Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဟင်္သာတမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့လယ်ရှိ အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီး

“ဒီကောင်တွေ အကြောက်လွန်ပြီး အစ္စလာမ်သင်္ချိုင်းကို ဖြိုချလိုက်ပြီ။ ဒီနေရာကိုဘာ ဆက်လုပ်မယ်တော့ မသိဘူး။ အကုန်လုံးအသိမ်းမခံရအောင် ငွေနဲ့လိုက်နေတယ်။ဒီနေရာက စစ်ကောင် စီအတွက် စားကျက်နေရာ။ ဘာဆက်ဖြစ်မယ်မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)
(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)

ဟင်္သာတမြို့တွင် မိုင်းခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်က မြို့လယ်ရှိ အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပစ်လိုက်သည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ယာဥ်ထိန်းရဲများ၊ ဌာနဆိုင်ရာဝန်ထမ်းများပါဝင်သော အဖွဲ့က ဟင်္သာတမြို့ ဟင်္သာရုပ်အဝိုင်းလမ်းနှင့် ကပ်လျက်ရှိသော အစ္စလာမ်သင်္ချိုင်းဟောင်းအနီးတွင် အောက်တိုဘာ ၁၃ရက်က မိုင်းခွဲတိုက်ခိုက်ခံခဲ့ရသည်။ ထို့နောက် စစ်ကောင်စီက သင်္ချိုင်းဟောင်း အုတ်တံတိုင်းကို ဖြိုချလိုက်ပြီး အုတ်ဂူအချို့ကိုပါ ဖျက်ဆီးလိုက်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)
(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)

“ဒီကောင်တွေ အကြောက်လွန်ပြီး အစ္စလာမ်သင်္ချိုင်းကို ဖြိုချလိုက်ပြီ။ ဒီနေရာကိုဘာ ဆက်လုပ်မယ်တော့ မသိဘူး။ အကုန်လုံးအသိမ်းမခံရအောင် ငွေနဲ့လိုက်နေတယ်။ဒီနေရာက စစ်ကောင် စီအတွက် စားကျက်နေရာ။ ဘာဆက်ဖြစ်မယ်မသိဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စ်တပ်က အစ္စလာမ်သင်္ချိုင်းဟောင်းအတွင်းမှ အုတ်ဂူများကို ဖြိုဖျက်​ခြင်း၊ သစ်ပင်များခုတ်ခြင်းတို့ကို ဆက်လက်ပြုလုပ်နေသည်ဟု ဒေသခံများက သတင်းပေးပို့သည်။ သင်္ချိုင်းဟောင်းထဲမှ သစ်ကိုင်းများကို ဟင်္သာတမြို့ ဦးပါရဲဘုရားလမ်းဘေးတွင် စစ်ကောင်စီအမိန့်ဖြင့်စုပုံထားသည်ဟုလည်း ဒေသခံများက ပြောသည်။

(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)
(အစ္စလာမ်သင်္ချိုင်းဟောင်းကို ဖြိုချဖျက်ဆီးပြီးနောက် တွေ့ရစဉ်)

အောက်တိုဘာ ၁၃ရက်က တိုက်ခိုက်မှုကို ဟင်္သာတမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မဟာမိတ်များက ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲ နှစ်ဦးသေဆုံးကြောင်းလည်း သတင်းများထွက်ပေါ်ခဲ့သည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်သား နှစ်ဦးသည် KNUတပ်မဟာ (၅)နှင့် တပ်မဟာ(၁) နယ်မြေအစပ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းမှ လက်နက်မဲ့ဖြင့် ထွက်ပြေးလာခြင်းဖြစ်ည်ဟု ၎င်းက ဆိုသည်။

သတင်း

ပခုက္ကူမြို့မှာ မနက် ၈ နာရီကနေ ည ၆ နာရီအထိသာ ဆိုင်ကယ်စီးခွင့်ရမှာဖြစ်ပြီး ဆိုင်ကယ်တစ်စီးကို တစ်ဦးသာ စီးရမယ်လို့ စစ်ကောင်စီကကန့်သတ်လိုက်တာပါ။

သတင်း

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၃နာရီခွဲမှစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။