Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးလမ်းပိုင်း၌ စစ်ကောင်စီ မိုင်းရှာအုပ်စုနှင့်ယာဥ်တန်းတိုက်ခိုက်ခံရပြီး သုံးဦးထက်မနည်းသေဟုဆို

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(CLDF၏ စစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)
(CLDF၏ စစ်ဆင်ရေးတစ်ခုအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းတွင် စစ်အုပ် စုခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဥ်တန်းအား မိုင်းခွဲတိုက်ခိုက်ရာ သုံးဦးထက်မနည်းသေဆုံးကြောင်း Chaung U Local Defence Force (CLDF) ပြန်ကြားရေးတာဝန်ခံက ပြောသည်။

စစ်ကောင်စီတပ်သည် ယနေ့(နိုဝင်ဘာ၁၉ ရက်) နံနက်ပိုင်းက မုံရွာ – မန္တလေးလမ်းပေါ်တွင် လမ်းကြောင်းရှိ၍ မိုင်းရှင်းလင်းရေး လုပ်ဆောင်ရန် ခြေလျင်ထွက်ခွာလာခဲ့သည်။

အဆိုပါ စစ်ကောင်စီတပ်ကို နံနက် ၁၀နာရီခန့်တွင် မုံရွာ – ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ အသင့်စောင့် ဆိုင်းကာ နှစ်လုံးတွဲ ပဒေသာမိုင်းဖြင့် မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDFပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယင်း စစ်ဆင်ရေးအား Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင် အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။

ယနေ့ညနေ ၃ နာရီခွဲခန့်ကလည်း မန္တလေး – မုံရွာ လမ်းမကြီးအတိုင်း မန္တလေးဘက်မှ မုံရွာမြို့ဘက်သို့ ထွက်ခွာလာသော စစ်ကောင်စီတပ်သားများလိုက်ပါလာသည့် မော်တော်ယာဉ်တန်းကို မုံရွာ -ချောင်းဦး လမ်းပိုင်းတစ်နေရာ၌ သုံးလုံးတွဲ (တစ်ဖက်ပွင့် နှစ်လုံး၊ ၃၆၀ ဒီဂရီ တစ်လုံး)ပဒေသာမိုင်းကို အသုံးပြု၍ မိုင်းခွဲတိုက်ခိုက်ခဲ့ကြောင်း CLDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဒီကနေ့ စစ်ဆင်ရေးတွေပါ။ ထပ်တိုးပွိုင့်တွေလည်း လာဖို့ရှိပါသေးတယ်။ မြေပြင်က တိကျတဲ့အချက်အလက် မပို့သေးတာကြောင့် မတင်ဖြစ်သေးတာပါဗျ။”ဟု CLDF ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ယနေ့နံနက်ပိုင်းနှင့် မွန်းလွဲပိုင်းကလည်း မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် မိုင်းရှာ ခြေလျင်စစ်ကြောင်းနှင့် စစ်ကောင်စီယာဥ်များအား ဒေသတွင်းPdfများက သုံးကြိမ်ထက်မနည်း တိုက်ခိုက် ခဲ့ကြသေးသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

သတင်း

AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

မိုင်းပေါက်ကွဲမှုကြောင့် စခန်းအတွင်းရှိ စစ်အုပ်စုက ဆက်တိုက်ပစ်ခတ်ပြီး ရှေ့တက်လာခဲ့ရာ မိုင်းကွင်းအတွင်း ရောက်လာ၍ အဝေးထိန်းမိုင်းသုံးလုံးဖြင့် ထပ်မံဖောက်ခွဲတိုက်ခိုက်ခဲ့သည်ဟု ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။