Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖာပွန်တွင် KNUတပ်မဟာ(၅)၏ ပြောက်ကျားတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားနှင့် ရဲများထိခိုက်မှုရှိ

နိုဝင်ဘာ ၁၆ရက်မှ ၁၉ရက်အတွင်း တိုက်ခိုက်မှု ဖြစ်စဉ်များကို ဖော်ပြခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ဖော်ပြသည်။

ဓာတ်ပုံ - KNU
ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင်ရှိ စစ်ကောင်စီတပ်များကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့ဝင်များက တိုက်ခိုက်မှုများ ဆက်လက်ပြုလုပ်ခဲ့ကြောင်း တပ်မဟာ(၅)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၁၆ရက်မှ ၁၉ရက်အတွင်း တိုက်ခိုက်မှု ဖြစ်စဉ်များကို ဖော်ပြခဲ့ရာ စစ်ကောင်စီဘက်က ၂ဦး သေဆုံးကာ ဒဏ်ရာရသူအချို့ရှိခဲ့သည်ဟု ဖော်ပြသည်။

နိုဝင်ဘာ၁၉ရက်က မူတြော်(ဖာပွန်)ခရိုင်၊ ဘူးသိုမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ လယ်တိုးစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။ အဆိုပါတိုက်ခိုက်မှုတွင် ရန်သူဖက်မှထိခိုက်ကျဆုံးမှု အခြေအနေကို မသိရသေးဟု ဖော်ပြသည်။

နိုဝင်ဘာ၁၈ရက်ကလည်း မူတြော်ခရိုင်၊ လူသောမြို့နယ်အတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ၏ ကော်သွေးကျိုးစခန်းတောင်ခြေမှ ရေဆိပ်တွင်ဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်ကောင်စီမှ တစ်ဦး သေဆုံးကာ ဒဏ်ရာရသူအခြေအနေကိုအတည်ပြုမရသေးဟု ထုတ်ပြန်သည်။ နိုဝင်ဘာ ၁၆ရက်တွင်လည်း မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်ရှိ လယ်တိုးစခန်းအားရှောင်တခင်ဝင်ရောက် တိုက်ခိုက်ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြသည်။

ယင်းနေ့၌ပင် ဖာပွန်မြို့ရဲစခန်းအားဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေ ရဲသားတစ် ဦး သေဆုံးခဲ့သည်ဟု အသိပေးသည်။

You May Also Like

သတင်း

အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် - သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

သတင်း

ထိုသို့မိုင်းဆွဲတိုက်ခိုက်အပြီးတွင် ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်များ ထိခိုက်မှုရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်မှ ညနေအထိ ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီး (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။

သတင်း

တိုက်ပွဲသည် နိုဝင်ဘာ ၂၁ ရက်(ယမန့်နေ့)က မနက်ပိုင်းမှ ညနေပိုင်း ၃နာရီအထိ ဖြစ်ပွားပြီး ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CNA ၊CDFတို့ဘက်မှအထိအခိုက်မရှိကြောင်းလည်း​ဒေသတင်းသတင်းရင်းမြစ်များထံမှသိရသည်။