Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့် SKY KTVတွင်သီချင်းဆို​နေ​​​သောစစ်​သားများပစ်ခတ်ခံရပြီးဗိုလ်ကြီး ၂ဦးအပါအဝင်၅ ဦး​သေ ၃ဦးဒဏ်ရာရ

တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

(ဖားကန့်ရှိ SKY KTV ကိုတွေ့ရစဥ်)
(ဖားကန့်ရှိ SKY KTV ကိုတွေ့ရစဥ်)

ဖားကန့်တွင်ယနေ့နံနက်အစောပိုင်းကSKY KTVတွင် အရပ်ဝတ်ဖြင့် သီချင်းဆိုနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို KIA၊PDF ပူးပေါင်းတပ်ဖွဲ့ကယ​နေ့ နံနက် ၇ နာရီခန့်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဗိုလ်ကြီးနှစ်ဦးအပါအဝင် ငါးဦး ပွဲချင်းပြီးသေဆုံးပြီး သုံးဦးဒဏ်ရာအပြင်းအထန်ရသွားသည်။

“KTVအခန်းထဲကိုလက်ပစ်ဗုံးပစ်သွင်းပြီးတိုက်တာ။ပြီးတော့ ဝင်ပစ်တာ။အခန်းထဲမှာရှစ်ယောက်ရှိတယ်။ဗိုလ်ကြီးနှစ်ယောက်နဲ့ တပ်သားသုံးယောက်သေတယ်။ သုံးယောက်က အရေးပေါ်ရောက်သွားပြီ” ဟု ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးက People’s Spring သို့ပြောသည်။

အထက်ပါ ဖြသ်ရပ်သည် ဖားကန့်မြို့၊ မှော်ဆီဇာကျေးရွာရှိ Sky KTV တွင် ယနေ့(နိုဝင်ဘာလ ၁၉ရက်)နံနက် ၇ နာရီခန့်ကဖြစ်ခဲ့သည်။

” စစ်ခွေးတွေက မနက်လင်းတဲ့အထိမပြန်သေးဘဲသောင်းကျန်းနေတာ။ဖားကန့်ကိုပေါ့တွက်တာ။ဒီပွဲကတော့မြိန်တယ်။အကောင်ကြီးတွေပါသေလို့ကျေနပ်တယ်”ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ယနေ့နေ့လည် ၂ နာရီတွင် ထပ်မံသိရသော သတင်းအရ ဒဏ်ရာရ သုံးဦးအနက် နှစ်ဦးထပ်မံသေဆုံးသွားသည်ဟု သတင်းရရှိသည်။

“နှစ်ကောင်ထပ်သေတယ်ကြားတယ်။ အတည်တော့မပြုနိုင်သေးဘူး” ဟုစစ်အာဏာရှင်တော်လှန်ရေးလှုပ်ရှားနေသော ဖားကန့်မြို့ခံတစ်ဦးကပြောသည်။

တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

You May Also Like

သတင်း

AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

အဲဒီနိုင်ကျဉ်းဟာ CDM ဝန်ထမ်းဖြစ်ပြီး အင်းစိန်ထောင်ကနေ ထောင်ရွှေ့ခံရသူဖြစ်တယ်လို့ ထောင်တွင်းကပေးပို့လာတဲ့ စာမှာတွေ့ရပါတယ်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်အရ ယမန်နေ့ (နိုဝင်ဘာ ၁၈ ရက်) နံနက်ပိုင်းကစ၍ အင်းတော်မြို့၏ မြောက်ဘက် ခြမ်းတွင် တစ်နေကုန်နီးပါးတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ယနေ့ (နိုဝင်ဘာ ၁၉ ရက်)တွင် ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်တွင် KIA ၊ PDF ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ် စစ်ရေးတင်းမာနေသည်။ ယမန်နေ့ ညနေနှင့်ညဘက်တွင် ဖားကန့်၊ မန်စီမြို့နယ်တို့၌ တိုက်ပွဲများဖြစ်ခဲ့သည်။သို့သော် နောက်ဆက်တွဲ ထိခိုက်မှုကို မသိရသေးပေ။