Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

က​လေး-တမူးလမ်းကို တစ်ပါတ်အတွင်းလုံးဝအသုံးမပြုရန် PDF သတိ​ပေး

စစ်ကောင်စီနှင့်စစ်ရေးပိုမိုတင်းမာလာ၍ကလေး-တမူးလမ်းမကြီးအား သွားလာခွင့် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု က​လေးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။အ​သေးစိပ်ကိုမူ မ​ပြောလို​သေးဟုဆက်​ပြောသည်။

က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-က​​လေး(PDF)
က​လေး PDF တပ်ဖွဲ့ဝင်အချို့ ။ဓါတ်ပုံ-က​​လေး(PDF)

ကလေး-တမူးလမ်းမကြီးအားယနေ့မှစ၍ (၇) ရက်အတွင်း ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် People’s Defence Force (Kalay) က ထပ်မံ၍ သတိပေးချက်ထုတ်ပြန်သည်။

စစ်ကောင်စီနှင့်စစ်ရေးပိုမိုတင်းမာလာ၍ကလေး-တမူးလမ်းမကြီးအား သွားလာခွင့် တားမြစ်လိုက်ခြင်းဖြစ်သည်ဟု က​လေးမြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။အ​သေးစိပ်ကိုမူ မ​ပြောလို​သေးဟုဆက်​ပြောသည်။

“ကလေးမြို့နယ်အတွင်းလက်ရှိစစ်ရေးဆက်လက်တင်းမာနေမှုအခြေအနေများအရ ကလေး-တမူး လမ်းမကြီးအား ထပ်မံ၍ ယခု ရက်သတ္တပတ် (၇) ရက်အတွင်း အများပြည်သူ မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြပါရန် မေတ္တာရပ်ခံထပ်မံသတိပေးအပ်ပါသည်။ သတိပေးချက်ကိုမလိုက်နာဘဲဖြတ်သန်းသွားလာခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သည့် လုံခြုံရေးအန္တရာယ်များနှင့်နောက်ဆက်တွဲအကျိုးဆက်များကို သတိပြုစေလိုပါသည်” ဟု က​လေးPDF၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တမူး-က​လေးလမ်းကို နိုဝင်ဘာ ၁၃ မှစ၍ ၁၉ အထိပထမတစ်ပါတ်ပိတ်ခဲ့ရာမှ ယခုတစ်ပါတ်ထပ်ပိတ်ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် ကား ၁၄ စီးခန့်ဖြင့်အိန္ဒိယနိုင်ငံ နယ်စပ်မှတစ်ဆင့် စစ်လက်နက်ပစ္စည်းများကို တမူးမြို့ ထိုမှကလေးမြို့ကို သယ်ဆောင်​နေခြင်းဖြစ်​ကြောင်း PDF(ကလေး) တပ်ရင်း-၃ မှ တာဝန်ရှိသူကပြောသည်။

Public Service Announcement
Public Service Announcement

“ရဟတ်ယာဉ်နဲ့သယ်လို့မနိုင်တဲ့ပစ္စည်းတွေ(စစ်လက်နက်)လို့ထင်မြင်ယူဆရပါတယ်ဗျ”ဟု ၎င်းကဆက်​ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၁၅ ရက်နေ့ကတည်းက အိန္ဒိယမှစစ်လက်နက်ပစ္စည်းများကို ကလေးမြို့ကို သယ်ယူရန် အရပ်သားကားများကို ဖမ်းဆီးပြီး သယ်ယူနေခြင်းဖြစ်သည်။

လက်ရှိတွင်စစ်ကောင်စီတပ်သည် တမူးမြို့နယ်အတွင်းရှိ ဝိတုတ်ရွာအနီးကို ရောက်ရှိနေပြီဖြစ်သည်ဟု PDF(ကလေး) တပ်ရင်း-၃ မှ တာဝန်ရှိသူကပြောသည်။

စစ်ကောင်စီတပ်သည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်းသယ်ယူရန်ကြိုးစားနေပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များကတားဆီးနိုင်ရန် ကြိုးစားနေသည်။ထို​ကြောင့် တမူး-က​လေး လမ်းပိုင်းတွင် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွား​နေသည်။

You May Also Like

သတင်း

နိုဝင်ဘာ ၁၅ ရက်က သရက်ချောင်းမြို့နယ် ဥတ္တူကျေးရွာတစ်နေရာတွင် လောင်းကစားဝိုင်းတစ်ခုအား သွားရောက်ဖမ်းဆီးခဲ့ရာ လောင်းကစားနေသည့်နေရာ၌ အမျိုးသား၊အမျိုးသမီး ၁၆ ဦးကို ဖမ်းဆီးရမိခဲ့သည်ဟု ဆိုသည်။

သတင်း

ယမန့်နေ့(နိုဝင်ဘာ ၁၅ ရက်) နံနက် ၁၀နာရီခန့်က စစ်ကောင်စီတပ်ဝင်းအတွင်းရှိ ကင်းစခန်းအထိ ဝင်ရောက်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီတပ်၏ လက်နက်ကြီးထိမှန်သဖြင့် PDF ဒု-တပ်စိပ်မှူးနှစ်ဦး ထိမှန်ကျဆုံးခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

သတင်း

"နည်းပညာပစ္စည်း မပြည့်စုံမှုများစွာနဲ့ စကစ ကိုတော်လှန်နေသော ရဲဘော်များအား လေးစား ဂုဏ်ယူနေပါတယ်။သွေးမအေးဘဲ သွေးကြွေးဆပ်ပါမယ်လို့ ရဲဘော်တို့ကို ကတိပေးပါတယ်။"ဟု ကောင်းကင်တော်လှန်ရေး အင်အားစုက အသိပေးသည်။

သတင်း

စစ်​ရေးတင်းမာကာ အချိန်မ​ရွေးတိုက်ပွဲဖြစ်ပွားနိုင်​သောအ​ခြေအ​နေ​ကြောင့် ကလေး-တမူးလမ်းမကြီးကိုတမူး PDF တပ်ရင်း( ၃)က နိုဝင်ဘာ ၁၂ ရက်မှစ၍ ၁၉ ရက်အထိ့ပိတ်ထားကြောင်းထုတ်ပြန်ထားသည်။