Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သောလူငယ်တစ်ဦးကို ပျုခေါင်းဆောင်ချမ်းမြေ့အဖွဲ့က သတ်ဖြတ်ပြီး ကျပ်သိန်း ၁၀၀ကျော်အပြင် ဖုန်းနှင့်ဆိုင်လုယက်

ကိုရာဂျူးသည် အသက် (၂၇)နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ ကျပ်သိန်း ၁၀၀ကျော်တန်ကြေးရှိသော အိန္ဒိယရူပီးငွေ သုံးသိန်းခွဲကို ဆိုင်ကယ်ဘောက်အတွင်းထည့်ပြီးသယ်လာစဉ် လုယက်ခံပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

အသတ်ခံရသည့် ကိုရာဂျူးနှင့် ပစ်သတ်သွားပြီးနောက်တွေ့ရသော ကျည်ဆံအခွံ)
အသတ်ခံရသည့် ကိုရာဂျူးနှင့် ပစ်သတ်သွားပြီးနောက်တွေ့ရသော ကျည်ဆံအခွံ)

စစ်ကိုင်းတိုင်း တမူးမြို့တွင် ငွေလဲလုပ်ငန်းလုပ်ကိုင်သောလူငယ်တစ်ဦးကို ပျုစောထီးခေါင်းဆောင် ချမ်းမြေ့ဦးဆောင်သည့်အဖွဲ့က သတ်ဖြတ်ပြီး ကျပ်သိန်း ၁၀၀ကျော်အပြင် ဖုန်းနှင့်ဆိုင် လုယက်ယူဆောင်သွားသည်ဟု ဒေသခံများက‌ ပြောသည်။

ငွေလဲလုပ်ငန်းလုပ်ဆောင်သော ကိုရာဂျူးဆိုသူကို တမူးမြို့၊ စော်ဘွား(၁၂) ခရပ်ကွက်တွင် ပျူစောထီးအဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခြင်းဟု မြို့ခံများက ပြောသည်။ ထိုဖြစ်ရပ်သည် တမူးမြို့တွင် ယမန်နေ့( နိုဝင်ဘာလ ၂၄ရက်) ညနေက ဖြစ်ခဲ့ခြင်း ဖြစ်သည်။

အသတ်ခံရသည့် ကိုရာဂျူးနှင့် ပစ်သတ်သွားပြီးနောက်တွေ့ရသော ကျည်ဆံအခွံ)
အသတ်ခံရသည့် ကိုရာဂျူးနှင့် ပစ်သတ်သွားပြီးနောက်တွေ့ရသော ကျည်ဆံအခွံ)

” ကိုရာဂျူးအသတ်ခံရတဲ့နေရာမှာ ပန်းချီချမ်းမြေ့တို့ ပျုစောထီးအဖွဲ့က လူသတ်၊ဓားပြတိုက်လုပ်နေတာ။ ကိုရာဂျူးကိုလည်း သူတို့ပဲ သတ်တာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ကိုရာဂျူးသည် အသက် (၂၇)နှစ်အရွယ် လူငယ်တစ်ဦး ဖြစ်ပြီး ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူဖြစ်သည်။ ကျပ်သိန်း ၁၀၀ကျော်တန်ကြေးရှိသော အိန္ဒိယရူပီးငွေ သုံးသိန်းခွဲကို ဆိုင်ကယ်ဘောက်အတွင်းထည့်ပြီးသယ်လာစဉ် လုယက်ခံပြီးနောက် သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်သည်။

ချမ်းမြေ့ဆိုသူသည် ပန်းချီဆွဲသူတစ်ဦးဖြစ်ပြီး ပန်းချီချမ်းမြေ့ဟု လူသိများသည်။ စစ်ကောင်စီတပ်နှင့် ပေါင်းသင်းပြီး ပျုစောထီးအဖွဲ့ခေါင်းဆောင်လုပ်နေသူဖြစ်သည်ဟု ဒေသခံများက‌ ပြောသည်။ ချမ်းမြေ့ဆိုသူကို ရှင်းလင်းပေးရန် မြို့ခံများက ပြည်သူ့ကာကွယ်ရေးအဖွဲ့များထံ တောင်းဆိုသည်။

“ချမ်းမြေ့က ရှင်းပစ်မှ ရမှာ။ သူ့ကိုမသတ်နိုင်သေးရင်တော့ အဲ့ဒီလမ်းကို မသွားကြရင်အကောင်းဆုံးပဲ”ဟု ဒေသခံတစ်ဦးက ပြောသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်၏ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ကျူးလွန်ခံခဲ့ရသော အမျိုးသမီးအရေ အတွက်မှာ ယခုထက် လွန်စွာများပြားပြီး၊ တိကျသည့် အရေအတွက်အတိုင်းအတာကို မသိနိုင်ဟုလည်း ဖော်ပြထားသည်။

သတင်း

ခင်ဦးနယ် အနောက်ခြမ်းတွင် ဗအိုးရွာ၌ ညအိပ်တပ်စွဲခဲ့သော အင်အား၈၀ခန့်ပါ စစ်ကြောင်းသည် သရက်ကုန်းရွာအနီး ရောက်ရှိနေသည်။

သတင်း

ဖားကန့်မြို့နယ် လုံခင်းကျေးရွာမှ အမျိုးသားတစ်ဦးသည် ယမန်နေ့ည ၇နာရီခန့်တွင် လုံးခင်းကျောက်ဝိုင်းအနီး သေနတ်ဖြင့် ပစ်သတ်ခံရခြင်းဖြစ်​ကြောင်း ဒေသခံများကပြောသည်။

သတင်း

တမူး-ခမ်းပတ်လမ်းပိုင်းကို ပြန်လည်ဖွင့်လှစ်ပေးသော်လည်း ခမ်းပတ်မြို့ မှ က​လေးမြို့အထိလမ်းပိုင်းကိုမူ ပိတ်ပင်ထားဆဲဖြစ်သည်။