Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

NLD လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ထောင်ဒဏ် နှစ် ၂၀ စီချ

နိုဝင်ဘာလ ၂၂ ရက် မှာ ပုသိမ်ထောင်တွင်းစစ်ကောင်စီတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု၊ နိုင်ငံတော်သစ္စာဖောက်ဖျက်မှုတွေနဲ့ ထောင်ချခဲ့တာလို့ NLD ပါတီအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

ဓာတ်ပုံ − ရိုက်တာ
FILE PHOTO: A supporter of National League for Democracy (NLD) party holds a flag on the top of a boat as he takes part in a rally ahead of a November 8 general election, amid the coronavirus disease (COVID-19) outbreak in the Yangon river, Myanmar, October 28, 2020. REUTERS / Shwe Paw Mya Tin

နိုင်ငံရေးအကျဉ်းသားအနည်းငယ် လွှတ်ပေးပြီး ရက်ပိုင်းအကြာမှာတင် စစ်ကောင်စီဟာ NLD ပါတီလွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ပုသိမ်အကျဉ်းထောင်မှာ ထောင်ဒဏ် နှစ် ၂၀ စီချလိုက်ပါတယ်။

ထောင်ဒဏ် နှစ် ၂၀ စီချခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပုသိမ်တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးသန်းထွဋ် ၊ သာပေါင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်း ၊ သာပေါင်း တိုင်းလွှတ်တော် ကိုယ်စားလှယ် ဦးအောင်အောင်ဦးတို့ဖြစ်ပါတယ်။

နိုဝင်ဘာလ ၂၂ ရက် မှာ ပုသိမ်ထောင်တွင်းစစ်ကောင်စီတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ၊နိုင်ငံတော်သစ္စာဖောက်ဖျက်မှုတွေနဲ့ ထောင်ချခဲ့တာလို့ NLD ပါတီအသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။

သူတို့ ၃ ဦးကို အာဏာသိမ်းပြီး တစ်လအကြာ တိမ်းရှောင်နေတဲ့နေရာမှာ စစ်ကောင်စီတပ်က အင်အားအလုံးအရင်းနဲ့လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

NLD ပါတီရဲ့ စာရင်းအရ စစ်တပ်အာဏာသိမ်းပြီးနောက် လွှတ်တော်ကိုယ်စားလှယ် ၉၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ဖမ်းဆီးထားချိန်ကာလအတွင်း ၂ ဦး ကျဆုံးခဲ့ရတယ်လို့သိရပါတယ်။

You May Also Like

သတင်း

NLD အနိုင်ရခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲ (၂)နှစ်ပြည့်နေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ အထက်ပါအတိုင်း ဖော်ပြခဲ့ခြင်းဖြစ်သည်။

သတင်း

ခေတ်အဆက်ဆက် စစ်အာဏာရှင်တို့၏ ကိုယ်ကျိုးရှာ ဖိနှိပ်အနိုင်ကျင့်မှုများကို နစ်နာခဲ့ရသူ ပြည်သူတို့ရှေ့မှ မားမားမတ်မတ် ရပ်တည်ကာကွယ်ပေးခဲ့သောကြောင့် ဆရာတော်ကို စစ်ကောင်စီတပ်က ၆လကြာ ဖမ်းဆီးအကျဉ်းချထားခဲ့သည်။

သတင်း

NLD အစိုးရအဖွဲ့ဝင်တွေထဲ အသက်အကြီး ဆုံးဖြစ်တဲ့ ဝန်ကြီး ဦးစိုးဝင်းဟာ အူမကြီးကင်ဆာဝေဒနာ ခံစားနေရသူလည်းဖြစ်ပါတယ်။

သတင်း

ထို့ကြောင့် လူမျိုးတုန်းသတ်ဖြတ်ရန် ရည်ရွယ်သည့် စစ်ရာဇဝတ်မှုကို အကြမ်းဖက်စစ်ကောင်စီက အကြိမ်ကြိမ် ကျူးလွန်နေခြင်းဖြစ်ကြောင်း NLDက ထုတ်ပြန်သည်။