Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ

အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ၊ တရုတ် ၊အိန္ဒိယ နိုင်ငံတို့ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကျင်းပနေတာပါ။

အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ
အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေး စစ်ကောင်စီတက်ခွင့်မရ

ကမ္ဘောဒီးယားမှာကျင်းပနေတဲ့ အာဆီယံ ကာကွယ်ရေးဝန်ကြီးများအစည်းအဝေးမှာ စစ်ကောင်စီကိုတက်ရောက်ခွင့်ပိတ်ပင်ထားပါတယ်။

အာဆီယံကာကွယ်ရေးဝန်ကြီးတွေနဲ့ အမေရိကန် ၊ တရုတ် ၊အိန္ဒိယ နိုင်ငံတို့ တွေ့ဆုံပွဲကို နိုဝင်ဘာ ၂၁ ရက်ကနေ နိုဝင်ဘာ ၂၃ ရက်အထိ ကျင်းပနေတာပါ။

ယခင်ကတော့ အာဆီယံကာကွယ်ရေးဝန်ကြီးများအစည်းအဝေးကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးတက်ရောက်ခွင့်ရခဲ့ပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် မှာ အွန်လိုင်းကတစ်ကြိမ် ၊ ၂၀၂၂ ခုနှစ်အတွင်း ဖနွမ်းပင်မှာကျင်းပတဲ့အစည်းအဝေးကို လူကိုယ်တိုင်တစ်ကြိမ် စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီးဟာတက်ရောက်ထားတာပါ။

မြန်မာပြည်တွင်းမှာ ပြည်သူတွေအပေါ် စစ်ကောင်စီ ရဲ့ လေကြောင်းကနေတိုက်ခိုက်မှုတွေ ၊ ရွာတွေကိုမီးရှို့တာတွေ ၊ရက်စက်ကြမ်းကြုတ်တဲ့သတ်ဖြတ်မှုတွေ ပြုလုပ်နေချိန် စစ်ကောင်စီကို အစည်းအဝေး တက်ခွင့်ပေးတဲ့အပေါ် အာဆီယံဟာ ဝေဖန်မှု ပြင်းပြင်းထန်ထန်ကြုံခဲ့ရပါတယ်။

အဲဒီနောက်ပိုင်းမှာတော့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီး ကို အစည်းအဝေးတက်ခွင့်ပိတ်ပင်တာ အာဆီယံက လုပ်ဆောင်လာတာပါ။

မကြာသေးခင်က ကျင်းပခဲ့တဲ့ အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း အာဆီယံ ရဲ့ ဆက်စပ်အစည်းအဝေးတွေမှာ စစ်ကောင်စီရဲ့ကိုယ်စားပြု တက်ရောက်မှုအပေါ် ပြန်လည်သုံးသပ်ဖို့ ဆွေးနွေးခဲ့တာတွေရှိပါတယ်။

You May Also Like

သတင်း

ယနေ့ (နိုဝင်ဘာ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် ပင်စိမ်းကင်းရွာအတွင်း ဝင်ရောက်ပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

သတင်း

ကန့်ဘလူနယ်နှင့် ကျွန်းလှမြို့နယ်အတွင်း စစ်ကြောင်းထိုးမီးရှိူ့နေသည့် စစ်ကောင်စီတပ်သည် ‌နိုဝင်ဘာ ၂၁ရက်က တန့်ဆည်မြို့နယ်၊ နနွင်းတောကျေးရွာကို ဝင်ရောက်တပ်စွဲခဲ့သည်။

သတင်း

လက်နက် တစ်လက်ရဟု အသိပေး မွန်ပြည်နယ် ရေးမြို့နယ်ရှိ စစ်ကောင်စီ၏ တိုက် ခိုက်ရေးတပ်တစ်ခုအနီးတွင် ရေးမြို့ စခန်းမှူး အပါအဝင် ရဲ သုံးဦးကို ယနေ့နံနက်တွင် ရှင်းလင်းခဲ့ကြောင်း ရေးဘီလူးအဖွဲ့ခေါင်းဆောင်က ပြောသည်။ နိုဝင်ဘာ ၂၃ရက် နံနက် ၈နာရီခွဲခန့်တွင် စခန်းမှူး လိုက်ပါလာသည့် ကားကို...

သတင်း

စစ်ကောင်စီတပ်က ကျေးရွာများမီးရှို့ခြင်းအပြင် မိုင်းများ ထောင်ထားလေ့ရှိ၍ ပြည်သူလူထုများ လတ်တလောတွင် ကျေးရွာအတွင်း ပြန်လည်ဝင် ရောက်နိုင်ခြင်းမရှိသေးဟု ဆိုသည်။