Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျိုက်မရော တောင်ကလေးရွာတွင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကပါပစ်နေ

တိုက်ပွဲကြောင့် မုဒုံ-တောင်ကလေး-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် သွားလာနေကြတဲ့ပြည်သူများအနေဖြင့် သတိပြုသွားလာနေကြရန် ဒေသခံများက အသိပေးထားသည်။

ကျိုက်မရော တောင်ကလေးရွာတွင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကပါပစ်နေ
ကျိုက်မရော တောင်ကလေးရွာတွင်တိုက်ပွဲဖြစ်နေပြီး လေကြောင်းကပါပစ်နေ

ကြာအင်းဆိပ်ကြီး – မုဒုံ ကားလမ်းမပေါ်ရှိ တောင်ကလေးကျေးရွာတွင် ယနေ့ နံနက်အစောပိုင်းက KNLA ပူးပေါင်းတပ်ဖွဲ့များနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် တောင်ကလေးကျေးရွာရှိ စစ်ကောင်စီ၏ရဲစခန်းအား ယနေ့ နိုဝင်ဘာလ (၂၁) ရက် နံနက်ငါးနာရီခန့်တွင် KNLA ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီဘက်က လေယာဉ်နှင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။

“တောင်ကလေးရွာ နောင်တဲလမ်းဆုံအနီးက ရဲစခန်းကို ဝင်ပစ်တာ၊ တိုက်ပွဲဖြစ်တယ်။ လေယာဉ်နဲ့လည်း လာပစ်တယ်၊ အခု အခြေအနေသိပ်မကောင်းဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

နှစ်ဖက်တိုက်ပွဲနှင့် စစ်ကောင်စီတပ်၏ လေကြောင်းပစ်ခတ်မှုများကြောင့် ထိခိုက်မှုအခြေအနေကိုတော့ လတ်တလောတွင် မသိရှိရသေးပဲ စုံစမ်းနေဆဲဖြစ်ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု သိရသည်။

တိုက်ပွဲကြောင့် မုဒုံ-တောင်ကလေး-ချောင်းနှစ်ခွ-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွင် သွားလာနေကြတဲ့ပြည်သူများအနေဖြင့် သတိပြုသွားလာနေကြရန် ဒေသခံများက အသိပေးထားသည်။

“တောင်ကလေးဘက်ကို လာမယ့်ကားများ ခရီးသည်များ ရောက်တဲ့နေရာကနေ ပြန်လှည့်ပေးကြပါ။ တစ်နာရီကျော်ရှိနေပြီ ပစ်ခတ်မှုတွေ မပြီးသေးပါ” ဟု ဒေသခံတစ်ဦးက ၎င်း၏လူမှုကွန်ယက်တွင် ရေးသားထားစည်။

ထို့အတူ ကြာအင်းဆိပ်ကြီးမြို့နယ် တံခွန်တိုင်ကျေးရွာအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ရဲစခန်းတွင်လည်း လက်နက်ကြီးရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်နေသည်ဟု ဒေသခံများထံမှ ကြားသိရသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၂)ရက်တွင်လည်း ကြာအင်းဆိပ်ကြီး-မုဒုံ ကားလမ်းပေါ်တွင်ရှိသော စစ်ကောင်စီ၏ ချောင်းနှစ်ခွနယ်မြေရဲစခန်းအား KNLA ပူးပေါင်းတပ်ဖွဲ့များမှ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင်သုံးဦးသေဆုံး (၄)ဦးအဖမ်းခံခဲ့ရကာ တိုက်ပွဲဖြစ်စဉ်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သည်။

You May Also Like

သတင်း

ထို့အပြင် စစ်ကောင်စီတပ်က အမြောက်တင် သံချပ်ကာ နှစ်စီးဖြင့် ကျိုက်မရောမြို့နယ်ကြံတောကျေးရွာကြာအင်းကွေ့၌ အထိုင်ချ၍ပတ်ပတ်လည် ကျေးရွာများအတွင်းပစ်ခက်နေသည်ဟု ကြာအင်းဆိပ်ကြီး မြို့နယ်ပအဖကထုတ်ပြန်သည်။

သတင်း

ယမန်နေ့တွင် စစ်ကောင်စီတပ်က စစ်သုံးရဟတ် ယာဉ်ဖြင့် စားနပ်ရိက္ခာနှင့် လက်နက်များပို့ဆောင်လာကြောင်း၊ နိုဝင်ဘာ ၁၉ရက်ကလည်း အဆိုပါ တပ်စခန်းသို့ ရဟတ်ယာဉ်ဖြင့် စစ်အင်အား ဖြည့်တင်းခဲ့ကြောင်း CNDF၏ မိခင်အဖွဲ့အစည်း ချင်းအမျိုးသားအဖွဲ့ချုပ်(CNO)က ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းအင်အား အလုံးအရင်း အသုံးပြုတုံ့ပြန်လာသော်လည်း စခန်းသိမ်းပိုက်နိုင်ရေး ဆက်လက်ကြိုးပမ်းမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

သတင်း

နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။