Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လောင်းလုံးမြို့မှာဆိုင်ကယ်စီးလူငယ်အချို့ကို စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့် ၂ ဦးသေဆုံး

မနေ့က နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်ကိုယ်စီ စီးလာတဲ့ လူငယ်နှစ်ဦးကို လောင်းလုံးမြို့ ဆေးရုံအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်သေဆုံးသွားသူ မောင်အောင်ဝေယံ ဓာတ်ပုံ − Democracy Movement Strike Committee-Dawei
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်သေဆုံးသွားသူ မောင်အောင်ဝေယံ ဓာတ်ပုံ − Democracy Movement Strike Committee-Dawei

တနင်္သာရီတိုင်း ၊ ထားဝယ်ခရိုင် ၊လောင်းလုံးမြို့ပေါ်မှာ ဆိုင်ကယ်စီး လူငယ်အချို့ကိုစစ်ကောင်စီတပ်မနေ့က ပစ်ခတ်ရာ နှစ်ဦးသေဆုံးပြီး တစ်ဦး ဖမ်းဆီးခံထားရတယ်လို့သိရပါတယ်။

မနေ့က နေ့လယ် ၂ နာရီခန့်က ဆိုင်ကယ်ကိုယ်စီ စီးလာတဲ့ လူငယ်နှစ်ဦးကို လောင်းလုံးမြို့ ဆေးရုံအနီးမှာ စစ်ဆေးရေးလုပ်နေတဲ့ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။

ပစ်ခတ်မှုကြောင့်လူငယ် တစ်ဦး ကျည်ထိမှန်သေဆုံးသွားပြီး ကျန်တစ်ဦးကိုလည်း စစ်ကောင်စီတပ်သားတွေ ရိုက်နှက်ဖမ်းဆီးသွားတယ်လို့ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ဆီကသိရပါတယ်။

စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်သေဆုံးသွားသူ မောင်အောင်ဝေယံ ဓာတ်ပုံ − Democracy Movement Strike Committee-Dawei
စစ်ကောင်စီတပ်ပစ်ခတ်မှုကြောင့်သေဆုံးသွားသူ မောင်အောင်ဝေယံ ဓာတ်ပုံ − Democracy Movement Strike Committee-Dawei

စစ်ကောင်စီတပ်ဟာ လူငယ် ၂ ဦးကို “အကြောင်းမဲ့ပစ်ခတ်တာ” လို့ သပိတ်ကော်မတီက ဆိုထားပါတယ်။

အဲဒီလူငယ် ၂ ဦးဟာ ဘယ်သူဘယ်ဝါဖြစ်မှန်း အတည်မပြုနိုင်သေးပါဘူး။

အဲဒီဖြစ်စဉ်ဖြစ်ပြီး သိပ်မကြာခင်မှာပဲ လောင်းလုံးမြို့ထဲကို ဆိုင်ကယ်အတူစီးလာတဲ့ မောင်နှမ နှစ်ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ရာမှာ အသက် ၁၄ နှစ်အရွယ် အကိုဖြစ်သူ မောင်အောင်ဝေယံ သေဆုံးသွားပြီး အသက် ၁၂ နှစ်အရွယ် ညီမ ဖြစ်သူကတော့ ပေါင်ကို ကျည်ထိမှန်ခဲ့တယ်လို့သိရပါတယ်။

စစ်ကောင်စီဘက်က ဒီပစ်ခတ်မှုတွေနဲ့ပတ်သက်ပြီးတစုံတရာထုတ်ပြန်လာတာမရှိသေးပါဘူး။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ကျွန်းလှ - ကန့်ဘလူအပါအဝင် ဒေသအသီးသီးရှိ ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယင်းသို့လုပ်ဆောင် ခြင်းသည် ပြည်သူကို အကြောက်တရား ပေးလို၍ဟုမြင်ကြောင်း ကျွန်းလှဒေသခံက ပြောသည်။

သတင်း

လွှတ်ပေးတဲ့အကျဉ်းသူ၊အကျဉ်းသားတွေထဲ အကျဉ်းထောင် ၁၉ ခုကနေ နိုင်ငံရေးအကျဉ်းသား ၄၀၂ ဦးလွတ်လာတာကိုအတည်ပြုနိုင်တယ်လို့ AAPP ကဆိုထားပါတယ်။

သတင်း

စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းများအနက်တစ်ခုဖြစ်သော မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE)ထံ တောင်ကိုရီးယား၏ POSCO နိုင်ငံတကာကုမ္ပဏီ ရွှေသဘာဝဓာတ်ငွေ့စီမံကိန်းက ငွေကြေးစီးဝင်နေဆဲဖြစ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ထောက်ပြသည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ နိုဝင်ဘာ ၂၀ရက် ညပိုင်းနှင့် ယနေ့(နိုဝင်ဘာ ၂၁ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းမှ တိုက်ခိုက်လာခြင်းဖြစ်သည်ဟုဆိုသည်။