Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကော်ဘရာစစ်ကြောင်းနယ်မြေ၌ လေးရက်ဆက် တိုက်ပွဲဖြစ်၊ စစ်ကောင်စီတပ် ၁၀ဦးကျော်သေ

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၃နာရီခွဲမှစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

ကော်ဘရာစစ်ကြောင်းနယ်မြေ၌ လေးရက်ဆက် တိုက်ပွဲဖြစ်
ကော်ဘရာစစ်ကြောင်းနယ်မြေ၌ လေးရက်ဆက် တိုက်ပွဲဖြစ်

▪️စစ်ကောင်စီတပ် ကြားဖြတ်တိုက်ခိုက်၍ ကော်ဘရာစစ်ကြောင်း ရိက္ခာယာဉ်မှ စစ်သည်သုံးဦးကျဆုံး၊ ဒဏ်ရာရစစ်သည် ရှစ်ဦးကို ကယ်ထုတ်နိုင်ခဲ့ဟု အသိပေး

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း(၂၇) ကော်ဘရာစစ်ကြောင်း လုံခြုံရေးယူထားသည့်နယ်မြေ၌ တိုက်ပွဲ လေးရက် ဆက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုများပြားသကဲ့သို့ ကော်ဘရာစစ်သည် သုံးဦးကျဆုံးခဲ့ကြောင်း ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ (၄၄) လက်အောက်ခံတပ်များနှင့် ကရင့်အမျိုးသား လွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၇) ကော်ဘရာစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း ၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း တပ်ခွဲ (၂)၊ Federal Wings Drone အဖွဲ့၊ ရောင်နီတပ်ခွဲ ဒရုန်းအဖွဲ့တို့အကြား နိုဝင်ဘာ ၂၁မှ နိုဝင်ဘာ ယနေ့အထိ လေးရက်ဆက် တိုက်ပွဲဖြစ်ခဲ့သည်။

နိုဝင်ဘာ ၂၁ရက်က ဘလက်တိုရွာအနီးတိုက်ပွဲ စစ်ကောင်စီတပ်များ ဆုတ်ခွာထွက်ပြေးခဲ့ကြောင်း၊ လက်နက်ကြီး ပစ်ကူဖြင့် တိုက်ခိုက်ခဲ့သော်လည်း ပူးပေါင်းတပ် ထောင်ထားသည့် မိုင်းထိ၍ စစ်ကောင်စီတပ်မှ ၂ဦးသေ၊ ၁ဦး ဒဏ်ရာပြင်းထန်ခဲ့သည်ဟု ဆိုသည်။

ယင်းနေ့၌ ပူးပေါင်းတပ်မှ ထိခိုက်မှုမရှိပေ။

နိုဝင်ဘာ၂၂ရက် နံနက်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးများ ပစ်ခတ်ပြီး ညနေပိုင်း၌ ဘလက်တိုကျေးရွာအနီး ငါးကန်ဂိတ်သို့ ကြားဖြတ် ထိုးဖောက် နေရာယူကာ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားအား ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

မြဝတီ – ဝေါ်လေ ကားလမ်းမတွင် သာမန်သွားလာနေသည့် DKBA တပ်ဖွဲ့၏ ကားတစ်စီ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာယာဉ်၊ ပြည်သူလူထုပိုင် ကားတစ်စီးနှင့်ဒေသထွက် ပြောင်းဆန်များ သယ်ဆောင်လာသော ကုန်တင်ယာဉ်တို့ကို စစ်ကောင်စီတပ်က တိုက်ခိုက်ခဲ့ရာ DKBA တပ်ဖွဲ့ယာဉ်‌ပေါ်ရှိ တပ်ဖွဲ့ဝင်များ နှင့် ပြည်သူပိုင်ကားပေါ်မှ အရပ်သားများ ထိခိုက်၊ သေဆုံးမှုများ ရှိခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ယာဉ်ပေါ်မှ ရဲဘော်တစ်ဦး၊ ရဲမေနှစ်ဦး စုစုပေါင်း သုံးဦး ကျဆုံးခဲ့ရပြီး အသက်ရှင်ကျန်ရစ်သည့် ကျည် ထိမှန်ဒဏ်ရာရရှိသော ရဲဘော် ရှစ်ဦးအား နိုဝင် ဘာ ၂၃ရက် နံနက်တွင် ကော်ဘရာစစ်သည် များက ကယ်ထုတ်နိုင်ခဲ့သည်ဟု ဖော်ပြသည်။

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၃နာရီခွဲမှစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

စစ်ကောင်စီတပ်မှ အတွဲလိုက်ပစ် ဒုံးကျည်များ၊ (၁၂၀)မမ လက်နက်ကြီးများဖြင့် တရစပ်ပစ်ကူပေးခဲ့ပြီး မော်လမြိုင်‌ (ရတခ)ဌာနချုပ်တွင် အခြေစိုက်သော Mi – 35 ရဟတ်ယာဉ်ဖြင့် ညနေပိုင်း၌ ပစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

