Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝက်လက်နယ် မူးကြီးရွာ စစ်ကောင်စီတပ်မီးရှို့၍ နေအိမ် ၁၅၀ခန့် ပြာကျပြီး အဘွားအိုတစ်ဦး မီးလောင်သေဆုံး

မူးကြီးကျေးရွာသည် နေအိမ် ၄၀၀ ဝန်းကျင်ရှိပြီး ခန့်မှန်းခြေ နေအိမ် ၁၅၀ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အဘွားအိုတစ်ဦးမှာ ထွက်မပြေးနိုင်၍ မီး​လောင်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet
မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ မူးကြီးကျေးရွာအား စစ်ကောင်စီတပ်၏ မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ်၁၅၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး အဘွားအိုတစ်ဦး မီးလောင်သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet
မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force – Wetlet

ယမန်နေ့(နိုဝင်ဘာ၂၄ ရက်) မွန်းလွဲ ၁နာရီဝန်းကျင်က ဝက်လက်မြို့နယ်၊ မူးကြီးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ကြောင်း၊ အဆိုပါစစ်ကောင်စီတပ်သည် မီးရှို့ဖျက်ဆီးပြီးနော​က် ညနေ ၅နာရီခန့်တွင် ဝက်လက်မြို့ပေါ်သို့ ပြန်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

မူးကြီးကျေးရွာသည် နေအိမ် ၄၀၀ ဝန်းကျင်ရှိပြီး ခန့်မှန်းခြေ နေအိမ် ၁၅၀ခန့်မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း၊ အဘွားအိုတစ်ဦးမှာ ထွက်မပြေးနိုင်၍ မီး​လောင်သေဆုံးခဲ့ရကြောင်း ဒေသခံများက ပြောသည်။

မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet
မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force – Wetlet

“အိမ်ကြီးအိမ်ကောင်းတွေရော တော်တော်များပါတယ်။ အဖွားအိုတစ်ယောက် မီးထဲပါသွားပြီး။ အဘိုးအိုကြီးတစ်‌ယောက်ကတော့ ကာကွယ်ရေးအဖွဲ့က ရဲဘော်တစ်ဦးက ကယ်ဆယ်ခဲ့ပါတယ်။ ကျွဲ ၊ နွားတွေလည်း မီးထဲပါသွားပါတယ်။”ဟု GZ Special Task Force – Wetlet အဖွဲ့က ပြောသည်။

မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force - Wetlet
မူးကြီးကျေးရွာ လူနေအိမ်များ မီးလောင်ကျွမ်းပြီးနောက် တွေ့ရစဥ်၊ဓာတ်ပုံ-GZ Special Task Force – Wetlet

စစ်ကောင်စီတပ်သည် ဝက်လက်မြို့နယ်အတွင်း စစ်ကြောင်းထိုးဖျက်ဆီးမှုများ ပြုလုပ်နေပြီး နိုဝင်ဘာ ၁၃ ရက်ကလည်း ထန်းကြီးကျေးရွာကို ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့၍ နေအိမ်ပေါင်း ၃၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

You May Also Like

သတင်း

ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ်သည် မြစ်တော်ရွာ၌အဘိုးအိုတစ်ဦးကို ပစ်သတ်သွားကြောင်း Khin U Special Force Organization-KSO အဖွဲ့က ပြောသည်။

သတင်း

ကန့်ဘလူနယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး လှည့်ပတ်နေခြင်းကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ကျန်းမာရေး အခက်အခဲများစွာ ကြုံနေကြရသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်များ သုံးကြိမ် ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။