Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး မှာ စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်

နေ့ခင်းပိုင်း ၂ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ် ၊ ၁၉ လမ်းပေါ်မှာ ရှိတဲ့ တီဘီဆေးရုံရှေ့မှာ အဲဒီ လူငယ် တွေကို စစ်ကောင်စီတပ်က ညှပ်ပိတ်ပြီး ပစ်ခတ်ခဲ့တာပါ။

မန္တလေး မှာ စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်
မန္တလေး မှာ စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့နယ်ထဲက တီဘီကုသရေး ဆေးရုံရှေ့မှာ မနေ့က နေ့ခင်းပိုင်း စစ်ကောင်စီတပ်က လူငယ် ၄ ဦးကိုပစ်သတ်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့သတင်းဖြန့်ထားပါတယ်။

နေ့ခင်းပိုင်း ၂ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ် ၊ ၁၉ လမ်းပေါ်မှာ ရှိတဲ့ တီဘီဆေးရုံရှေ့မှာ အဲဒီ လူငယ် တွေကို စစ်ကောင်စီတပ်က ညှပ်ပိတ်ပြီး ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီရဲ့သတင်းဖြန်ချက်မှာတော့ သေဆုံးသူ လူငယ် ၄ ဦးဟာ မန္တလေးမြို့ပြပြောက်ကျားအဖွဲ့ Generation Z Power အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဆိုထားပါတယ်။

အဲဒီ ၄ဦးဟာ အဖွဲ့ရဲ့ ဒုတိယ ခေါင်းဆောင် ၊ ဘဏ္ဍာရေးတာဝန်ခံ နဲ့ အဖွဲ့ဝင် ၂ ဦးဖြစ်တယ်လို့ လည်း စစ်အုပ်စုက စွပ်စွဲထားပါတယ်။

ဖမ်းဆီးချိန်မှာအပြန်အလှန်ပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ စစ်အုပ်စုက ဆိုထားပါတယ်။

Generation Z Power အဖွဲ့ ဘက်ကတော့ တစုံတရာ ထုတ်ပြန်လာတာမရှိသေးပါဘူး။

You May Also Like

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဝက်ဖိုးကျေးရွာနှင့် မှန်ရင်းကျေးရွာကြားရှိ (ဒေသအခေါ်) ဥသျှစ်ခင်တွင်ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဆပ်သွားကျေးရွာအား မီးရှို့ဖျက်ဆီးသော စစ်ကောင်စီတပ်ကို ရေစကြို၊ ပခုက္ကူနှင့် မြိုင်မြို့နယ် PDFများပေါင်းတိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့က ယနေ့ (နိုဝင်ဘာ၂၁ ရက်) သတင်းထုတ်ပြန်သည်။

သတင်း

အိုင့်ဒိုင်ကျေးရွာရှိ အိမ်မီးရှို့ခံရသော ပြည်သူများမှာ အကူအညီများလိုအပ်လျက်ရှိနေကြောင်း၊ ပြည်သူများအတွက် လှူဒါန်းလိုပါက မင်းကွန်း တိုက်နယ် - သတင်းမှန်ပြန်ကြားရေး page messenger မှတဆင့် ဆက်သွယ်နိုင်ကြောင်း အသိပေးထားသည်။

သတင်း

ထိုသို့မိုင်းဆွဲတိုက်ခိုက်အပြီးတွင် ပစ်ခတ်မှု ဖြစ်ပွားရာ စစ်ကောင်စီတပ်များ ထိခိုက်မှုရှိပြီး ပူးပေါင်းတပ်ဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု အသိပေးသည်။