Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်အုပ်စုကြောင့် ကလေးသူငယ်ပေါင်း ၂၀၀ကျော် သေကြေခဲ့ရပြီး ကလေးထောင်ပေါင်းများစွာ ထိခိုက် နစ်နာနေဟု NUG ထုတ်ပြန်

စစ်အုပ်စုသည် ကလေးငယ်ပေါင်း (၃၇၂)ဦးကို မတရားဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ကလေး (၃၀၃) ဦးခန့် မှာ ဆိုးရွားသော အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ဖြတ်သန်းနေရကြောင်း NUG က ဆိုသည်။

(ကရင်နီပြည် ဒီးမော့ဆိုနယ်တွင် နိုဝင်ဘာ ၁၅ရက်က မူကြိုကျောင်းအား စစ်ကောင်စီတပ် ပစ်ခတ်၍ သေဆုံးခဲ့သည့် ကလေးငယ်တစ်ဦး​၏ ရုပ်အလောင်းအား တွေ့ရစဉ်)

စစ်ကောင်စီ၏ လူမဆန်သော သတ်ဖြတ်မှုများ၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ကလေးသူငယ်ပေါင်း (၂၄၂)ဦးသေကြေပျက်စီးခဲ့ရပြီး ကလေးထောင်ပေါင်းများစွာ ထိခိုက်နစ်နာမှုများရှိနေကြောင်း NUG က ထုတ်ပြန်သည်။

ယမန်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာကလေးများနေ့နှင့် ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ အမျိုးသမီး၊ လူငယ်နှင့် ကလေး သူငယ်ရေးရာဝန်ကြီးဌာန နှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ပူးတွဲထုတ်ပြန်ခြင်းဖြစ်သည်။

စစ်အုပ်စုသည် ကလေးငယ်ပေါင်း (၃၇၂)ဦးကို မတရားဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ကလေး (၃၀၃) ဦးခန့် မှာ ဆိုးရွားသော အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ဖြတ်သန်းနေရကြောင်း NUG က ဆိုသည်။

အပြည်ပြည်ဆိုင်ရာ ကလေးသူငယ်များနေ့တွင် ကလေးတိုင်းအတွက် မိသားစုနှင့် လုံခြုံစွာ နေထိုင်ခွင့်၊ ပျော်ရွှင်စွာ စာသင်ကြားခွင့်နှင့်အတူ ကလေးသူငယ်အခွင့်အရေးများ ပြန်လည်ရရှိစေရန်အတွက် ကုလသမဂ္ဂအပါအဝင် ကလေးသူငယ် အရေး လုပ်ကိုင်ဆောင်ရွက်နေသူများအားလုံး တက်ညီလက်ညီဖြင့် ဝိုင်းဝန်းလုပ်ဆောင်နိုင်ရန် NUG က တိုက်တွန်းသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် NUG သည် ကလေးသူငယ်များအတွက် လုံခြုံစိတ်ချခွင့်၊ ဖွံဖြိုးတိုးတက်ခွင့်၊ ပါဝင်ဆောင်ရွက် ခွင့်နှင့် လွတ်လပ်ငြိမ်းချမ်းစွာ စာသင်ကြားခွင့်များ များမကြာမီ ပြန်လည်ရရှိနိုင်ရန် ပြည်သူများအားလုံး နှင့်အတူ အထူးကြိုးပမ်းလုပ်ဆောင်သွားမည်ဟု ထုတ်ပြန်သည်။

You May Also Like

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။

သတင်း

အဆိုပွဲတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်မှ ခုနစ်ဦးသေဆုံးပြီး တိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်မှ ကားသုံးစီးဖြင့် စစ်ကူလာရောက်ရာ ယင်းစစ်ကူယာဥ်များအား ထပ်မံမိုင်းဆွဲတိုက်ခဲ့ကြောင်း နွားထိုးကြီး PDF က ပြောသည်။

သတင်း

အဆိုပါ စစ်အုပ်စုသည် ယနေ့နံနက် ၂ နာရီခန့်တွင် စည်ဆွဲတောင်ပေါ်တက်ကာ ကင်းပုန်ချထားကြောင်း Yinmarbin Local People's Defence Force အဖွဲ့က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုးဖျက်ဆီးနေမှုများကြောင့် စစ်ကိုင်းမြို့နယ်၊ မင်းဝံတောင်ရိုး အရှေ့ခြမ်းနှင့်အနောက်ခြမ်း ကျေးရွာအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်။