Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောတွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အခြေအနေ

နိုဝင်ဘာလ(၂၄)ရက်တွင် ပုလောမြို့နယ် နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းငယ်တစ်ခုအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်မှုခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ(စိုးရိမ်ရ)ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုလောတွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အခြေအနေ
ပုလောတွင် စစ်ကောင်စီတပ်စခန်းတိုက်ခိုက်ခံရပြီးနောက် အခြေအနေ

တနင်္သာရီတိုင်း ပုလောမြို့နယ်တွင် စစ်ကောင်စီ၏ တပ်စခန်းငယ်တစ်ခုအား KNDO ဦးစီးသော ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့၍ နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်သားတချို့ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများ ရှိခဲ့သည်ဟု ပူရိယက္ခညီနောင်စစ်ကြောင်းမှ သတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာလ(၂၄)ရက်တွင် ပုလောမြို့နယ် နန်းတောင်ကျေးရွာရှိ စစ်ကောင်စီတပ်စခန်းငယ်တစ်ခုအား မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်းတိုက်ခိုက်မှုခဲ့ပြီး စစ်ကောင်စီတပ်ဘက်က တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိ(စိုးရိမ်ရ)ခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နှစ်နာရီကြာ တိုက်ပွဲပြင်းထန်းခဲ့ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးများ အသုံးပြုတိုက်ခိုက်ခဲ့သော်လည်း မြေပြင်အနေအထားအသာရ၍ ပူရိယက္ခညီနောင်စစ်ကြောင်းနှင့် မဟာမိတ်တပ်ဖွဲ့များဘက်မှ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း ထုတ်ပြန်ထားသည်။

နန်းတောင်တိုက်ပွဲကို KNDO ဦးစီးသော ပူရိယက္ခညီနောင်စစ်ကြောင်းမှူး ဗိုလ်ဝေလက ဦးဆောင်ပြီး မဟာမိတ်ညီနောင်တပ်ဖွဲ့များဖြစ်ကြသည့် ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊ မိုးကြိုးအဖွဲ့၊ Ghost Ranger အဖွဲ့နှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF-Palaw)အဖွဲ့တို့မှ စုပေါင်းညီညွတ်စွာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

လက်ရှိတွင် KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းအနေဖြင့် စစ်ကောင်စီတပ်များအား အမြစ်ဖြတ်ရှင်းလင်းရန် လက်နက်၊ ခဲယမ်းကျည်နှင့် ငွေကြေးများ လိုအပ်နေသောကြောင့် ရပ်ဝေးရပ်နီးရှိ ပြည်သူလူထုများအနေဖြင့် ပါဝင်ကူညီအားဖြည့်ပေးရန် ပူရိယက္ခညီနောင်စစ်ကြောင်းမှ အသိပေးထုတ်ပြန်ထားပါသည်။

You May Also Like

သတင်း

ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကန့်ဘလူနယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး လှည့်ပတ်နေခြင်းကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ကျန်းမာရေး အခက်အခဲများစွာ ကြုံနေကြရသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်များ သုံးကြိမ် ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)က တိုက်ခိုက်မှုကို ပုလောမြို့နယ်ရှိ နန်းတောင်ရွာတံတားအနီးတွင်ပြုလုပ်ခဲ့ပြီး နေ့လယ် ၁နာရီမှ ၂နာရီအထိ ၁နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။