Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခက်ခဲနေသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း အောင်လအန်ဆန် သတင်းစကားပါး

အောင်လအန်ဆန်သည် ယနေ့ည စင်ကာပူနိုင်ငံတွင် ကျင်းပသည့် One Championship MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဂျပန်ဖိုက်တာ အိုကာမီနှင့် ထိုးသတ်ခဲ့ပြီး ပွဲအစ ၂ မိနစ်အတွင်း ၎င်း၏ ဒူးတိုက်ချက်၊ လက်သီးချက်များဖြင့် အိုကာမီကို အလဲထိုး အနိုင်ရခဲ့သည်။

ခက်ခဲနေသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း အောင်လအန်ဆန် သတင်းစကားပါး
ခက်ခဲနေသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း အောင်လအန်ဆန် သတင်းစကားပါး

▪︎အကြမ်းဖက်စစ်အုပ်စုကြောင့်​နေ့စဥ်စိတ်ဒုက္ခ​ရောက်​နေ​သောပြည်သူများအတွက်​ပျော်ရွှင်ဖွယ်အခိုက်အတန့်ဖြစ်​စေပြီး၊​ယ​နေ့ည​အောင်ပွဲနှင့်အတူတော်လှန်​ရေးခရီး၏​အောင်မြင်​သော​နေ့အမြန်ဆုံး​ရောက်လာ​တော့မည်ဟုNUGယာယီသမ္မတ​ပြော

မြန်မာ MMAဖိုက်တာ အောင်လအန်ဆန်သည် ယနေ့ည တွင်ဂျပန်ဖိုက်တာအိုကာမီကိုအနိုင်ရပြီးနောက် အခက်အခဲ ကြုံနေရသည့် မြန်မာပြည်သူများအတွက် ဆုတောင်းပေးနေကြောင်း ဖွင့်ဟပြောကြားလိုက်သည်။

“ မြန်မာအတွက်ပြောစရာရှိပါ​တယ်။မြန်မာပြည်သူတွေ အတွက် ကျွန်တော် ဆုတောင်းပေးနေပါတယ်။ ပြီးခဲ့တဲ့ ၂ နှစ်ဟာ မြန်မာပြည်သူ​တွေအတွက် အရမ်းခက်ခဲပါတယ်။မြန်မာနိုင်ငံအတွက်အရမ်းခက်ခဲပါတယ်။ ခင်ဗျာတို့ကို ကျွန်​တော်သိ​စေချင်ပါတယ်။ ကျွန်​​တော်ဆက်ပြီးဆု​​​တောင်း​ပေး​နေပါတယ်။ဘုရားသခင်က ငြိမ်းချမ်းမှုပေးနိုင်လိမ့်မယ်လို့လည်း ကျွန်တော်ယုံကြည်ပါတယ် “ ဟု အောင်လအန်ဆန်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

NUG ယာယီသမ္မတဒူဝါလရှီလက ​အောင်လအင်ဆန်အနိုင်ရရှိမှုအ​ပေါ် ဂုဏ်ပြုခဲ့သည်။

“မြန်မာ့ဂုဏ်ဆောင် အောင်လ အင်ဆန် (Nsang Awng La) အနိုင်ရရှိလို့ ဂုဏ်ယူမိပါတယ်။အကြမ်းဖက်အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိနှိပ်သတ်ဖြတ်ဖမ်းဆီးမှုများကြောင့်နေ့စဥ်စိတ်ဒုက္ခရောက်နေသည့် ပြည်သူလူထုအတွက် ဝမ်းမြောက်ပျော်ရွင်ဖွယ် အခိုက်အတန့် တရပ် ဖြစ်စေပါတယ်။ယနေ့ည အောင်မြင်မှု ရလဒ်နှင့်အတူ မြန်မာပြည်တစ်ရပ်လုံးလည်း အာဏာရှင်တော်လှန်ရေး ခရီး အောင်မြင်သည့် နေ့ရက်တစ်ရက် အမြန်ဆုံး ရောက်လာတော့မှာဖြစ်ပါတယ်”ဟု​ယာယီသမ္မတက​ရေးသားဂုဏ်ပြုခဲ့သည်။

KIO/KIA မှ ​ခေါင်း​ဆောင်တစ်ဦးဖြစ်​သော ဗိုလ်ချုပ်ဂွန်​မော်ကလည်း” Rai Sa Looooooo. အရင်ပွဲတွေအားလုံးထက်ရင်ခုန်စွာစောင့်ကြည့်ခဲ့ရပါတယ်။”ဟု​ရေးသားဂုဏ်ပြုခဲ့သည်။

အောင်လအန်ဆန်သည် ယနေ့ည စင်ကာပူနိုင်ငံတွင် ကျင်းပသည့် One Championship MMA မစ်ဒယ်ဝိတ်တန်း စိန်ခေါ်ပွဲတွင် ဂျပန်ဖိုက်တာ အိုကာမီနှင့် ထိုးသတ်ခဲ့ပြီး ပွဲအစ ၂ မိနစ်အတွင်း ၎င်း၏ ဒူးတိုက်ချက်၊ လက်သီးချက်များဖြင့် အိုကာမီကို အလဲထိုး အနိုင်ရခဲ့သည်။

ယင်းပွဲစဉ်တွင် အနိုင်ရခဲ့သည့် အတွက် အောင်လအန်ဆန်သည် လာမည့်ပြိုင်ပွဲတွင် Ome Championship MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ပြန်လည်စိန်ခေါ် ထိုးသတ်ခွင့် ရရှိမည်လည်း ဖြစ်သည်။

You May Also Like

သတင်း

သံအမတ်ကြီးသည် လုံခြုံရေးကောင်စီကို အဆိုပါသက်သေအထောက်အထားများကို အသုံးပြုကာ နိုင်ငံတကာရာဇဝတ်ခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိမ်ဖန်များစွာ တောင်းဆိုခဲ့ပြီးလည်း ဖြစ်သည်။

သတင်း

NUG သည် အာဆီယံသဘောတူညီချက် (၅)​ရပ်ကို ကြိုဆိုပြီး အခွင့်အလမ်းပေးခဲ့သော်လည်း လပေါင်း ( ၂၀ ) ကြာမြင့်လာသည်အထိ တိုးတက်မှု မရှိခဲ့သည့်အတွက် အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို ပြန်လည်သုံးသပ်ပြီး စွန့်လွှတ်ရန် လိုအပ်ကြောင်း အာဆီယံကို တိုက်တွန်းသည်။

သတင်း

စစ်တပ်၏ လူမဆန်သော တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသူများ၊ မိသားစုဝင်များ၊ ကချင်တိုင်းရင်းသားပြည်သူများနှင့်အတူ ထပ်တူ ဝမ်းနည်းကြေကွဲရကြောင်းနှင့် အရပ်သားပြည်သူများအပေါ် အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ ပစ်မှတ်ထား တိုက်ခိုက်ခဲ့မှုများအပေါ် ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ဖော်ပြသည်။

သတင်း

မြန်မာစစ်တပ်သည် ၎င်းတို့ ဆောင်ရွက်ခဲ့သည် ဓာတုလက်နက်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှု လုံးဝမရှိခဲ့ဖူးကြောင်းနှင့် နျူကလီးယားလက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးကိစ္စရပ်များတွင်လည်း ကောင်းမွန်သည့်မိတ်ဖက်မဖြစ်ခဲ့ဖူးကြောင်း ဆက်ပြောသည်။