Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တန့်ဆည်မြို့နယ် နနွင်းတောရွာအား စစ်ကောင်စီတပ် မီးရှို့ဖျက်ဆီး၍ နေအိမ်၂၅လုံးထက်မနည်း ပြာကျ

ကန့်ဘလူနယ်နှင့် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှိူ့နေသည့် စစ်ကောင်စီတပ်သည် ‌နိုဝင်ဘာ ၂၁ရက်က တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့သည်။

နနွင်းတောကျေးရွာအားစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj
နနွင်းတောကျေးရွာအားစစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့စဥ်၊ ဓာတ်ပုံ-Cj

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ကန့်ဘလူနှင့် ကျွန်းလှမြို့နယ်ဘက် ကကူးလာသည့် စစ်ကောင်စီစစ်ကြောင်းက မီးရှို့ဖျက်ဆီးခဲ့၍ အိမ်ခြေ ၂၀ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကန့်ဘလူနယ်နှင့် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှိူ့နေသည့် စစ်ကောင်စီတပ်သည် ‌နိုဝင်ဘာ ၂၁ရက်က တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့သည်။

ထို့နောက် ယနေ့ (နိုဝင်ဘာ၂၃ ရက်)နံနက်ပိုင်းတွင်မူ စစ်ကောင်စီတပ်သည် နနွင်းတောကျေးရွာအား မီးရှို့ဖျက်ဆီးသွားရာ နေအိမ် ၂၅လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကြောင်းမှာ နွင်းတောကျေးရွာမှအရှေ့တောင်ဖက်သို့ ထွက်ခွာသွားပြီး စစ်ကောင်စီတပ်သားများနှင့်ပျူစောထီး အင်အား ၂၀ဝကျော်ပါဝင်ကြောင်း ဒေသတွင်း Voice Of tazeက အသိပေးသည်။

နနွင်းတောရွာမှတဆင့် စည်းသာကျေးရွာဘက် ဦးတည်ထွက်ခွာသွားသည့် စစ်အုပ်စုသည် နနွင်းတောနှင့် စည်းသာရွာကြားတွင်ရှိနေကြောင်းလည်း ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ စစ်ကြောင်းသည် နိုဝင်ဘာ၂၁ရက်က ကျွန်းလှမြို့နယ်၊ ခဝါသည်ရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၀၀နီးပါး မီးလောင်ပျက်စီးခဲ့သည်။

စစ်ကောင်စီစစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျွန်းလှမြို့နယ်နှင့် တန့်ဆည်နယ်စပ်ရှိ ကျေးရွာရှစ်ရွာထက်မနည်း လူဦးရေတစ်သောင်းခန့် ထွက်ပြေးတိမ်းရှောင်နေရသည်။

အလားတူ ကန့်ဘလူမြို့နယ်၊ ကာဘိုးရွာမှ ထွက်လာသော စစ်ကောင်စီတပ်သည် ယမန်နေ့က ကျောက်တိုင်ရွာနှင့် ကျီစုရွာကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသတွင်း Kaduma Platform က ဖော်ပြသည်။

You May Also Like

သတင်း

ယနေ့ (နိုဝင်ဘာ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် ပင်စိမ်းကင်းရွာအတွင်း ဝင်ရောက်ပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ဒေသခံတွေဟာ ထွက်ပြေးနေရပြီး ရွာကိုမီးရှို့တဲ့ စစ်ကောင်စီတပ်ဟာ အဖိုးတန်ပစ္စည်းတွေကို ယူဆောင်သွားတယ်လို့ ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ဆိုထားပါတယ်။

သတင်း

အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ၊ တရုတ် ၊အိန္ဒိယ နိုင်ငံတို့ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကျင်းပနေတာပါ။

သတင်း

လက်နက် တစ်လက်ရဟု အသိပေး မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက် ခိုက်ရေးတပ်တစ်ခုအနီးတွင် ရေးမြို့ စခန်းမှူး အပါအဝင် ရဲ သုံးဦးကို ယနေ့နံနက်တွင် ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ နိုဝင်ဘာ ၂၃ရက် နံနက် ၈နာရီခွဲခန့်တွင် စခန်းမှူး လိုက်ပါလာသည့် ကားကို...