Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၆)ရက်ကလည်း တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူဒေသအတွင်းရှိ သတ္တုမိုင်းတွင်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိုင်းတွင်းရှိ အလုပ်သမားသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ
ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ

KNU တပ်မဟာ(၆)နယ်မြေတွင် စခန်းများတိုက်ခိုက်သိမ်းပိုက်ခံနေရသည့် စစ်ကောင်စီတပ်သည် ယမန်နေ့ ညပိုင်းတွင် ဘုရားသုံးဆူဒေသအတွင်းရှိ မိုင်းတွင်းများအား လေယာဉ်ဖြင့် ထပ်မံလာရောက်ဗုံးကြဲခဲ့သည်ဟု ကေအဲန်ယူထံမှ သိရှိရသည်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းရှိ စစ်ကောင်စီလက်အောက်ခံ တောင်ကလေးရဲစခန်းကို ယမန်နေ့ နိုဝင်ဘာလ(၂၂)ရက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ လက်တုံ့ပြန်သည့်အနေဖြင့် လေယာဉ်နှင့် လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ခတ်ခဲ့သည်။

ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ
ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ

တဆက်တည်းယမန်နေ့ နိုဝင်ဘာလ(၂၁)ရက် ည(၁၂)နာရီအချိန်အတွင် ကေအဲန်ယူ-ဒူးပလာယာခရိုင်အတွင်းရှိ သတ္တုတွင်းဖြစ်တဲ့ အမှတ် (၁) မိုင်းတွင်းနှင့် အမှတ်(၂)မိုင်းတွင်းတို့ကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာလေယာဉ်ဖြင့် လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အဆောက်အဦးတချို့ ထိခိုက်ပျက်စီးမှုများ ရှိခဲ့သည်ဟု ဒူးပလာယာခရိုင်က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် နိုဝင်ဘာလ(၁၆)ရက်ကလည်း တပ်မဟာ(၆)နယ်မြေ ဘုရားသုံးဆူဒေသအတွင်းရှိ သတ္တုမိုင်းတွင်းတစ်ခုကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မိုင်းတွင်းရှိ အလုပ်သမားသုံးဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။

ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ
ဘုရားသုံးဆူဒေသရှိ မိုင်းတွင်းများကို စစ်တပ်က လေယာဥ်နှင့်ထပ်မံဗုံးကြဲ

ထို့အပြင် တပ်မဟာ(၆)နယ်မြေဖြစ်သည့် ကေအဲန်ယူ-ကျုံဒိုးမြို့နယ် တောင်ကြာအင်း လောင်းကိုင်ကျေးရွာဘက်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်လှုပ်ရှားပြီး လက်နက်ကြီးရမ်းသမ်းပစ်ခတ်ခြင်းများ လုပ်ဆောင်ခဲ့သောကြောင့် နေအိမ်များထိခိုက်ပျက်စီးခဲ့ကာ ဒေသခံပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေရသည်ဟု သိရသည်။

ယနေ့ နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းတွင်လည်း တောင်ကြာအင်းတွင် စစ်ကောင်စီတပ်နှင့် KNLA ပူးပေါင်းတပ်ဖွဲ့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က လက်နက်ကြီးများဖြင့် အဆက်မပြတ်ပစ်ကူပေးခဲ့သောကြောင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရရှိသွားခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါသည်။

You May Also Like

သတင်း

ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်း စစ်တပ်စခန်းများအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက် ယခုလိုတိုက်ခိုက်လာခြင်းဖြစ်သည်။

သတင်း

ယနေ့(နိုဝင်ဘာ ၁၈)နံနက် ၉ နာရီကျော်က ပခုက္ကူမြို့ (၁၉)လမ်း၊ အမှတ် (၁၁)နေ ဦးရဲတင့်ဆိုသူကို လူတစ်စုက သေနတ်ဖြင့် သုံးချက်ပစ်ခတ် ခဲ့ရာ သေဆုံးသွားသည်ဟု ဆိုသည်။

သတင်း

လက်ရှိအချိန်ထိလည်း ပစ်ခတ်သံများဆက်လက်ရှိနေသေးပြီး ပစ်ခတ်မှုကြောင့် ထိခိုက်မှုအခြေအနေများအား ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်က ပစ်ခတ်သတ်ဖြတ်နေ၍ ကျေးရွာအများအပြား အိမ်မပြန်နိုင်သေး စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်အရှေ့ခြမ်း၌ စစ်ကြောင်းထိုးပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းပူးပေါင်းအဖွဲ့အချို့ ယမန်နေ့ညနေပိုင်းက ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း တောင်ရိုးသားများတပ်ပေါင်းစု တာဝန်ခံက ပြောကြားသည်။ ယမန်နေ့ (နိုဝင်ဘာ ၁၂ ရက်)ညနေပိုင်းက စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ် အရှေ့ခြမ်း ပေါက်ကန်ရွာကိုစစ်ကြောင်းထိုး ဝင်ရောက်ခဲ့သည်။ ထိုစစ်ကြောင်းသည်...