Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရှေ့တန်းစခန်းမှ စစ်ကောင်စီတပ်သား နှစ်ဦး KNU တပ်မဟာ(၁)ထံ အလင်းဝင်လာ၊ ၂လ ကျော်အတွင်း အလင်းဝင်လာသူ ၁၀ဦးကျော်ရှိ

စစ်ကောင်စီတပ်သား နှစ်ဦးသည် KNUတပ်မဟာ (၅)နှင့် တပ်မဟာ(၁) နယ်မြေအစပ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းမှ လက်နက်မဲ့ဖြင့် ထွက်ပြေးလာခြင်းဖြစ်ည်ဟု ၎င်းက ဆိုသည်။

KNU တပ်မဟာ (၁)နယ်မြေအတွင်း အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်မဟာ (၁)နယ်မြေအတွင်း အလင်းဝင်လာသော စစ်ကောင်စီတပ်သားများအား တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံခရိုင် သို့ စစ်ကောင်စီတပ်သား နှစ်ဦးထပ်မံအလင်းဝင်လာရာ ၂လကျော်အတွင်း အလင်းဝင်လာသူ ၁၀ဦးကျော်ရှိကြောင်း KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

စစ်ကောင်စီတပ်သား နှစ်ဦးသည် KNUတပ်မဟာ (၅)နှင့် တပ်မဟာ(၁) နယ်မြေအစပ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းမှ လက်နက်မဲ့ဖြင့် ထွက်ပြေးလာခြင်းဖြစ်ည်ဟု ၎င်းက ဆိုသည်။

“စကခ(၈) ၊ ၄၀၅တပ်ရင်းက။ အဲဒါ ၂၁ရက်နေ့က ထွက်ပြေးလာပြီး ကျွန်တော်တို့ဆီကို ရောက်လာတာပေါ့။ သူတို့ ရဲဘော်နှစ်ယောက်လုံးပဲ။ စကခ(၈)၊ ၄၀၅ တပ်က ကျွန်တော်တို့ တပ်မဟာ (၁)နယ်မြေနဲ့ ဖာပွန်မဲဝိုင်ဘက် သူတို့တွေစစ်ကြောင်း အမြဲတမ်းထိုးနေတာ။အဲဒီက စစ်ကြောင်းက ရဲဘော်တွေပေါ့”ဟု ဗိုလ်မှူး စောကျော်မြင့်က ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာမှ ယခုအချိန်ထိ KNU တပ်မဟာ(၁)နယ်မြေသို့ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်သား ၁၀ဦးကျော်ရှိပြီဟုလည်း ၎င်းကဆိုသည်။

“ဒီ ၉လပိုင်းကနေ ကျွန်တော်တို့ တပ်မဟာ (၁)ထဲရောက်လာတာ ၁၀ယောက်ကျော်နေပြီ။ လက်နက်ပါတာ ၃၊ ၄ယောက်ပါတယ်။ကျွန်တော် တို့ဆီကပဲ စောင့်ရှောက်ရတာပေါ့။ သူတို့ တွေလုံခြုံရေးအတွက်ရော စားဝတ်နေရေး အတွက်ရော ကျနော်တို့ တက်နိုင်တဲ့ဘက်က ကျနော်တို့ စားသလို ကျနော်တို့နေသလို သူတို့နေရာတာပေါ့။ စခန်းထဲမှာရှိတဲ့အခါ စခန်းရဲ့ စည်းကမ်းကိုလည်း လိုက်နာရတာပေါ့။ ဒီဘက်ရောက်လာတာတော့ သူတို့အတွက်ပိုပြီးလွတ်လပ်တာပေါ့” ဟု ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်တွင် စစ်ကောင်စီတပ်များကို ခြုံခိုတိုက်ခိုက်မှုများ၊ ယာဉ်တန်းများကို မိုင်းဆွဲတိုက်ခိုက်ခြင်းများ မကြာခဏ လုပ်ဆောင်လျက်ရှိကြောင်းလည်း ဗိုလ်မှူးစောကျော်မြင့်က ပြောသည်။

You May Also Like

သတင်း

ပခုက္ကူမြို့မှာ မနက် ၈ နာရီကနေ ည ၆ နာရီအထိသာ ဆိုင်ကယ်စီးခွင့်ရမှာဖြစ်ပြီး ဆိုင်ကယ်တစ်စီးကို တစ်ဦးသာ စီးရမယ်လို့ စစ်ကောင်စီကကန့်သတ်လိုက်တာပါ။

သတင်း

"ဒီကောင်တွေ အကြောက်လွန်ပြီး အစ္စလာမ်သင်္ချိုင်းကို ဖြိုချလိုက်ပြီ။ ဒီနေရာကိုဘာ ဆက်လုပ်မယ်တော့ မသိဘူး။ အကုန်လုံးအသိမ်းမခံရအောင် ငွေနဲ့လိုက်နေတယ်။ဒီနေရာက စစ်ကောင် စီအတွက် စားကျက်နေရာ။ ဘာဆက်ဖြစ်မယ်မသိဘူး"ဟု ဒေသခံတစ်ဦးက ပြောသည်။

သတင်း

ထိုသို့ကန့်သတ်လိုက်မှုကြောင့် ပြည်သူများသွားလာရေးအခက်အခဲများ ကြုံ​တွေ့ရမည်ဖြစ်ပြီး အလုပ်အကိုင်နှင့် စီးပွားရေးပါ ကျပ်တည်းလာနိုင်ကြောင်း ဒေသခံများက ပြောသည်။

သတင်း

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၃နာရီခွဲမှစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။