Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကလေးမြို့နယ်တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးပစ်ခတ်၍ အဘွားအိုတစ်ဦး ကျည်ထိမှန်သေဆုံး

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်မှ ညနေအထိ ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီး (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။

(ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)
(ကလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများအား ဖြိုခွင်းရန်ပြင်ဆင်နေသော စစ်ကောင်စီတပ်သားများအား ၂၀၂၁ဖေဖော်ဝါရီ ၁၂ရက်က တွေ့ရစဉ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် သက်ကြီးရွယ်အို အမျိုးသမီးတစ်ဦးသေဆုံးပြီး တစ်ဦးဒဏ် ရာရခဲ့သည်။

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၁ရက်) နေ့လယ်မှ ညနေအထိ ကလေးမြို့ပတ်ဝန်းကျင်သို့ လက်နက်ကြီး (၁၅)ကြိမ်ထက်မနည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်။

စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်သည် ကလေးမြို့နယ် ဆည်ကြီးရွာနှင့် ဒွန်းဝိုင်းချောင်းကျေးရွာရှိ လူနေအိမ်နှစ်လုံးပေါ် ကျရောက်ပေါက်ကွဲခြင်းဖြစ်သည်။

” တိုက်ပွဲမဖြစ်ဘဲ ပစ်နေတာ။အသက် ၆၃နှစ်အရွယ် အဒေါ်ကြီးတစ်ယောက် အိပ်ယာထဲမှာလှဲနေချိန် လက်နက်ကြီးထိတာ။ ဗိုက်ပွင့်ပြီးသေဆုံးသွားတယ်။ နောက်တစ်ယောက်က ဒဏ်ရာတွေရတယ်။ စိတ်ထဲ လုံးဝမကောင်းဘူး “ဟု People’s Defence Force (Kalay) မှပြန်ကြားရေးတာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်သည် ကလေးမြို့နယ်အတွင်း အင်အားတိုးမြှင့်ထားပြီး ယခင်ကထက် လက်နက် ကြီးအသုံးပြုမှု ပိုမိုပြုလုပ်လာသည်ဟု ပြည်သူ့ကာ ကွယ်ရေးရဲဘော်များက ပြောသည်။

ထို့အပြင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်၍ ကလေး-တမူး လမ်းမကြီးအား ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန်လည်း People’s Defence Force (Kalay) က သတိပေးထုတ်ပြန်ထားသည်။

You May Also Like

သတင်း

နေ့ခင်းပိုင်း ၂ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ် ၊ ၁၉ လမ်းပေါ်မှာ ရှိတဲ့ တီဘီဆေးရုံရှေ့မှာ အဲဒီ လူငယ် တွေကို စစ်ကောင်စီတပ်က ညှပ်ပိတ်ပြီး ပစ်ခတ်ခဲ့တာပါ။

သတင်း

အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် - သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

သတင်း

ထိုသို့မိုင်းဆွဲတိုက်ခိုက်အပြီးတွင် ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်များ ထိခိုက်မှုရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။

သတင်း

တိုက်ပွဲသည် နိုဝင်ဘာ ၂၁ ရက်(ယမန့်နေ့)က မနက်ပိုင်းမှ ညနေပိုင်း ၃နာရီအထိ ဖြစ်ပွားပြီး ဒေသခံကာကွယ်ရေးတပ်များဖြစ်သည့် CNA ၊CDFတို့ဘက်မှအထိအခိုက်မရှိကြောင်းလည်း​ဒေသတင်းသတင်းရင်းမြစ်များထံမှသိရသည်။