Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

BLACK WOLF – PDF တည်ထောင်ရာတွင်ပါဝင်ခဲ့​သောရဲ​ဘော်ကိုလှိုင်ဝင်း ခင်ဦးတိုက်ပွဲတွင်ကျဆုံး

ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ​ဘော်ကိုလှိုင်ဝင်းအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၆ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

(ကျဆုံးခဲ့​သောရဲကိုလှိုင်ဝင်း ။ ။ဓါတ်ပုံ-Black Wolf -PDF)
(ကျဆုံးခဲ့​သောရဲကိုလှိုင်ဝင်း ။ ။ဓါတ်ပုံ-Black Wolf -PDF)

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်အခြေစိုက် BLACK WOLF – PDF အဖွဲ့ စတင်တည်ထောင်သူများတွင်ပါဝင်သည့် ရဲဘော်ကိုလှိုင်ဝင်း ခင်ဦးမြို့နယ် တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း BLACK WOLF – PDF တာဝန်ခံက ပြောသည်။

ကျဆုံးခဲ့​သောရဲဘော်ကိုလှိုင်ဝင်းသည် BLACK WOLF – PDF ပေါ်ပေါက်လာအောင် စတင်ကတည်းကကူညီပံ့ပိုး တည်ထောင်ပေးခဲ့သော အဓိက Fundriser (ရန်ပုံ​ငွေရှာ​ဖွေ​ပေးသူ)တစ်ဦးလည်း ဖြစ်ကြောင်း၊ BLACK WOLF – PDF သည် ကိုလှိုင်ဝင်း၏ တည်ဆောက်ပေးမှု၊ ကူညီဖေးမမှုနှင့်အတူ တော်လှန်ရေးကာလအတွင်း အင်အားကြီးမားစွာ တည်ဆောက်နိုင်ခဲ့ကြောင်း BLACK WOLF – PDF ကထုတ်ပြန်သည်။

ကိုလှိုင်ဝင်းသည် နိုဝင်ဘာလ ၂၃ ရက်နေ့က တိုက်ပွဲတွင်ရှေ့တန်းတစ်နေရာ၌ ကျဆုံးခဲ့ပြီးအဖွဲ့သားများ အထူးဝမ်းနည်းကြေကွဲရကြောင်း၊ ကိုလှိုင်ဝင်းအတွက် စစ်ကောင်စီအား တုံ့ပြန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်းလည်း အဖွဲ့က အသိပေးသည်။

“Black Wokf pdfက သူ့ကြောင့်ပေါ်ပေါက်ခဲ့တာပါ။ လက်စားချေတိုက်ခိုက်သွားမယ်လို့ကတိပြုပါတယ်”ဟု BLACK WOLF – PDFတာဝန်ခံက ပြောသည်။

နိုဝင်ဘာလ ၂၃ ရက်နေ့ကစစ်ကောင်စီတပ်များသည်ကျေးရွာများအား မီးရှို့ဖျက်ဆီးပြီး မုံလှကျေးရွာဘက်သို့ဝင်လာချိန် လမ်းတစ်လျှောက်၌ PDFများ​ထောင်ထား​သောပ​ဒေသာမိုင်းများအပြင်းအထန်ထိခဲ့သည်။ထို့​နောက်စစ်​ကောင်စီတပ်နှင့် PDFများတိုက်ပွဲဖြစ်ပွားခဲ့သည်။

ထို​နေ့တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော်သေဆုံးပြီးအထိနာခဲ့ကြောင်း KURDAF အဖွဲ့ တာဝန်ခံက ပြောသည်။စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်။

ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ​ဘော်ကိုလှိုင်ဝင်းအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၆ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

​​​ထိုအပြင် စစ်တပ်ကလက်နက်ကြီးဖြင့်ပစ်ခတ်၍ ပြည်သူနှစ်ဦးလည်း သေဆုံးခဲ့သည်။

You May Also Like

သတင်း

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၃နာရီခွဲမှစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ယမန်နေ့(နိုဝင်ဘာ ၂၃ ရက်) မွန်းလွဲပိုင်းက ခင်ဦးမြို့နယ်၊ မုံလှကျေးရွာကို လေကြောင်းပစ်ခတ်တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ပြည်သူ့ကာကွယ်ရေး ရဲဘော် ခြောက်ဦးကျဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ဘလက်တိုကျေးရွာအနီးသို့ ပစ်ခတ်ခဲ့ပြီး ညနေသုံးနာရီခွဲခန့်တွင် ဘလက်တိုကျေးရွာအနီး ငါးကန်ဂိတ်သို့ စစ်ကောင်စီတပ်မှ ကြားဖြတ်ထိုးဖောက်နေရာယူကာ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားအား တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

ခင်ဦးနယ် အနောက်ခြမ်းတွင် ဗအိုးရွာ၌ ညအိပ်တပ်စွဲခဲ့သော အင်အား၈၀ခန့်ပါ စစ်ကြောင်းသည် သရက်ကုန်းရွာအနီး ရောက်ရှိနေသည်။