Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးတွင် စစ်ကောင်စီတပ်က စစ်ကြောင်း သုံးကြောင်းထိုးပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်း သတ်ဖြတ်ခံရ

ခင်ဦးနယ် အနောက်ခြမ်းတွင် ဗအိုးရွာ၌ ညအိပ်တပ်စွဲခဲ့သော အင်အား၈၀ခန့်ပါ စစ်ကြောင်းသည် သရက်ကုန်းရွာအနီး ရောက်ရှိနေသည်။

မီးရှို့ခံနေရသည့် မုံလှရွာ၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
မီးရှို့ခံနေရသည့် မုံလှရွာ၊ ဓာတ်ပုံ- ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် စစ်ကောင်စီတပ်က စစ်ကြောင်းသုံးကြောင်းထိုးနေပြီး ဒေသခံပြည်သူ သုံးဦးထက်မနည်း သတ်ဖြတ်ခံထားရကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်)မွန်းလွဲပိုင်းက စစ်ကောင်စီစစ်ကြောင်းတစ်ကြောင်းသည် ခင်ဦးမြို့နယ်၊ ကံသာယာရွာ၊ နတ်ကြီးကုန်း ထန်းတောတဲအတွင်း အသက်(၂၇)နှစ်အရွယ် အမျိုးသားတစ်ဦးအား သတ်ဖြတ်ပြီး အသက်(၁၄)နှစ်အရွယ် ကလေးငယ်တစ်ဦးကိုလည်း သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

ထို့အပြင် လေကြောင်းပစ်ခတ်ခံရမှုတွင် မုံလှရွာနေ ပြည်သူ တစ်ဦးသေဆုံးခဲ့ပြီး ကျဆုံးရဲဘော် တစ်ဦးနှင့် ပျောက်ဆုံးနေသော ရဲဘော်များလည်းရှိနေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ခင်ဦးမြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်းထိုးနေသည်။

ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်းရှိ ကန့်ဘလူမြို့နယ် သောက်ကန်ရွာကို မီးရှို့ခဲ့သော အင်အား ၈၀ကျော်ပါ စစ်ကြောင်းသည် ယနေ့နံနက်၉နာရီခန့်တွင် ခင်ဦးနယ် အလယ်လျှိုကျေးရွာအတွင်းသို့ လက်နက်ကြီး၊ငယ်များပစ်၍ ဝင်ရောက်နေကြောင်း ဒေသခံများက ပြောသည်။

ခင်ဦးနယ် အနောက်ခြမ်းတွင် ဗအိုးရွာ၌ ညအိပ်တပ်စွဲခဲ့သော အင်အား၈၀ခန့်ပါ စစ်ကြောင်းသည် သရက်ကုန်းရွာအနီး ရောက်ရှိနေသည်။

ခင်ဦးနယ် အနောက်မြောက်ခြမ်းရှိ စစ်ကောင်စီတပ်မှာ မုံလှကျေးရွာရှိ ပြည်သူများ၏ ပစ္စည်းနှင့်တောင်ပိုင်းက နေအိမ်များပါမီးရှို့နေကြောင်း ဒေသခံများက ပြောသည််။

“စစ်ကြောင်း(၂)မှာ အိမ်ကအစ်ကိုအပါအဝင် ဓားစာခံ လေးယောက်ပါသွားပါတယ်။ ဘေးကင်းစွာနဲ့ ပြန်လွှတ်ပေးဖို့ ဆုတောင်းနေရပါတယ်။”ဟု ဒေသခံတစ်ဦးက ပြောသည်။

ထိုစစ်ကြောင်းများကြောင့် စစ်ရှောင်များပိုများလာကာ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

ယမန်နေ့(နိုဝင်ဘာ၂၃ ရက်)က ခင်ဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ၃၀ကျော်သေဆုံးခဲ့ပြီး ပြည်သူ့ရဲဘော်အချို့လည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

ခင်ဦးမြို့နယ်အတွင်း စစ်ရှောင်နေရသော ကျေးရွာပေါင်း(၂၀)အထိရှိပြီး စစ်ရှောင်ပြည်သူပေါင်း ထောင်ချီ ရှိနေကာ အရေးပေါ်အကူအညီများ လိုအပ်နေသည်။

You May Also Like

သတင်း

KIA အမှတ်(၉)တပ်မဟာ၊ အမှတ်(၆) တပ်ရင်းနယ်မြေ ဆိုင်းတောင်အနီး စဘော့မှော်တွင် နိုဝင်ဘာ ၂၃ရက် နေ့လယ် ၁နာရီခန့်က စစ်ကောင်စီတပ်ယာဉ်ကို KIA တပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ပျူစောထီးများပါသည့် စစ်ကောင်စီတပ်သည် နိုဝင်ဘာ ၂၀ ရက်နှင့် ၂၁ရက်များတွင် ကျွန်းတိုင်ကျေးရွာကို ရွာလုံးကျွတ်မီးရှို့ပြီး စသိန်းရွာနှင့်ဂွေးဂုံရွာများကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

အမေရိကန် ဒုသမ္မတ အရှေ့တောင်အာရှကို ရောက်နေချိန်မှာ ပဲ မြန်မာနိုင်ငံမှာ နျူကလီးယား ဓာတ်အားပေး စက်ရုံ ဆောက်ဖို့ ရုရှားနဲ့ စစ်ကောင်စီတို့ လက်မှတ်ထိုးလိုက်ကြတာပါ။

သတင်း

ခန္တီးမြို့မှ မအေးသီရိဆိုသော အသက်(၂၇)နှစ်အရွယ်အမျိုးသမီးကို နိုဝင်ဘာ ၂၂ရက်က ထောင် ၁၀နှစ်ချမှတ်လိုက်ခြင်းဖြစ်သည်။