Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြင်းမူမြန်မာ့စီးပွားရေးဘဏ်ရှိ စစ်အုပ်စု ဝိုင်းဖွဲ့အရက်သောက်နေစဥ် ဗုံးထုတိုက်ခိုက်ခံရ

၎င်းတို့မှာ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ စာသင် ကျောင်းတွင် တပ်စွဲထားသော စစ်အုပ်စုက ၁၅ ချက်ခန့် ပစ်ခတ်သံကြားသည်ဟု ကိုသက်ကြီးက ပြောသည်။

ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဥ်၊ဓာတ်ပုံ- Zero
ပစ်ခတ်တိုက်ခိုက်ခဲ့သော လက်ပစ်ဗုံးအား တွေ့ရစဥ်၊ဓာတ်ပုံ- Zero

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ် ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဝိုင်းဖွဲ့အရက်သောက်နေစဥ် လက်ပစ်ဗုံးပစ် တိုက်ခိုက်ခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ယနေ့ (နိုဝင်ဘာလ ၂၂ ရက်)ည ၇ နာရီ ၃၅မိနစ်ခန့်က မြင်းမူမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ကင်းစောင့်နေသော စစ်ကောင်စီတပ်သား ခုနစ်ဦးဝိုင်းဖွဲ့အရက်သောက်နေစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်တိုက်ခိုက်ခဲ့ရာ အရက်ဝိုင်းအတွင်းကျရောက်ပေါက် ကွဲခဲ့ကြောင်း ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ထိုသို့ ပေါက်ကွဲမှုကြောင့် စစ်ကောင်စီတပ်သား ငါးဦး သေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရသည်ဟု သတင်းရကြောင်း ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် က ဆိုသည်။

Public Service Announcement
Public Service Announcement

၎င်းတို့မှာ ပြန်လည်ပစ်ခတ်နိုင်ခြင်းမရှိဘဲ စာသင် ကျောင်းတွင် တပ်စွဲထားသော စစ်အုပ်စုက ၁၅ ချက်ခန့် ပစ်ခတ်သံကြားသည်ဟု ကိုသက်ကြီးက ပြောသည်။

“ကျွန်တော်တို့ တိုက်ပွဲများဆက်လက်ဖော်ဆောင် သွားပါ့မယ်။”ဟု ZERO ပြောက်ကျားတပ်ဖွဲ့ခေါင်းဆောင် ကိုသက်ကြီးက ပြောသည်။

ထို့အပြင် ရဲဘော်များအထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်း စစ်ဆင်ရေးကို ZERO ပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) တပ်ရင်း -၇ မြင်းခြံခရိုင်နှင့် TRUE Fighter အဖွဲ့ တပ်ခွဲ (၃) တို့ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း အသိပေးသည်။

မြင်းမူမြို့မြန်မာ့စီးပွားရေးဘဏ်ရှိ စစ်ကောင်စီတပ်များသည် ယခုလဆန်းပိုင်းကလည်း တိုက်ခိုက်ခံခဲ့ရသေးသည်။

Facebook

You May Also Like

သတင်း

ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေသော စစ်ကာင်စီတ​ပ်သည် ကျွန်းတိုင်းရွာကို နိုဝင်ဘာလ ၂၀ ရက်မှ ၂၂ ရက်အထိ မီးရှို့ဖျက် ဆီးခဲ့ရာ ရွာလုံးကျွတ်နီးပါး ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သတင်း

ယနေ့ (နိုဝင်ဘာ ၂၂ရက်)တွင် ကျင်းပသည့် အမျိုးသားညီညွတ်ရေးအစိုးရ၏ (၇၅)ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတက ထိုသို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်အုပ်စုသည် ကလေးငယ်ပေါင်း (၃၇၂)ဦးကို မတရားဖမ်းဆီးထားပြီး ယနေ့အချိန်အထိ ကလေး (၃၀၃) ဦးခန့် မှာ ဆိုးရွားသော အချုပ်စခန်းများ၊ အကျဉ်းထောင်များတွင် ခက်ခဲကြမ်းတမ်းစွာ နေထိုင်ဖြတ်သန်းနေရကြောင်း NUG က ဆိုသည်။

သတင်း

ထိုသို့တိုက်ခိုက်မှုကြောင့် စစ်အုပ်စုဝင် နှစ်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဗိုလ်တောက်ထွန်းက ပြောသည်။