Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကန့်ဘလူနယ် ချပ်သင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

နိုဝင်ဘာ ၂၂ရက် နံနက် ၉နာရီခန့်က ကန့်ဘလူမြို့ နယ်၊ ချပ်သင်းရွာမှ အင်အား၃၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လှဲပွဲရွာဘက်သို့ စစ်ကြောင်းထိုးလာရာ နေ့လယ် ၁နာရီခန့်တွင် ဆားကျင်းသုဿန်အနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ကန့်ဘလူနယ် ချပ်သင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ
ကန့်ဘလူနယ် ချပ်သင်းဒေသတိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ချပ်သင်းကျေးရွာမှထွက်လာသည့် စစ်ကောင်စီတပ်ကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)တပ်ဖွဲ့ဝင်များက တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု သေဆုံးထိခိုက်ရှိခဲ့သည်ဟု ဒေသတွင်း သတင်းရင်းမြစ်က အသိပေးသည်။

နိုဝင်ဘာ ၂၂ရက် နံနက် ၉နာရီခန့်က ကန့်ဘလူမြို့ နယ်၊ ချပ်သင်းရွာမှ အင်အား၃၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လှဲပွဲရွာဘက်သို့ စစ်ကြောင်းထိုးလာရာ နေ့လယ် ၁နာရီခန့်တွင် ဆားကျင်းသုဿန်အနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

“ချပ်သင်းမှာအထိုင်ချတဲ့ စကစတွေက အရင် ဆုံးချပ်သင်းရဲ့ တောင်ဘက်ကို ထွက်တယ်။ တောင်ဘက်က ဘာတွေရှိလဲဆိုတော့ လှဲပွဲပေါ့။ ချပ်သင်းနဲ့လှဲပွဲကြား အဲဒီရှေ့နားမှာ ဆားကျင်းရွာရှိတယ်။ ဆားကျင်းရွာနဲ့ လှဲပွဲကြားမှာ သင်္ချိုင်းကုန်းရှိတယ်။ သူတို့က ရွာတွေကို မွှေမလို့လာတာပေါ့။ လာတဲ့အချိန် ကျွန်တော်တို့ ဒေသခံ(ပကဖ) တွေက တူမီးတွေဘာတွေနဲ့ တိုက်ခိုက်တာပေါ့”ဟု ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

၄၅မိနစ်ခန့် ကြာမြင့်သည့် ထိတွေ့မှုအတွင်း စစ်ကောင်စီဘက်မှ သုံးဦးပွဲချင်းပြီး သေဆုံးကာ ရှစ်ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟု ကျွန်းလှတက်ကြွလှုပ်ရှားသူများအဖွဲ့က ထုတ်ပြန် သည်။

ဒေသခံ PDFတာဝန်ရှိသူကလည်း “ထိခိုက်တာက ကိုယ့်ဘက်က ထိခိုက်မှုမရှိဘူး ။သူတို့ဘက်က ထိခိုက်မှုက ၈ယောက်လောက် ရှိတယ်”ဟု ပြောသည်။

စစ်ကောင်စီတပ်ကို ခုခံရာတွင် လက်လုပ်တူမီးများကိုသာ အားကိုးနေ့ရ၍ လက်နက်အင်အား ဖြည့်တင်းနိုင်ပါက စစ်ကောင်စီကို ပိုမိုခုခံတိုက်ခိုက်နိုင်မည်ဟု ၎င်းက ဆိုသည်။

“သူတို့ စကစက တခါတလေကျရင် ကျွန်တော်တို့ဘက်လာရင် ရှိတဲ့ တူမီးလေးတွေနဲ့ ခုခံကာကွယ် နေရင်းနဲ့ အနီးအနားမှာရှိတဲ့ အခြားနယ်က PDFတွေက လာပြီးအကူအညီပေးတဲ့အချိန်မျိုးကျရင်တော့ သူတို့ အနေနဲ့ ကြောက်တာပေါ့။ ပြန်ပြီးတော့ ပြန်ဆုတ်သွားတာ ရှေ့ဆက်မတိုးရဲဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ဘက်တွေကိုလည်း အမြန်ဆုံးလက်နက်အင်အား အကူအညီတွေ လိုအပ်တာပေါ့။ အတက်နိုင်ဆုံးပေါ့”ဟု ချပ်သင်းဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

You May Also Like

သတင်း

အမေရိကန် ဒုသမ္မတ အရှေ့တောင်အာရှကို ရောက်နေချိန်မှာ ပဲ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံ ဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ လက်မှတ်ထိုးလိုက်ကြတာပါ။

သတင်း

ခန္တီးမြို့မှ မအေးသီရိဆိုသော အသက်(၂၇)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၂ရက်က ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

သတင်း

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်ကျော်စွာဟိန်း(ခ) ကျော်ကြီး ၊ ရဲဘော် နော်အဲ့မူး၊ ရဲဘော်သီတာအေးတို့သည် နိုဝင်ဘာ ၂၂ရက် ညနေပိုင်းတိုက်ပွဲ၌ ကျဆုံးခဲ့သည်။

သတင်း

စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။