Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခန္တီးမြို့မှ လူငယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီဖမ်းဆီးပြီးနောက် ထောင်ဒဏ် ၁၀နှစ်မတရားချမှတ်

ခန္တီးမြို့မှ မအေးသီရိဆိုသော အသက်(၂၇)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၂ရက်က ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

(မအေးသီရိအား တွေ့ရစဉ်)
(မအေးသီရိအား တွေ့ရစဉ်)

စစ်ကိုင်းတိုင်း ခန္တီးမြို့မှ လူငယ်အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ဖမ်းဆီးပြီးနောက် PDFအားထောက်ပံ့သည်ဟုစွပ်စွဲကာ ထောင်ဒဏ် ၁၀နှစ်မတရားချမှတ်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ခန္တီးမြို့မှ မအေးသီရိဆိုသော အသက်(၂၇)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၂ရက်က ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။

“သူက ရိုးရိုးအေးအေးနေသူပါ။ အခု မတရားဖမ်းဆီးခံရပြီး ထောင်၁၀နှစ်ချခံရတယ်။ ဒီနေ့(နိုဝင်ဘာ ၂၄ရက်)ထောင်ကို ပို့တော့မယ်လို့ ကြားတယ်”ဟု ခန္တီးမြို့ခံတစ်ဦးက ပြောသည်။

မအေးသီရိကို စစ်ကောင်စီတပ်က ဖေဖော်ဝါရီက ဖမ်းဆီးခဲ့ပြီး ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်များထံ ငွေကြေးထောက်ပံ့သည်ဟုစွပ်စွဲကာ ပုဒ်မ ၅၀ (ည)ဖြင့် တရားစွဲဆိုခဲ့သည်။ ထို့နောက် ယနေ့(နိုဝင်ဘာ ၂၁ ရက်)တွင် ခန္တီးခရိုင်တရားရုံးမှ ထောင် ၁၀နှစ်ချမှတ် လိုက်ခြင်းဖြစ်သည်။

“သမီးလေးက ကျန်းမာရေးလည်းမကောင်းဘူး။သမီးလေးအတွက် အယူခံဝင်ဖို့ ကြိုးစားနေပါတယ်”ဟု မအေးသီရိ၏ အမေက ပြောသည်။

စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၁ရက်ကလည်းစစ်ကိုင်းတိုင်း တမူးမြို့မှ CDM ကျောင်းဆရာမ ဒေါ်ဟန်နီစုကြည်ဇော်ကိုလည်း ထောင်ဒဏ် ၁၀နှစ် မတရားချမှတ်ခဲ့သေးသည်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်စစ်ကောင်စီက ပြည်သူ ၁၃,၀၀၀နီးပါးကို ဖမ်းဆီးထားပြီး နိုဝင်ဘာ ၂၃ရက်အထိ ပြည်သူ ၁,၆၀၈ဦးကို ထောင်ဒဏ်ချမှတ််ထားသည်ဟု နိုင်ငံရေးအကျဥ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPPက ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ကော်ဘရာစစ်ကြောင်းမှ ရဲဘော်ကျော်စွာဟိန်း(ခ) ကျော်ကြီး ၊ ရဲဘော် နော်အဲ့မူး၊ ရဲဘော်သီတာအေးတို့သည် နိုဝင်ဘာ ၂၂ရက် ညနေပိုင်းတိုက်ပွဲ၌ ကျဆုံးခဲ့သည်။

သတင်း

စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

သတင်း

မိုင်းဖောက်ခွဲတိုက်ခိုက်ခံရသည့်နေရာသို့ စစ်ကောင်စီတပ်ရောက်ရှိလာပြီး ထိပ်တိုက် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဖားကန့်မြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက People's Spring သို့ ပြောသည်။

သတင်း

နိုဝင်ဘာ ၂၂ရက် နံနက် ၉နာရီခန့်က ကန့်ဘလူမြို့ နယ်၊ ချပ်သင်းရွာမှ အင်အား၃၀ခန့်ရှိ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းက လှဲပွဲရွာဘက်သို့ စစ်ကြောင်းထိုးလာရာ နေ့လယ် ၁နာရီခန့်တွင် ဆားကျင်းသုဿန်အနီး၌ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဆိုသည်။