Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးနယ် ပင်စိမ်းကင်းရွာတွင် စစ်ကောင်စီတပ်နှင့် ထိတွေ့ပစ်ခတ်မှုဖြစ်၊ စစ်အုပ်စုက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်

ယနေ့ (နိုဝင်ဘာ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် ပင်စိမ်းကင်းရွာအတွင်း ဝင်ရောက်ပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဥ်ကတွေ့ရသည့် ရဟတ်ယာဥ်တစ်စီး၊ ဓာတ်ပုံ-Cj
စစ်ကိုင်းတိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်စဥ်ကတွေ့ရသည့် ရဟတ်ယာဥ်တစ်စီး၊ ဓာတ်ပုံ-Cj

▪️စစ်အုပ်စု၏ လက်နက်ကြီးမှန်၍ ပြည်သူတစ်ဦးသေဆုံး၊ စစ်အုပ်စုက မုံလှရွာကို မီးရှို့နေ

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ပင်စိမ်းကင်းကျေးရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအဖွဲ့များ ထိတွေ့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက် က အထိအခိုက်များကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယနေ့ (နိုဝင်ဘာ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် ပင်စိမ်းကင်းရွာအတွင်း ဝင်ရောက်ပစ်ခတ်နေသော စစ်ကောင်စီတပ်နှင့် ဒေသတွင်းတော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကျဆုံးမှုရှိပြီး တော်လှန် ရေးရဲဘော်အချို့ ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း၊ အရပ်သားပြည်သူတစ်ဦး လက်နက်ကြီးထိမှန်ကာ သေဆုံးခဲ့ကြောင်း Spring Specisl Task Force-MRDAခွဲ K.Uအဖွဲ့က အသိပေးသည်။

Public Service Announcement
Public Service Announcement

ထို့အပြင် မွန်းလွဲ ၂နာရီခန့်တွင် ပင်စိမ်းကင်းကျေးရွာနှင့် မုံလှကျေးရွာအနီးတဝိုက်သို့ မုံရွာ (နမခ) မှMI35 ရဟတ်ယာဥ်နှင့်ပစ်ခတ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီတပ်သည် ညနေ ၃နာရီ မိနစ်၄၀ခန့်တွင် မုံလှရွာအတွင်းသို့ ဝင်ရောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေကြောင်း SSTFအဖွဲ့က ထပ်မံအသိပေးသည်။

“အကြမ်းဖက်စစ်ကောင်စီနဲ့ ဒေသခံတော်လှန်ရေး ရဲဘော်များ ထိတွေ့မှု ဖြစ်ပြီး စခ များ အကျဆုံး များတယ်လို့ သိရပါတယ်။ အရေအတွက်မသိရသေးပါဘူး ။ဒေသခံ တော်လှန်ရေး ရဲဘော်များလည်း ထိခိုက်မှု၊ကျဆုံးမှု အနည်းငယ် ရှိနိုင်ပါတယ်။ နောက်တစ်ကြိမ် ထပ်မံပစ်ခတ်မှာ စိုးလို့ မြေပြင် အသေးစိတ် အချက်အလက်များ မသိရသေးပါ ဘူး”ဟု ခင်ဦးနယ် ဒေသခံကာကွယ်ရေး မဟာမိတ်အင်အားစု KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။

ယနေ့မွန်းလွဲ ၂နာရီခန့်က မုံရွာ(နမခ)မှ တက်လာသော Mi-35တစ်စီးသည် ခင်ဦးမြို့နယ် မုံလှ၊ သာဝတ္ထိ၊ ပင်စိမ်းကင်းစသည့် ကျေးရွာများတဝိုက်၌ လေကြောင်းပစ်ခတ်မှု ၁နာရီခန့် ပြုလုပ် သွားပြီး ပြည်သူနှစ်ဦးထက်မနည်း ထိမှန်ထားသည်။

You May Also Like

သတင်း

စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသည့်နေရာသို့ စစ်ကောင်စီတပ်ရောက်ရှိလာပြီး ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက People's Spring သို့ ပြောသည်။

နိုင်ငံတကာ

လူမှုကွန်ရက်ပေါ် ရောက်ရှိလာတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေထဲမှာတော့ အခင်းဖြစ်ရာ နေရာတဝိုက်မှာ ရဲအင်အား အမြောက်အမြား ဖြန့်ကျက်ထားတာ တွေ့ရပါတယ်။

သတင်း

နိုဝင်ဘာ ၂၂ရက် နံနက် ၉နာရီခန့်က ကန့်ဘလူမြို့ နယ်၊ ချပ်သင်းရွာမှ အင်အား၃၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လှဲပွဲရွာဘက်သို့ စစ်ကြောင်းထိုးလာရာ နေ့လယ် ၁နာရီခန့်တွင် ဆားကျင်းသုဿန်အနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။