Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်း ယနေ့ညကစ၍ ဖြတ်သန်းခွင့်ယာယီပိတ်

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာပါကဖြတ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်ဘဲ ထိခိုက်မှုတစုံတရာဖြစ်လာပါက တာဝန်ယူပေးမည်မဟုတ်ကြောင်း PDF – South Monywaက အဖွဲ့က ပြောသည်။

မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၊ ဓာတ်ပုံ-Daung Karyan
မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တွေ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်များ၊ ဓာတ်ပုံ-Daung Karyan

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ် မုံရွာ-ချောင်းဦးလမ်းပိုင်းအား ယနေ့ည၈နာရီမှစတင်၍ ဖြတ်သန်းခွင့် ယာယီပိတ်ထားလိုက်ကြောင်း မုံရွာမြို့နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF – South Monywaက သတိပေးကြေညာသည်။

မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီတပ် များနှင့် ပျူစောထီးများခြေရှုပ်နေပြီး PDF – South Monywa အပါအဝင် အခြားနယ်မြေခံ တော်လှန်ရေးအင်အားစုများနှင့် ထိတွေ့ရင်ဆိုင်မှု ပြင်းထန်နေကာ ထိပ်တိုက်တွေ့ ပစ်ခတ်မှုများရှိခဲ့ကြောင်း၊ထို့ကြောင့် မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာ – ချောင်းဦးလမ်းပိုင်းအားယနေ့(နိုဝင်ဘာ၂၃ ရက်) ည ၈နာရီမှစ၍ အသုံးမပြုရန် တားမြစ်လိုက်ကြောင်း PDF – South Monywaက ပြောသည်။

Public Service Announcement
Public Service Announcement

“နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေခြင်းကြောင့် ပြည်သူတွေမထိခိုက်ရလေအောင် ယနေ့ညကစပြီး မည်သည့်ယာဥ်မဆို ဖြတ်သန်းသွားလာခွင့်ပြုမှာမဟုတ်ပါဘူး။ ဖြတ်သန်းသွားလာတဲ့ မည်သည့်ယာဥ်ကိုမဆို စခယာဥ် အကူလာတဲ့ယာဥ် စခ များနဲ့ ပတ်သတ်တဲ့ယာဥ်လို့ သတ်မှတ်ပြီး ပစ်ခတ်တိုက်ခိုက်သွားမယ်လို့ သတိပေးလိုပါတယ် “ဟု PDF – South Monywaတာဝန်ခံ Daung Karyan က ပြောသည်။

လိုက်နာခြင်းမရှိ ဖြစ်သန်းသွားလာပါကဖြတ်သန်းသွားလာသူများ၏ လုံခြုံရေးကို အာမမခံနိုင်ဘဲ ထိခိုက်မှုတစုံတရာဖြစ်လာပါက တာဝန်ယူပေးမည်မဟုတ်ကြောင်း PDF – South Monywaက အဖွဲ့က ပြောသည်။

တိုက်ပွဲဖြစ်ပွားသည့်အခြေအနေကိုမူ PDFအဖွဲ့များက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

You May Also Like

သတင်း

တမူး-ခမ်းပတ်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ခမ်းပတ်မြို့ မှ က​လေးမြို့အထိလမ်းပိုင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။

သတင်း

စစ်ကောင်စီယာဥ်တန်းအား ယမန်နေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်အချိန်တွင် မြောင်လမ်းခွဲနှင့် အလ္လကပ္ပကြား၌ M2W ထုတ် ပဒေသာမိုင်း ၇လုံးနှင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၁၀ စီး​မြောက်ကားမှာ မိုင်းထိသွားခဲ့ကြောင်း CDSOMက အသိပေးသည်။

သတင်း

အဆိုပါ စစ်ဆင်ရေးနှစ်ခုကို Chaung U Local Defence Force (CLDF)၊ ချောင်းဦးမြို့နယ် ပ.လ.ဖ နှင့် မုံရွာခရိုင်အမှတ် (၁၂) တပ်ရင်း၊ တပ်ခွဲ (၄)မှ ရဲဘော်များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တိုက်ခိုက်မှုကြောင့် မိုင်းရှင်းလာသော စစ်ကောင်စီတပ်သားများ ထိခိုက်မှုအများပြားရှိခဲ့ပြီး လူနာတင်ကား သုံးစီးဖြင့် ထိခိုက်ဒဏ်ရာရသူ များအား လာရောက်သယ်​ဆောင်သွားသည်ဟုဆိုသည်။