Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အင်းတော်တိုက်ပွဲ​​သေဆုံးခဲ့​သောတပ်ရင်းမှူးမှာမင်း​အောင်လှိုင် မိသားစုကိုယ်ရံ​တော်​လုပ်ခဲ့ဖူးပြီး အ​လောင်းကိုရဟတ်ယာဉ်ဖြင့်သယ်

နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

(အင်း​တော် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-IR)
(အင်း​တော် PDF တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-IR)

စစ်ကိုင်းတိုင်း အင်းတော်မြို့နယ်တွင် ယမန်နေ့က တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က တပ်ရင်းမှူး အပါအဝင် သေဆုံးသူ ၂၀ ကျော်ရှိခဲ့ပြီး ဒဏ်ရာရသူများလည်းရှိခဲ့ကြောင်း Indaw Revolution က ဖော်ပြသည်။

နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ တပ်ရင်းမှူး ၊နှစ်ပွင့်ဗိုလ် အပါအဝင် စစ်သား ၂၀ ကျော်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားရှိကြောင်း အသိပေးခဲ့ပြီး တပ်ရင်းမှူး ၏ အလောင်းကိုသာ အဝတ်စိမ်းပတ်၍ ယမန်​နေ့ ညနေပိုင်း၌ ရဟတ်ယာဉ်ဖြင့် မြစ်ကြီးနားသို့ သယ်သွားသည်ဟု သိရသည်။

“အင်းတော်မြို့နားမှာရှိတဲ့ ရိက္ခာကုန်းက အဲဒီ လက်နက်ကုန်းက တောထဲဘက်ကို လက်နက်ကြီးတွေနဲ့ပစ်နေတာ။ အဲဒီ စစ်ကြောင်းလည်း ရိက္ခာကုန်းနားမှာပဲ။မနေ့တုန်းက ရဟတ်ယာဉ်နဲ့အလောင်းသယ်သွားတယ်။ လုံခြုံရေးချပြီး ရဟတ်ယာဉ်နဲ့ သယ်သွားတာ။ ကျနော်တို့ သိတယ်ဆိုတာက အတွင်းလူ အတွင်းဖရဲသီးပေးတာ” ဟုအင်းတော်PDF ရဲဘော်တစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ဘက်မှ သေဆုံးခဲ့သည့် တပ်ရင်းမှူးမှာ ဟိုပင်မြို့ တကွင်းရွာမှ ထိန်လင်းစံဆိုသူဖြစ်သည်ဟုလည်းသိရသည်။

“သေတဲ့ တပ်ရင်းမှူးက မြစ်ကြီးနားအခြေစိုက်တပ်။သူ့ဇာတိက ဟိုပင်မြို့နယ် တကွင်းရွာက ။နာမည်က ထိန်လင်းစံ။သူက ပထမ မပခတိုင်းမှာနေတယ်၊ပြီးတော့ တရုတ်နယ်စပ်ကန်ပိုင်တီမှာ ဒုရင်းမှူးကိုင်တယ်၊ နောက်ကျ မင်းအောင် လှိုင်အိမ်မှာ မိသားစုလုံခြုံရေးကိုယ်ရံတော်အဖြစ်နဲ့ ရောက်သွားတာကြာပြီ အခုတပ်ရင်းမှူးအဖြစ်နဲ့အင်းတော်ပါလာတာ။မနေ့က ညနေပိုင်းကပဲ သူ့အလောင်းကို လေယာဥ်နဲ့ မြစ်ကြီးနားကို သယ်သွားခဲ့ရတယ်”ဟု IR တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

အထိနာခဲ့သော စစ်ကောင်စီစစ်ကြောင်းမှာ ဆက်လက် ထိုးစစ်ဆင်ခြင်းမရှိတော့ဘဲ ၎င်းတို့အထိုင် တပ်စွဲထားသည့် နေရာသို့ တပ်ဆုတ်ခဲ့ရကြောင်း လည်း သိရသည်။

အင်းတော်မြို့၏ အရှေ့မြောက်ဘက်တွင် အာဏာသိမ်းပြီးနောက်ပိုင်း ရိက္ခာကုန်းအဖြစ် တပ်စွဲထားသည့် စစ်ကောင်စီတပ်မှာ ယနေ့တွင် တိုက် ပွဲဖြစ်ပွားရာ နေရာများအနီးသို့ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုရှိနေကြောင်းလည်း IR က အသိပေးသည်။

“စစ်ရေးကတော့ တစ်နိုင်ငံလုံးအနေနဲ့ ပြင်းထန်လာနိုင်တယ်။ အင်းတော်မြို့အပါအဝင်ပေါ့။” ဟု အင်းတော် PDF ရဲဘော်က ပြောသည်။

You May Also Like

သတင်း

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

AA အနေဖြင့်လည်း စစ်ကောင်စီ၏ ဘူးသီးတောင်အခြေစိုက် စကခ(၁၅) တပ်မ ဌာနချုပ်အား လက်နက်ကြီးဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ကျဆုံးမှုမသိရသော်လည်း တပ်မ ဌာနချုပ် အတွင်း ထိမှန်ခဲ့ကြောင်း ဖော်ပြသည်။

သတင်း

တိုက်ခိုက်ခံရပြီးနောက် SKY KTV နှင့် မလှမ်းမကမ်းရှိ ဒေသအခေါ် ဖြူစင်တောင်တွင်နေထိုင်သူလူငယ်နှစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးသွားသည်ဟု သတင်းရရှိသည်။

သတင်း

အဲဒီနိုင်ကျဉ်းဟာ CDM ဝန်ထမ်းဖြစ်ပြီး အင်းစိန်ထောင်ကနေ ထောင်ရွှေ့ခံရသူဖြစ်တယ်လို့ ထောင်တွင်းကပေးပို့လာတဲ့ စာမှာတွေ့ရပါတယ်။