Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မန္တလေး – မြင်းခြံလမ်းပိုင်းတွင် စစ်ကောင်စီယာဥ်နှစ်စီး မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်တစ်ဦးအပါ အဝင် ထိခိုက်သေဆုံးမှုများဟုဆို

ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ရသူ ရှစ်ဦးအနက် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသည်ဟု သတင်းရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-နဂါးနီ
တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည့် မိုင်းများအား တွေ့ရစဥ်၊ ဓာတ်ပုံ-နဂါးနီ

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ မန္တလေး-မြို့သာ-မြင်းခြံလမ်းပေါ်တွင် စစ်ကောင်စီယာဥ် နှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ဗိုလ်တစ်ဦးအပါအဝင် ထိခိုက်သေဆုံးသူများရှိကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)တာဝန်ခံက ပြောကြားသည်။

နိုဝင်ဘာ ၂၂ ရက် ည ၉ နာရီ ၃၅မိနစ်ခန့်က မြင်းခြံမြို့နယ်၊ နတ်ကြိုတောရွာမှ ထွက်လာသည့် အင်အား ၂၀ခန့်ပါ ဒိုင်နာယာဥ် တစ်စီးနှင့် ကင်ဒါကား တစ်စီးတို့အား မြင်းခြံ – မန္တလေး ကားလမ်းမပေါ် ထိန်ပန်းပေါက်ရွာအနီးတွင် မိုင်း(၁၅)လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ပြောသည်။

ထို့အပြင် ယာဥ်နှစ်စီးလုံး တည့်တည့်မှန်ပြီး ကားဘီးများပါ ပွင့်ထွက်သွားသည်ဟု ဆိုသည်။

ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ရသူ ရှစ်ဦးအနက် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသည်ဟု သတင်းရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

“အဲလမ်းတွေက အမြဲတမ်းမကြာမကြာကူးနေတာပါ။ သိတယ် သိပ်မကြာဘူးပေါ့ အလုပ်ဖြစ်မယ်ဆိုပြီး ကျွန်တော်တို့ ရက်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရပါတယ်။ အချိန်ကလဲ ည ၉နာရီ၃၅မိနစ်မှာ ပွိုင့်ထဲဝင်လာတာနဲ့ ခွဲချလိုက်တာပါ။ ငယ်သံပါပြီး မောင်းမောင်းမောင်းနဲ့ငိုသံကြီးနဲ့ တရွေ့ရွေ့ဆက်မောင်းသွားပါတယ်ဗျ။ အသေကတော့ ဗိုလ်ကြီးအပါဝင် ၃ဦး ပါ။ ကျန်တဲ့၅ယောက်ကတော့ ဆေးကုနေတယ်လို့သိရပါတယ်။”ဟု နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။

ယင်းညက မိုင်းဆွဲခံရသည့် စစ်ကောင်စီယာဥ်နှစ်စီးမှာ အဓမ္မချောဆွဲလာခဲ့ခြင်းဖြစ်ပြီး ယာဥ်မောင်းသူများကိုပါ ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက ပြောသည်။

မြင်းခြံမြို့နယ်သည် အာဏာသိမ်း စစ်ကောင်စီအား ခုခံတော်လှန်မှုအားကောင်းရာ ဒေသဖြစ်ပြီး စစ်အုပ်စုကလည်း ဒေသခံများအား နေအိမ်ချိတ်ပိတ်ခြင်း၊ ပစ္စည်းများ အဓမ္မသိမ်းယူခြင်း၊ခြိမ်းခြောက်ငွေညှစ်ခြင်း၊ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခြင်းများ ပြုလုပ်နေသည်။

You May Also Like

သတင်း

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၃နာရီခွဲမှစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

ယမန်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ စဘော့မှော်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ် တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁ဦးသေ၊ ၅ဦး ဒဏ်ရာရခဲ့သည်ဟု KIAက ယမန်နေ့တွင် အသိပေးထားသည်။

သတင်း

ကာမိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌ ယနေ့(နိုဝင်ဘာလ ၂၄ရက်)နေ့လယ် ၁၂နာရီခန့်က ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။