Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေးမှာ ပျုစောထီးအဖွဲ့ဝင် သတင်းပေးဆိုသူ ပစ်သတ်ခံရ

မနက်ပိုင်း ၇ နာရီဝန်းကျင် နေအိမ်ရှေ့က ရှမ်းခေါက်ဆွဲ ဆိုင်မှာ မနက်စာ စားနေချိန် သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခံလိုက်ရတာပါ။

မန္တလေးမှာ ပျုစောထီးအဖွဲ့ဝင် သတင်းပေးဆိုသူ ပစ်သတ်ခံရ
မန္တလေးမှာ ပျုစောထီးအဖွဲ့ဝင် သတင်းပေးဆိုသူ ပစ်သတ်ခံရ

မန္တလေး ၊ မဟာအောင်မြေမြို့နယ်ထဲမှာ ဒီနေ့မနက်ပိုင်း စစ်အုပ်စု ရဲ့သတင်းပေးဆိုသူ အသက် ၂၇ နှစ်အရွယ်အမျိုးသား ပစ်ခတ်ခံရလို့ သေဆုံးသွားပါတယ်။

မနက်ပိုင်း ၇ နာရီဝန်းကျင် နေအိမ်ရှေ့က ရှမ်းခေါက်ဆွဲ ဆိုင်မှာ မနက်စာ စားနေချိန် သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခံလိုက်ရတာပါ။

ပစ်ခတ်ခံရသူဟာ ကိုကျော်ဇင်ထက်ဆိုတဲ့အမျိုးသားဖြစ်ပြီး စစ်ကောင်စီ လက်အောက်ခံ ပျုစောထီး အဖွဲ့ဝင်ဖြစ်တယ်လို့ ပစ်ခတ်မှုကိုလုပ်ဆောင်ခဲ့တဲ့ မန္တလေးမြို့ပြပြောက်ကျား STF – MDY ကထုတ်ပြန်ထားပါတယ်။

သေဆုံးသူထံကနေ ငွေကျပ် ၄ သိန်း၊ လက်ထိပ် ၂ ခု ၊ ဖုန်း ၂ လုံး၊ လျှောတုတ် ၊ ခလုတ်ဓား တို့ကိုသိမ်းဆည်းရမိတယ်လို့လည်း ဆိုထားပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီယာဥ်တန်းအား ယမန်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြောင်လမ်းခွဲနှင့် အလ္လကပ္ပကြား၌ M2W ထုတ် ပဒေသာမိုင်း ၇လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ စီး​မြောက်ကားမှာ မိုင်းထိသွားခဲ့ကြောင်း CDSOMက အသိပေးသည်။

သတင်း

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီသင်တန်းပေးတဲ့ ပျုစောထီးသင်တန်းဆင်းထားသူဖြစ်တယ်လို့ သိရပြီး သေနတ်နဲ့ နှစ်ချက် ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။

သတင်း

ယနေ့(နိုဝင်ဘာ ၁၈)နံနက် ၉ နာရီကျော်က ပခုက္ကူမြို့ (၁၉)လမ်း၊ အမှတ် (၁၁)နေ ဦးရဲတင့်ဆိုသူကို လူတစ်စုက သေနတ်ဖြင့် သုံးချက်ပစ်ခတ် ခဲ့ရာ သေဆုံးသွားသည်ဟု ဆိုသည်။

သတင်း

အဲဒီ လမ်းကို ဒီမနက်ပိုင်း စစ်ကောင်စီ မန္တလေးတိုင်းဝန်ကြီးချုပ်ယာဉ်တန်းဖြတ်သန်းဖို့ရှိတဲ့အတွက် လုံခြုံရေးချထားတဲ့ကြားကနေ ပေါက်ကွဲမှုဖြစ်တာလို့သိရပါတယ်။