Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရန်ကုန်မြို့ သုဝဏ္ဏတွင် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး ပစ်သတ်ခံရ

ယခုဖြစ်စဥ်မတိုင်မီ စက်တင်ဘာအတွင်းက လှိုင်မြို့နယ်တွင် အငြိမ်းစားဗိုလ်ချုပ်ဟောင်း အုန်းသွင်နှင့် ၎င်း၏သားမက် ဗိုလ်ကြီးဟောင်း ရှင်းလင်းခံထားရသည်။

(စစ်ကောင်စီတပ်သားများက ရန်ကုန်မြို့ သုဝဏ္ဏတွင် အကြမ်းဖက်ဖြိုခွင်းမှုများကို ၂၀၂၁မတ်လ ၂၁ရက်က ပြုလုပ်ခဲ့စဉ်။ဓာတ်ပုံ - CJ)
(စစ်ကောင်စီတပ်သားများက ရန်ကုန်မြို့ သုဝဏ္ဏတွင် အကြမ်းဖက်ဖြိုခွင်းမှုများကို ၂၀၂၁မတ်လ ၂၁ရက်က ပြုလုပ်ခဲ့စဉ်။ဓာတ်ပုံ - CJ)

▪️စစ်ကောင်စီ သတင်းစုဆောင်းရေးမှူးနှင့် တော်လှန်ရေးရဲဘော်များ ဖမ်းဆီးသတ်ဖြတ်ရာတွင် ပါဝင်သူဟုဆို

ရန်ကုန်မြို့ သင်္ဃန်းကျွန်းမြို့နယ်၊ သုဝဏ္ဏနယ်မြေ (၂၃)ရပ်ကွက်တွင် အငြိမ်းစားဗိုလ်မှူးကြီးတစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၄ ရက်) နံနက် ၈နာရီခန့်က အငြိမ်းစားဗိုလ်မှူးကြီး ဇော်နိုင်ဝင်းကို ၎င်းနေ ထိုင်ရာ ကံ့ကော်မြိုင်လမ်းနှင့် အင်ကြင်းမြိုင်လမ်းသွယ် (၄)ထောင့်ရှိ နေအိမ်ရှေ့တွင် ပစ်သတ်ခံရခြင်းဟု ဆိုသည်။

“ဗျူဟာမှူးအဆင့် နဲ့ နားထားတာ။တပ်မ(၇၇)က လို့သိရတယ်”ဟု သင်္ဃန်းကျွန်းမြို့ခံတစ်ဦး က လူထုနွေဦးသို့ ပြောသည်။

ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် သင်္ဃန်းကျွန်းအပါအဝင် သာကေတ ၊တာမွေမြို့နယ်များ၌ စစ်ကောင်စီတပ်က ပိုက်စိပ်တိုက်စစ်ဆေးမှုများရှိနေသည်ဟု မျက်မြင်တွေ့ရှိသူများက အသိပေး သည်။

“အိမ်စီးကားတွေပါ သုံးပြီး စခရော၊ ရခတွေရော ကင်းလှည့်နေတယ်။ပြီးတော့ မီးပွိုင့်ထပ်က ကင်းတဲတွေမှာပါ ကင်းပုန်းတွေတွေ့ရတယ်”ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

အသတ်ခံရသည့် အငြိမ်းစားဗိုလ်မှူးကြီးဆိုသူသည် စစ်ကောင်စီ၏ သတင်းစုဆောင်းရေးမှူးတစ်ဦးဖြစ်ကြောင်း မြို့ပြတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

“တော်လှန်ရေးရဲဘော်များကို ဖမ်းဆီးသတ်ဖြတ်ရာမှာ ဦးဆောင်သူလည်းဖြစ်၊ အာဏာသိမ်းပြီးတဲ့အချိန်မှာ မင်းအောင်လှိုင်ရဲ့ နောက်မြီးဆွဲ”ဟု ၎င်းက ပြောသည်။

ထို့အပြင် စစ်ကောင်စီထံမှ ကား အထောက်အပံ့ရယူထားပြီး အကြမ်းဖက်စစ်ကောင်စီအား အရေးကြီးသတင်းအချက်အလက်များစုဆောင်းပေးသည့် Data Center ဖြစ်ကာ စစ်ကောင်စီ​၏ အချို့သော ဝါဒဖြန့် Channelများအား စီမံခန့်ခွဲထိန်းချုပ်နေသူတစ်ဦးဖြစ်ကြောင်း မြို့ပြတော်လှန်ရေးပျောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သို့သော် ယခုရှင်းလင်းမှုဖြစ်စဥ်ကို မည်သည့်အဖွဲ့က လုပ်ဆောင်သည်ကို မသိရသေးပေ။

ယခုဖြစ်စဥ်မတိုင်မီ စက်တင်ဘာအတွင်းက လှိုင်မြို့နယ်တွင် အငြိမ်းစားဗိုလ်ချုပ်ဟောင်း အုန်းသွင်နှင့် ၎င်း၏သားမက် ဗိုလ်ကြီးဟောင်း ရှင်းလင်းခံထားရသည်။

စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း ရန်ကုန်မြို့တွင် စစ်ကောင်စီ၏ ထောက်တိုင်များ ၊အုပ်ချုပ်ရေးမှူးများ အပါအဝင် စစ်ကောင်စီတပ်သားများ မကြာခဏအသတ်ခံနေရသည်။

You May Also Like

သတင်း

နေ့ခင်းပိုင်း ၂ နာရီခန့်မှာ ပုသိမ်ကြီးမြို့နယ် ၊ ၁၉ လမ်းပေါ်မှာ ရှိတဲ့ တီဘီဆေးရုံရှေ့မှာ အဲဒီ လူငယ် တွေကို စစ်ကောင်စီတပ်က ညှပ်ပိတ်ပြီး ပစ်ခတ်ခဲ့တာပါ။

သတင်း

ပုသိမ်ကြီး ပ.က.ဖ နဲ့ ထုတ်ပြန်ချက်ထဲမှာတော့ သေဆုံးသွားတဲ့ ရာအိမ်မှူးဟာ စစ်မှုထမ်းဟောင်းဖြစ်ပြီး စစ်ကောင်စီကိုသတင်းပေးလို့ ရှင်းလင်းရတာလို့ဆိုထားပါတယ်။

သတင်း

မနက်ပိုင်း ၇ နာရီဝန်းကျင် နေအိမ်ရှေ့က ရှမ်းခေါက်ဆွဲ ဆိုင်မှာ မနက်စာ စားနေချိန် သေနတ်နဲ့ ၂ ချက်ပစ်ခတ်ခံလိုက်ရတာပါ။

သတင်း

ပစ်ခတ်ခံရတဲ့ အုပ်ချုပ်ရေးမှူးဟာ စစ်ကောင်စီသင်တန်းပေးတဲ့ ပျုစောထီးသင်တန်းဆင်းထားသူဖြစ်တယ်လို့ သိရပြီး သေနတ်နဲ့ နှစ်ချက် ပစ်ခံရလို့ ပွဲချင်းပြီးသေဆုံးသွားပါတယ်။