Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့မှ ကလေးမိခင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ်၁၀နှစ် မတရားချမှတ်

တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

ဆရာမ ဒေါ်ဟန်နီစုကြည်အား တွေ့ရစဉ်
ဆရာမ ဒေါ်ဟန်နီစုကြည်အား တွေ့ရစဉ်

စစ်ကိုင်းတိုင်း တမူးမြို့မှ ကလေးမိခင် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက်(၁)နှစ်ခန့်အကြာတွင် ထောင်ဒဏ် ၁၀နှစ် မတရားချမှတ်လိုက်သည်။

တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“ဖမ်းပြီး ၁နှစ်ပြည့်ကာနီးမှာ အမိန့်ချတာ။ ၁၀နှစ်ချတာ။ သူ့မှာ အသက်(၉)နှစ်အရွယ် သားလေးတစ်ယောက်ရှိတယ်။ သူက ရဲရင့်တဲ့အမျိုးသမီးတစ်ယောက်ပါ”ဟု ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်၏ သူငယ်ချင်းတစ်ဦးက ပြောသည်။

အသက် (၃၀)ဝန်းကျင်ခန့် ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီတပ်က ၂၀၂၁နိုဝင်ဘာ ၂၃ရက်တွင် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထံ ငွေကြေးထောက်ပံ့ သည်ဟု စစ်ကောင်စီက စွပ်စွဲပြီး ပုဒ်မ ၅၀ (ည) ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ယနေ့(နိုဝင်ဘာ ၂၁ရက်)တွင် ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

တမူးမြို့တွင် ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်အပါအဝင် စစ်ကောင်စီကမတရားဖမ်းဆီးသူများကို အမိန့်ချနေသူမှာ လက်ရှိ ခရိုင်တရားသူကြီး ဦးလှဦးဖြစ်သည်ဟု တမူးမြို့ခံများက ပြောသည်။

You May Also Like

သတင်း

ကျေးရွာတစ်ရွာ၌ စစ်ကောင်စီတပ်၏ အလောင်းခုနစ်လောင်းထက်မနည်း အလောင်းဖျောက် မီးရှို့ထားခဲ့သည်ကို တွေ့ရပြီး ဒဏ်ရာရသူများကိုမူ ခင်ဦးမြို့ပေါ်ရဲစခန်းသို့ ဆေးကုသရန် ပြန်သယ်သွားကြောင်း KSO အဖွဲ့ တာဝန်ခံက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် စခန်းရုပ်ပြီးနောက် စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပိုမိုပြုလုပ်လာနိုင်၍ ဒေသခံပြည်သူများ မြိုင်မြို့နယ်ရှိ လမ်းမကြီးများ၌ သွားလာခြင်းမပြုကြရန်၊ အဆိုပါ လမ်းများအား အရေးပေါ်အခြေအနေအရ ယာယီပိတ်ထားလိုက်ကြောင်း မြိုင်ပကဖအဖွဲ့က အသိပေးသည်။

သတင်း

ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်း နှစ်ခုပေါင်း ခန့်မှန်းအင်အား၂၀၀ကျော်ဖြင့် စစ်ကြောင်းထိုးနေပြီး ၄ရက်အတွင်း ကျေးရွာပေါင်း ၉ရွာရှိ နေအိမ် ၄၀၀ကျော်ကို မီးရှို့ဖျက်ဆီးထားသည်။

သတင်း

စစ်ကောင်စီတပ်က ကျွန်းလှ - ကန့်ဘလူအပါအဝင် ဒေသအသီးသီးရှိ ကျေးရွာများကို မီးရှို့မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိရာ ယင်းသို့လုပ်ဆောင် ခြင်းသည် ပြည်သူကို အကြောက်တရား ပေးလို၍ဟုမြင်ကြောင်း ကျွန်းလှဒေသခံက ပြောသည်။