Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သီ​ပေါနှင့်လားရှိုးကြား စစ်​တပ်နှင့်SSPPတိုက်ပွဲဖြစ်

ပြည်ထောင်စုလမ်း သီပေါနှင့်လားရှိုးကြားရှိ မုန်းလမ်းရွာအနီးတွင် ယနေ့(နိုဝင်ဘာလ ၂၅ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

(SSPP တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-SSPP/SSA)
(SSPP တပ်ဖွဲ့ဝင်အချို့ ။ ဓါတ်ပုံ-SSPP/SSA)

ရှမ်းပြည်နယ်မြောက်ပိုင်းမန္တလေး-မူဆယ် ပြည်ထောင်စုလမ်း​ပေါ်ရှိ သီပေါလမ်းပိုင်းအနီးတွင်စစ်​ကောင်စီတပ်နှင့် SSPP/SSA တို့ကြားယနေ့ တိုက်ပွဲဖြစ်ပွားသည်။

ပြည်ထောင်စုလမ်း သီပေါနှင့်လားရှိုးကြားရှိ မုန်းလမ်းရွာအနီးတွင် ယနေ့(နိုဝင်ဘာလ ၂၅ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ တပ်စွဲထားတဲ့နေရာကိုစစ်တပ်ကဝင်လာပြီး စစ်ကြောင်းထိုးတာ။ တိုက်ပွဲဖြစ်နေတာဟုတ်ပါတယ်။ အထိအခိုက်သတင်းတွေတော့ မသိရသေးပါဘူးခမျ” ဟု SSPP ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုး စိုင်းဘုန်းဟန်ကပြောသည်။

မုန်းလမ်းရွာသည် သီပေါမြို့နှင့် ၁၁ မိုင်ခန့်အကွာတွင်တည်ရှိသည်။ ပြည်ထောင်စုလမ်းမနှင့် သုံးမိုင်ခန့်ဝေးသောနေရာတွင် တိုက်ပွဲဖြစ်နေခြင်းဖြစ်သည်။နေ့လည် ၁၂နာရီအထိ သေနတ်သံများကြားနေရ၍ ခရီးသွားပြည်သူများသတိဖြင့် သွားလာကြရန် ဒေသခံများက ပြောသည်။

You May Also Like

သတင်း

ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ​ဘော်ကိုလှိုင်ဝင်းအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၆ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာ ၂၂ရက် မွန်းလွဲ ၃နာရီခွဲမှစ၍ တစ်ညလုံးတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် ငါးဦးသေဆုံးခဲ့ပြီး အရာရှိနှင့် အခြားအဆင့် ၁၇ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း ကော်ဘရာ စစ်ကြောင်းက ထုတ်ပြန်သည်။

သတင်း

နိုဝင်ဘာလ(၂၂)ရက် နံနက်ပိုင်းမှစတင်၍ စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် ဘလက်တိုကျေးရွာအနီးသို့ ပစ်ခတ်ခဲ့ပြီး ညနေသုံးနာရီခွဲခန့်တွင် ဘလက်တိုကျေးရွာအနီး ငါးကန်ဂိတ်သို့ စစ်ကောင်စီတပ်မှ ကြားဖြတ်ထိုးဖောက်နေရာယူကာ ကော်ဘရာစစ်ကြောင်း၏ ရိက္ခာတင်ကားအား တရစပ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

သတင်း

စစ်အုပ်စုမှာ အထိနာပြီး ရှေ့ဆက်မတိုးနိုင်ဘဲ ပင်စိမ်းကင်းရွာအတွင်းသို့ ပြန်လည်ဆုတ်ခွာသွားခဲ့ပြီး မုံလှကျေးရွာအား လက်နက်ကြီးများဖြင့် အဆက်မပြတ် ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။