Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် ကင်းထောက်လေယာဉ်သရက်​ချောင်းမြို့နယ်တွင်ပျက်ကျ

မြိတ်လေတပ်စခန်းမှ တက်လာသည့် အဆိုပါ စစ်ကောင်စီလေယာဉ်ငယ် ၅ စီးသည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊လောင်းလုံနှင့်ရေဖြူမြို့နယ်များရှိ PDF စခန်းကို ကင်းထောက်ရန် နိုဝင်ဘာ ၁၉ ရက်မနက်၈နာရီက စတင်ထွက်လာခဲ့ခြင်းဖြစ်သည်။

(ပျက်ကျခဲ့​သော စစ်​ကောင်စီတပ်၏ ကင်း​ထောက်​လေယာဥ်။ ။ဓါတ်ပုံ-DWC)
(ပျက်ကျခဲ့​သော စစ်​ကောင်စီတပ်၏ ကင်း​ထောက်​လေယာဥ်။ ။ဓါတ်ပုံ-DWC)

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်တွင်စစ်ကောင်စီတပ်၏ ကင်းထောက်လေယာဉ်တစ်စီး စက်ချို့ယွင်းပြီး ပျက်ကျခဲ့ကြောင်း ဒေသခံများနှင့် ​​ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မှထံမှ သိရသည်။

မြိတ်မြို့မှထားဝယ်မြို့ဘက်ရှိဒေသခံကာကွယ်ရေးတပ်များ၏ စခန်းများကို ကင်းထောက်ရန်လေယာဉ်ငယ် ၅စီးပျံသန်းလာပြီး နိုဝင်ဘာ ၁၉ ရက် မနက် ၉နာရီခန့်က သရက်ချောင်းမြို့နယ်၊ ကျွဲစပ်ရွာအနီးလယ်ကွင်းထဲသို့ကင်း​ထောက်လေယာဉ်တစ်စီးပျက်ကျခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်​တွေ့ရှိသူများကပြောသည်။

လေယာဉ်ပျက်ကျပြီးနောက်စစ်ကောင်စီတပ်သားများ ကျွဲစပ်ရွာထဲကိုရောက်ရှိလာပြီး စစ်ဆေးမှုများပြုလုပ်ခဲ့သည်ဟု ဒေသခံများကပြောသည်။

မြိတ်လေတပ်စခန်းမှ တက်လာသည့် အဆိုပါ စစ်ကောင်စီလေယာဉ်ငယ် ၅ စီးသည် ထားဝယ်ခရိုင်အတွင်းရှိ ထားဝယ်၊ သရက်ချောင်း၊လောင်းလုံနှင့်ရေဖြူမြို့နယ်များရှိ PDF စခန်းကို ကင်းထောက်ရန် နိုဝင်ဘာ ၁၉ ရက်မနက်၈နာရီက စတင်ထွက်လာခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က PDFများကို တိုက်ခိုက်ရန်တနင်္သာရီတိုင်းတွင် ပထမဦးဆုံးအကြိမ်လေကြောင်းသုံးခြင်းဖြစ်သည်ဟု ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။

“အဓိက PDFစခန်းတွေနဲ့ ရေဆိပ်တွေကို ကင်းထောက်ဖို့ ပါ”ဟု ၎င်းက​ဆက်​ပြောသည်။

စစ်ကောင်စီအသုံးပြုသည့် အဆိုပါကင်းထောက်လေယာဉ်သည် ဟောင်းနွမ်းနေပြီဖြစ်ကြောင်း ဒေသခံအချို့က​ပြောသည်။

“လေယာဉ်က တော်တော်စုတ်နေပြီပါ၊ ထမင်းချက်နေရင်း ပျက်ကျတဲ့ အသံကိုကြားလိုက်ရတယ်။ လူတွေ ထိခိုက်မှုမရှိဘူးလို့ ကြားတယ်”ဟု ထားဝယ်မြို့ခံတစ်ဦးကပြောသည်။

ပျောက်ကြားစနစ်ဖြင့်တော်လှန်ရေးအားကောင်းနေသည့် တနင်္သာရီတိုင်းတွင် စစ်ကောင်စီတပ်က ရေတပ်ကို အသုံးပြုတိူက်ခိုက်ခဲ့ရာမှယခုအကြိမ်လေတပ်ကိုပထမဦးဆုံးအကြိမ်အသုံးပြုလာခြင်းဖြစ်သည်။

You May Also Like

သတင်း

မိုင်းပေါက်ကွဲမှုကြောင့် စခန်းအတွင်းရှိ စစ်အုပ်စုက ဆက်တိုက်ပစ်ခတ်ပြီး ရှေ့တက်လာခဲ့ရာ မိုင်းကွင်းအတွင်း ရောက်လာ၍ အဝေးထိန်းမိုင်းသုံးလုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ၁၈ ရက်)က စစ်ကောင်စီတပ် သည် စစ်ကိုင်းမြို့နယ် တောင်ရင်းရွာအား မီးရှို့ဖျတ်ဆီးခဲ့ရာ အိမ်ခြေထောင်ချီရှိသည့်အနက် သုံးပုံနှစ်ပုံ ရာဂဏန်းခန့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသခံများက ​ပြောသည်။

သတင်း

KNDF တပ်ရင်း (၁ ၊ ၇)နှင့် (၉)တို့ပူးပေါင်းပြီး စနိုက်ပါဖြင့် စစ်ကောင်စီတပ်သားနှစ်ဦးကို ယခုလ ၁၇ရက် က ရှင်းလင်းခဲ့ခြင်းဟု ဆိုသည်။