Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးမြို့ပေါ်တွင် စစ်ကောင်စီတပ် ပစ်ခတ် ပစ်၍ ဆိုင်ကယ်စီးလာသူ လူငယ်နှစ်ဦးသေဆုံး၊ တစ်ဦးဖမ်းခံရပြီး တစ်ဦးကျည်ထိ

ယနေ့(နိုဝင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သဗျားကျေးရွာဘက်မှ လောင်းလုံးမြို့ပေါ်သို့ လူငယ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်လာစဥ် စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

လောင်းလုံးမြို့
လောင်းလုံးမြို့

တနင်္သာရီတိုင်း ထားဝယ်ခရိုင် လောင်းလုံးမြို့တွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ်လေးဦးကို စစ်ကောင်စီတပ်က ပစ်ခတ်၍ နှစ်ဦးသေဆုံးပြီး တစ်ဦးဖမ်းခံရကာ တစ်ဦးကျည်ထိမှန်ဒဏ်ရာရသွားကြောင်း ဒီမိုကရေစီအရေးလှုပ်ရှားမှုလူထုသပိတ် ကော်မတီ(ထားဝယ်ခရိုင်)က ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၀)နေ့လယ် ၂ နာရီခန့်က သဗျားကျေးရွာဘက်မှ လောင်းလုံးမြို့ပေါ်သို့ လူငယ်အမျိုးသားနှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့်လာစဥ် စစ်ကောင်စီတပ်က သေနတ်ဖြင့် အကြောင်းမဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပစ်ခတ်မှုကြောင့် တစ်ဦးသေဆုံးသွားပြီး ကျန်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု ဆိုသည်။

အလားတူ သဗျားကျေးရွာမှ အသက် (၁၄)နှစ်အရွယ် လူငယ်တစ်ဦးနှင့် ၎င်း၏နှမဖြစ်သူတို့ လောင်းလုံးမြို့ပေါ်သို့ ဆိုင်ကယ်ဖြင့် လာရောက်စဥ် မြို့အဝင်၌ စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့ပြီး အစ်ကိုဖြစ်သူသေဆုံးကာ နှစ်မဖြစ်သူ (၁၂)နှစ်အရွယ် အမျိုးသမီးငယ်မှာ ကျည်ထိမှန်ဒဏ်ရာရရှိသွားသည်ဟု သပိတ် ကော်မတီက ရှင်းပြသည်။

Public Service Announcement
Public Service Announcement

“ဖမ်းခံရတာက ပထမဆုံးလိုက်ပစ်ခံရတဲ့ နှစ်ယောက်ထဲက တစ်ယောက်ပါ။ ဖြစ်တာကတော့ တစ်နေရာတည်း။ ဒုတိယဖြစ်စဥ်က ကလေးမလေးကတော့ အခုအိမ်ပြန်ရောက်ပြီ။ ပစ်ခံရတာက မြို့အဝင်နားမှာ။ စစ်ဆေးရေးဂိတ်မရှိဘဲ အကြောင်းမဲ့ပစ်တာ”ဟု ဒီမိုကရေစီလှုပ်ရှားမှု သပိတ်ကော်မတီ(ထားဝယ်ခရိုင်)မှ ကော်မတီဝင်တစ်ဦးက ပြောသည်။

သပိတ်ကော်မတီအနေဖြင့် အကြမ်းဖက်စစ်ကောင်စီ၏ အခုလို မတရားပစ်ခတ်မှုကြောင့် အသက်သေဆုံးခဲ့ရသူများ၏ မိသားစုဝင်များနှင့်အတူ ထပ်တူဝမ်းနည်းကြောင်း ဖော်ပြထားပြီး အပြစ်မဲ့ပြည်သူများအပေါ် မတရားအနိုင်ကျင့် သတ်ဖြတ်မှုအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ထားသည်။

“ဒါက အပြစ်မဲ့ ပြည်သူတွေအပေါ် ပေါ်ပေါ်တင် တင် မတရားအနိုင်ကျင့်တာဗျ၊ ဒီကိစ္စတွေရဲ့ အဓိက တရားခံက စစ်ကောင်စီဖြစ်တယ်၊ စစ်ကောင်စီက ဒါတွေအကုန်လုံး တာဝန်ခံရမယ်”ဟု သပိတ်ကော်မတီက ဆိုသည်။

You May Also Like

သတင်း

ယမန်နေ့တွင် စစ်ကောင်စီတပ်က စစ်သုံးရဟတ် ယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များပို့ဆောင်လာကြောင်း၊ နိုဝင်ဘာ ၁၉ရက်ကလည်း အဆိုပါ တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။

နိုင်ငံတကာ

အခုနှစ်ဆန်းပိုင်းမှာ ရုရှားက ကျူးကျော်စစ်ပွဲ မစတင်လာခင်ထိ ဇာပေါ်ရစ်ဇီရာက နျူကလီးယား ဓာတ်အားပေး စက်ရုံဟာ ယူကရိန်း တစ်နိုင်ငံလုံးရဲ့ ၅ ပုံ ၁ ပုံလောက် အတိုင်းအတာကို လျှပ်စစ်မီး ဖြန့်ဝေပေးနေခဲ့ပါတယ်။

သတင်း

ယမန်နေ့ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး ဒဏ်ရာရသူများစွာရှိခဲ့ကြောင်း တောင်ညိုပြည်သူ့ပြောက်ကျားတပ်က ထုတ်ပြန်ထားရာ ယင်းနှင့်ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။