နိုဝင်ဘာ ၂၃ရက်တွင် ရင်ဆိုင်တိုက်ပွဲမဖြစ်ခဲ့သော်လည်း စစ်ကောင်စီတပ်များ တောင်ကုန်းတစ်ခုအား တက်ရောက်ရာတွင် ပူးပေါင်းတပ်ဖွဲ့များ ထောင်ထားသော မိုင်းများ စစ်ကောင်စီတပ်မှ ၂ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့သည်ဟုဆိုသည်။

ယနေ့ (နိုဝင်ဘာ ၂၄ရက်)တွင် စစ်ကောင်စီတပ် က အတွဲလိုက်ပစ်ဒုံးများ၊ (၁၂၀)မမ လက်နက် ကြီးဖြင့် ယနေ့ညပိုင်း၌ ပစ်ခတ်နေဆဲဖြစ်ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်ခဲ့ပြီး အဆိုပါ ပစ်ခတ်မှုကြောင့် ဘလက်တိုကျေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များ အများအပြား ထိခိုက်ပျက်စီးလျက်ရှိသည်ဟု အသိပေးသည်။

ဘလက်တို ကျေးရွာအတွင်းသို့ ကျူးကျော်လာသော အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းတပ်ဖွဲ့များအကြား ယနေ့ ညနေပိုင်းတွင် ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားလျက်ရှိကာ အကြမ်းဖက်စစ်ကောင်စီတပ်သားအများအပြား သေဆုံး၊ ထိခိုက်လျက်ရှိကြောင်း ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်သည်။

တိုက်ပွဲဆက်ဖြစ်နေ၍ စစ်ကောင်စီ၏ သေဆုံးထိခိုက်မှု အရေအတွက် အတိအကျအား အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားပြီး ယနေ့ တိုက်ပွဲ ၌ ပူးပေါင်းတပ်ဖွဲ့မှ ထိခိုက်မှုမရှိဟု တိုက်ပွဲသတင်းထုတ်ပြန်သည့် ညပိုင်းအချိန်အထိ အခြေအနေကို ဖော်ပြထားသည်။

KNU ဗဟိုကလည်း နိုဝင်ဘာ ၂၂ရက်တွင် ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ တစ်ရပ်အတွင်း တိုက်ပွဲ သုံးကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ ၈ ဦးသေ၊ ၂၄ ဦးထိခိုက်ဒါဏ်ရာရရှိခဲ့ဟု ထုတ်ပြန်သည်။

ယင်းနေ့တိုက်ပွဲအတွင်း KNLA တပ်ရင်း (၂၇) မှ စစ်သမီး နှစ်ဦး အပါအဝင် သုံးဦးကျဆုံးပြီး ၁၁ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

ဒုဗိုလ်မှူးကြီး စောနယ်ဒါးထူး ဦးဆောင်သော KNLA တပ်ရင်း (၂၇) လက်အောက်ခံတပ်ခွဲများ များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ နေ့စဉ် ဖြစ်ပွားလျက်ရှိရာ နို၀င်ဘာလ (၁) ရက်နေမှ (၂၄) ရက်နေ့အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း (၂၁) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ ၃၃ဦး သေဆုံးကာ ၃၈ဦး ဒဏ်ရာရခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။အတည်ပြု၍မရသေးသော စစ်ကောင်စီတပ်ဖွဲ့၀င်များ၏ ထိခိုက်သေဆုံးမှုစာရင်းလည်းများစွာ ရှိနေသည်ဟု ဆိုသည်။

You May Also Like

သတင်း

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ဘလက်တိုကျေးရွာအနီးသို့ ပစ်ခတ်ခဲ့ပြီး ညနေသုံးနာရီခွဲခန့်တွင် ဘလက်တိုကျေးရွာအနီး ငါးကန်ဂိတ်သို့ စစ်ကောင်စီတပ်မှ ကြားဖြတ်ထိုးဖောက်နေရာယူကာ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားအား တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

ယမန်နေ့ကလည်း ဖားကန့်မြို့နယ် ဆိုင်းတောင်ဒေသ စဘော့မှော်တွင် စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ယာဉ် တစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က ၁ဦးသေ၊ ၅ဦး ဒဏ်ရာရခဲ့သည်ဟု KIAက ယမန်နေ့တွင် အသိပေးထားသည်။

သတင်း

ထိခိုက်ဒဏ်ရာရ၍ ဆေးရုံတင်ရသူ ရှစ်ဦးအနက် ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသည်ဟု သတင်းရကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) တာဝန်ခံက ပြောကြားသည်။