Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူး-ခမ်းပတ်လမ်းကိုပြန်ဖွင့်၊ ခမ်းပတ်-က​လေးလမ်းပိုင်းကိုပိတ်ထားဆဲ

တမူး-ခမ်းပတ်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ခမ်းပတ်မြို့ မှ က​လေးမြို့အထိလမ်းပိုင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

(တမူး-က​လေးလမ်းပိုင်းတွင် ယခုနှစ် သြဂုတ်လက လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေ​သော တမူးPDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-တမူးPDF)
(တမူး-က​လေးလမ်းပိုင်းတွင် ယခုနှစ် သြဂုတ်လက လမ်းလုံခြုံ​ရေး​ဆောင်ရွက်​နေ​သော တမူးPDF တပ်ဖွဲ့ဝင်များ။ ဓါတ်ပုံ-တမူးPDF)

တမူး-က​လေးအာရှလမ်း​မကြီးပေါ်မှ တမူး-ခမ်းပတ်မြို့အထိလမ်းပိုင်းကို ပြည်သူလူထု၏ စားဝတ်နေရေး၊ ကုန်စည်စီးဆင်းမှုများစသည့်တို့ အခက်အခဲများ မဖြစ်ပေါ်စေရန် နိုဝင်ဘာ ၂၂ ရက်မှစတင်ကာ ဖြတ်သန်းသွားလာနိုင်ပြီးဖြစ်ကြောင်းပြည်သူ့ကာကွယ်​ရေးတပ်မ​တာ်- PDF(တမူး) တပ်ရင်း -၃ထုတ်ပြန်သည်။

တမူး-ခမ်းပတ်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ခမ်းပတ်မြို့ မှ က​လေးမြို့အထိလမ်းပိုင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

တမူးPDF တပ်ရင်း-၃ သည် အဆိုပါလမ်းပိုင်းတွင် ပြီးခဲ့သည့် ရက်သတ္တပတ်အတွင်း စစ်ရေးတင်းမာမှုအခြေအနေနှင့် စစ်​ကောင်စီတပ်က လက်နက်များသယ်​ဆောင်မည်သတင်းများကြောင့် နိုဝင်ဘာ ၁၂ ရက်မှ နိုဝင်ဘာ ၂၁ ရက်အထိလမ်းကိုယာယီပိတ်ပင်ခဲ့ခြင်းဖြစ်သည်။

ယခုက ပြည်သူများ၏ စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့်ကုန်သည်စီးဆင်းမှု အခက်အခဲများ မဖြစ်ပေါ်စေရန် တမူး-ခမ်းပတ်လမ်းကို နိုဝင်ဘာ ၂၂ရက်မှစတင်ပြီး ပြန်လည်ဖွင့်လှစ်ပေးလိုက်ခြင်းဖြစ်သည်ဟု PDF(တမူး)တပ်ရင်း-၃ က ယမန်​နေ့ကထုတ်ပြန်သည်။

“တမူးနဲ့ ခမ်းပတ်ကြားပဲ သွားလို့ရတာပါ။ ကလေးမြို့ကနေ ခမ်းပတ်မြို့အထိ ပိတ်ထားဆဲပါ”ဟု တမူးမြို့ခံတစ်ဦးကပြောသည်။

ရုရှားမှ သယ်ယူလာသည်ဆို​သော လက်နက်များကိုအိန္ဒိယနိုင်ငံမှတစ်ဆင့် နယ်စပ်လမ်း​ကြောင်းမှ တမူး၊ ကလေးမြို့ သို့စစ်ကောင်စီက အရပ်သားကား ၁၄ စီးဖြင့် သယ်ယူနေပြီး ကလေး-တမူးလမ်းတလျောက် ဒေသခံကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ကြားတိုက်ပွဲများပြင်းထန်နေခြင်းဖြစ်သည်။

“မနက်(နိုဝင်ဘာ ၂၂ ရက်)ကတော့ ခမ်းပတ်မြို့ကို ရောက်တယ်လို့ သတင်းရပါတယ်ဗျ”ဟု PDF(တမူး) တပ်ရင်း-၃ တာဝန်ရှိသူကပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်၏ ရှေ့ပြေးစစ်ကြောင်းကို PDF(တမူး)တပ်ရင်း-၃ က နိုဝင်ဘာ ၂၀ တွင်ပဒေသာမိုင်းဖြင့် ​ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁၀ ဦးကျော်သေဆုံးခဲ့သည်ဟုအထက်ပါတာဝန်ရှိသူဆက်ပြောသည်။

Facebook

You May Also Like

သတင်း

တမူးမြို့ နန့်ဖာလုံရပ်ကွက်၊ချောင်းနက်ကြီး မူလတန်းကျောင်းမှ ဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကို စစ်ကောင်စီက ယနေ့(နိုဝင်ဘာ ၂၁ရက်) ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်း

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့(နိုဝင်ဘာလ ၁၉ ရက်)နံနက်ပိုင်းကစပြီး မုံရွာ - ချောင်းဦး - မြင်းမူ လမ်းပိုင်း၊ မုံရွာ - ချောင်းဦး - ပခုက္ကူ လမ်းပိုင်းများကို ယာယီပိတ်‌ထားကြောင်း ချောင်းဦး PDFအဖွဲ့က ကြေညာချက်တွင် ဖော်ပြသည်။

သတင်း

စစ်အုပ်စု၏ ပစ်ခတ်မှုများကြောင့် ဇီးတောကျေးရွာနှင့် အနီးရှိ ကျေးရွာများမှ ပြည်သူအများအပြားထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ပြောသည်။