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်‌ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။

သတင်း

မိုင်းဆွဲတိုက်ခိုက်အပြီးတွင် စစ်အုပ်စုက ရမ်းသမ်းပစ်ခတ်ခဲ့ပြီး ကံတော်ရွာမှ ဒေသခံပြည်သူ ၃၀ ကျော် ဖမ်းဆီးသွားကြောင်း မြိုင်(ပကဖ)အဖွဲ့ ခေါင်းဆောင် ကိုလက်ယျာက ပြောသည်။

သတင်း

AAPP မှ စောင့်ကြည့်လေ့လာမှတ်တမ်းအရ ယနေ့ ညနေပိုင်းအထိ ပြန်လည်လွတ်မြောက်လာသော နိုင်ငံရေးအကျဥ်းသား ၇၂ ဦးကိုသာ မှတ်တမ်းပြုထားနိုင်ကြောင်း ဖော်ပြသည်။

သတင်း

နိုဝင်ဘာ၁၆ရက်နံနက်ပိုင်းကလည်း မြင်းမူမြို့နယ်၊ဝါစက်ဝင်း၌ ကင်ပုန်းဝပ်နေသည့် စစ်အုပ်စုကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများရှိခဲ့သည်။