Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာ၍ ဆားလင်းကြီးနယ်ဒေသခံများ ထွက်ပြေးတိမ်းရှောင်ခဲ့ရ

ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက်ပိုင်းက မုံရွာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတ​ပ်နှင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ရင်း (၂၈)မှ ရဲများသည် အင်အားအများအပြားဖြင့် ရွှေတောင်ဦးကုန်းမှ မုံရွာ-ပုသိမ်လမ်းအတိုင်း မြောက်မှတောင်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-RYG
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-RYG

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီး၊ငယ်များ ပစ်ခတ်ပြီး စစ်ကြောင်းထိုးလာ၍ ကျေးရွာအများအပြားမှ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။

ယနေ့(နိုဝင်ဘာ ၂၂ရက်)နံနက်ပိုင်းက မုံရွာ အနောက် မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်ကောင်စီတ​ပ်နှင့် ဆားလင်းကြီးမြို့နယ် ရဲတပ်ရင်း (၂၈)မှ ရဲများသည် အင်အားအများအပြားဖြင့် ရွှေတောင်ဦးကုန်းမှ မုံရွာ-ပုသိမ်လမ်းအတိုင်း မြောက်မှတောင်သို့ စစ်ကြောင်းထိုးလာခဲ့သည်။

အဆိုပါ စစ်ကြောင်းသည် မြောက်ယမားတံတားတောင်ဘက် လမ်းတစ်လျှောက် လမ်းဘေးဝဲယာ ကျေးရွာများသို့ လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့၍ ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း Revolution Youth Group အဖွဲ့က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ဝမ်ပေါင်ကုမ္ပဏီတွင် လုံခြုံရေးယူထားသောရဲများလည်း ဝမ်ပေါင်လမ်းဆုံမှ မြောက်ယမားတံတားထိပ်ထိ ကင်းပုန်းများချ နေရာယူထားပြီး ကုမ္ပဏီမှ ကြေးများသယ်ယူမည်ဟု သိရကြောင်း Revolution Youth Group အဖွဲ့က ဆိုသည်။

ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-RYG
ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ၊ ဓာတ်ပုံ-RYG

နောက်ဆက်တွဲအခြေအနေအား ဆက်လက်စုံစမ်းနေပြီး ထပ်မံသတင်းရရှိခြင်း မရှိသေးပါ။

ဆားလင်းကြီးမြို့နယ်၊ ဝမ်ပေါင်ကုမ္ပဏီဝန်းကျင်ရှိ ကျေးရွာများအား စစ်ကောင်စီတ​ပ်က မီးရှို့ဖျက်ဆီးခြင်း၊ ဖမ်းဆီးသတ်ဖြတ်ခြင်းများ မကြာခဏ ပြုလုပ် ခဲ့ဖူးသည်။

Facebook

You May Also Like

သတင်း

စစ်ကောင်စီတပ်က ကျေးရွာများမီးရှို့ခြင်းအပြင် မိုင်းများ ထောင်ထားလေ့ရှိ၍ ပြည်သူလူထုများ လတ်တလောတွင် ကျေးရွာအတွင်း ပြန်လည်ဝင် ရောက်နိုင်ခြင်းမရှိသေးဟု ဆိုသည်။

သတင်း

ယမန်နေ့ (နိုဝင်ဘာ၂၁ ရက်)က စစ်ကောင်စီတပ်သားများသည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဗဟင်းကျေးရွာရှိ ရဲစခန်းနှင့် ပြည်သူ့နေအိမ် (၅၂)လုံးအား မီးရှို့ဖျက်ဆီးသွားပြီး ယနေ့နံနက် ၈ နာရီခန့်တွင် စခန်းမှ ထွက်ခွာသွားသည်။

သတင်း

ဒေါင်းနက် - နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့ နှင့် ပုလဲဂျိုကာအဖွဲ့တို့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

သတင်း

စစ်ကောင်စီတပ်များသည် ယနေ့မွန်းလွဲပိုင်းတွင် ဝက်ဖိုးကျေးရွာနှင့် မှန်ရင်းကျေးရွာကြားရှိ (ဒေသအခေါ်) ဥသျှစ်ခင်တွင်ရောက်ရှိနေကြောင်း ဒေသခံများက ပြောသည်။