Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အမျိုးသမီးသတင်းထောက်ကို ဆူပူအောင်လှုံဆော်မှုနဲ့ ထောင် ၂ နှစ်ချ

ဖမ်းဆီးခံရသူတွေထဲက စစ်ကြောရေးမှာ ၃ ဦး သေဆုံးထားပါတယ်။ လက်ရှိအချိန်ထိတော့ သတင်းသမား ၅၀ နီးပါး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

အမျိုးသမီးသတင်းထောက်ကို ဆူပူအောင်လှုံဆော်မှုနဲ့ ထောင် ၂ နှစ်ချ
အမျိုးသမီးသတင်းထောက်ကို ဆူပူအောင်လှုံဆော်မှုနဲ့ ထောင် ၂ နှစ်ချ

ဖမ်းဆီးထားတဲ့အမျိုးသမီးသတင်းထောက် မအလှလေးသူဇာကို နိုင်ငံဆူပူအောင်လှုံဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅ (က) နဲ့ စစ်ကောင်စီက ဒီနေ့မှာထောင်ချလိုက်ပါတယ်။

မအလှလေးသူဇာကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ နှစ် ချလိုက်တာလို့ စုံစမ်းသိရပါတယ်။

မအလှလေးသူဇာဟာ စစ်အာဏာသိမ်းပြီး ၈ လအကြာ ရန်ကုန်မြို့မှာ ဖမ်းဆီးခံရတာပါ။

အဲဒီနောက် ဒဂုံမြို့သစ်အရှေ့ပိုင်းရဲစခန်းက တရားစွဲတင်ပါတယ်။ ဖမ်းခံရပြီး ၁ နှစ်ကျော်လာချိန်မှာ အင်စိန်ထောင်တွင်းတရားရုံးက ထောင်ချလိုက်တာပါ။

ထောင်ချရာမှာ ချုပ်ရက်ခံစားခွင့်ပေးတယ်လို့သိရပါတယ်။

စစ်ကောင်စီဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၇ ရက်က ထောင်နဲ့ချီတဲ့ အကျဉ်းသားတွေကို လွှတ်ပေးရာမှာ သတင်းမီဒီယာသမား ၆ ဦးသာပါဝင်ခဲ့ပါတယ်။

အဲဒီထဲမှာပါဝင်တဲ့ သတင်းမီဒီယာသမားတွေအနက် ဂျပန်နိုင်ငံသားကလွဲရင်ကျန်တဲ့သူတွေဟာ ချထားတဲ့ ထောင်ဒဏ် နှစ်စေ့လုနီးပါး ထောင်ထဲမှာ နေခဲ့ရသူတွေဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၁ လကျော်ကာလအတွင်း သတင်းဌာန ၁၃ ခု ပိတ်သိမ်းခံရပြီး သတင်းသမား ၁၀၀ ကျော် ဖမ်းဆီးစစ်ဆေးခံခဲ့ရပါတယ်။

ဖမ်းဆီးခံရသူတွေထဲက စစ်ကြောရေးမှာ ၃ ဦး သေဆုံးထားပါတယ်။ လက်ရှိအချိန်ထိတော့ သတင်းသမား ၅၀ နီးပါး အကျဉ်းထောင်တွေထဲမှာ ဖမ်းဆီးခံထားရဆဲဖြစ်ပါတယ်။

Facebook

You May Also Like

သတင်း

တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်း

ယခုကဲ့သို့ ပစ်ခတ်မှုကြောင့် ရာဘာခြံလုပ်ငန်းလုပ်ကိုင်နေသော ဒေသခံအမျိုးသမီးတစ်ဦး လက်နက်ကြီးအစ ထိမှန်ခဲ့ပြီး ဒဏ်ရာရကတော့ စိုးရိမ်ရသည့်အခြေအနေမဟုတ်ကြောင်း ဝင်းရော်ဒေသ နွေဦးတော်လှန်ရေးလှုပ်ရှားလူငယ်များမှ သတင်းထုတ်ပြန်ထားသည်။

သတင်း

သတ်ဖြတ်ခံထားရတဲ့အလောင်းရဲ့လည်ပင်းမှာ ပြတ်ရှထားတဲ့ ဒဏ်ရာ တွေ့ရတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကလည်းဖော်ပြကြပါတယ်။

သတင်း

အောင်မြေသာစံမြို့နယ်၊ ၈၇ လမ်းနဲ့ လမ်း ၂၀ မှာတော့ မီးသပိတ်လုပ်တယ်ဆိုကာ အသက် ၅၀ အရွယ် အမျိုးသမီးကို သေနတ်ပစ်ဖောက်ပြီး ဖမ်းသွားခဲ့တယ်လို့ဒေသခံအချို့ကပြောပြပါတယ်။