Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံဖြူဇရပ်နှင့် ရေးကြားတွင် စစ်ကောင်စီယာဉ်များကို သုံးကြိမ်တိုက်ခိုက်ခဲ့ဟု တောင်ညိုပြောက်ကျား တပ်အသိပေး

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်က ထုတ်ပြန်ထားရာ ယင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

Update News
Update News

▪️ကားပျက်စီးမှုရှိပြီး စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိဟု ဖော်ပြ

မွန်ပြည်နယ် သံဖြူဇရပ်မြို့နှင့် ရေးမြို့နယ်အကြားတွင် စစ်ကောင်စီတပ်ယာဉ်များကို ယမန်နေ့က သုံးကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု တောင်ညို ပြည်သူ့ပြောက်ကျားတပ်ဖွဲ့က ယနေ့ အသိပေးထုတ်ပြန်သည်။

နိုဝင်ဘာ ၁၉ရက် နံနက်ပိုင်းတွင် ရေးမြို့မှ သံဖြူဇရပ်မြို့သို့တက်လာသော စစ်ကောင်စီယာဉ်(၇)စီးအား ကွမ်ကြိုက်နှင့် ကနင်ကမော့ကျေးရွာကြားတွင် တောင်ညိုပြည်သူ့ပြောက် ကျား အဖွဲ့မှ ပထမအကြိမ် ခြုံခိုမိုင်းဆွဲပစ်ခတ် တိုက်ခိုက်ခဲ့ရာ နှစ်ဦးသေဆုံး၍ ဒဏ်ရာရသူများရှိခဲ့သည်ဟု ဖော်ပြသည်။

နေ့လည်ပိုင်းတွင်လည်း သံဖြူဇရပ်မြို့မှ လမ်းကင်း အဖြစ်လာသော စစ်ကောင်စီ၏ Double Cab ကားသေးတစ်စီးကို ဝဲခမီကျေးရွာအနီးတွင် ဒုတိယအကြိမ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ လေးဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အဆိုပါ ကားမှာပျက်စီးသွားကြောင်း ထုတ်ပြန်သည်။

ထို့အပြင် နေ့လည်ပိုင်း၌ပင် ရေးမြို့မှ သံဖြူဇရပ်သို့ တက်လာသော ယာဉ်ခုနစ်စီးအား ဘေးလမိုင်းရွာအနီးတွင် ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှနှစ်ဦးသေဆုံးပြီး နှစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်က ထုတ်ပြန်ထားရာ ယင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ယမန်နေ့ တိုက်ပွဲဖြစ်စဉ်များနှင့်ပတ်သက် ပြီး ဒေသတွင်းရှိ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူတစ်ဦးအားမေးမြန်းရာ ရေးနှင့် သံဖြူဇရပ်အကြား၌ တိုက်ပွဲဖြစ်ပွားမှုများကြောင်း၊ ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF)များ ပူးပေါင်းစစ်ရေးလှုပ်ရှားမှု ရှိကြောင်း ပြောကြားသည်။

“သတင်းကတော့ မကြာမကြာပဲလေ။ သံဖြူဇရပ်နဲ့ရေး ကြားမှာ တိုက်ပွဲတော်တော် များတယ်လို့ပဲပြောရမှာ။ ဖြစ်တာက များသောအားဖြင့် ကနင်ကမော့ မြောက်ဘက်ခြမ်းပေါ့။ ကနင်ကမော့နဲ့ ဝဲခမီ ကြားမှာ ဖြစ်တာများတယ်”ဟု အဆိုပါ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။

ယမန်နေ့တိုက်ခိုက်မှုဖြစ်စဉ်များ၌ တောင်ညိုပြည်သူ့ပြောက်ကျားတပ်ဖွဲ့မှ ထိခိုက်မှုမရှိဘဲ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့တာဝန်ရှိသူက ပြောသည်။စစ်ကောင်စီတပ်က မည်သည့်အတွက် စစ်ရေးလှုပ်ရှားလာသည်ကို မသိသော်လည်း အင်အားများကြောင်း ၎င်းက ဆိုသည်။

You May Also Like

သတင်း

ယမန်နေ့တွင် စစ်ကောင်စီတပ်က စစ်သုံးရဟတ် ယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များပို့ဆောင်လာကြောင်း၊ နိုဝင်ဘာ ၁၉ရက်ကလည်း အဆိုပါ တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။

သတင်း

ယနေ့(နိုဝင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သဗျားကျေးရွာဘက်မှ လောင်းလုံးမြို့ပေါ်သို့ လူငယ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်လာစဥ် စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

သတင်း

အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီအား လက်နက်များ ဖြန့်ဖြူးရောင်းချပြုလုပ်လျက်ရှိသည့် ကုမ္ပဏီများကို ပိတ်ဆို့ အရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂ၊ အာဆီယံနှင့် နိုင်ငံတကာအဖွဲ့အစည်းများသို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ယနေ့ထုတ်ပြန်တောင်းဆိုသည်။ အကြမ်းဖက်စစ်အုပ်စု၏ ရာဇဝတ်မှုများကို မျက်ကွယ်ပြုခြင်းသည် ရာဇဝတ်မှုများ ဆက်လက်ကျူးလွန်ရန် အားပေးရာရောက်သည်ဖြစ်၍ အားပေးထောက်ခံသည့် အပြုအမူမှန်သမျှကို မပြုလုပ်ကြရန် NUG က နိုင်ငံတကာကို...