Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပုလောမြို့နယ် နန်းတောင်ရွာရှိ စစ်ကောင်စီတပ်စခန်းငယ်အား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက်

ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)က တိုက်ခိုက်မှုကို ပုလောမြို့နယ်ရှိ နန်းတောင်ရွာတံတားအနီးတွင်ပြုလုပ်ခဲ့ပြီး နေ့လယ် ၁နာရီမှ ၂နာရီအထိ ၁နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ပူရိယက္ခ ညီနောင်စစ်ကြောင်းမှ ရဲဘော်တစ်ဦး ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - ပူရိယက္ခ ညီနောင်စစ်ကြောင်း
ပူရိယက္ခ ညီနောင်စစ်ကြောင်းမှ ရဲဘော်တစ်ဦး ပစ်ခတ်နေစဥ်၊ ဓာတ်ပုံ - ပူရိယက္ခ ညီနောင်စစ်ကြောင်း

တနင်္သာရီတိုင်း ပုလောမြို့နယ်၊ နန်းတောင်ကျေးရွာရှိ အကြမ်းဖက်စစ်ကောင်စီတပ်စခန်းငယ်တစ်ခုအား ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရရှိကြောင်း ပူရိယက္ခ ညီနောင်စစ်ကြောင်းက ယနေ့ ထုတ်ပြန်သည်။

ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)က တိုက်ခိုက်မှုကို ပုလောမြို့နယ်ရှိ နန်းတောင်ရွာတံတားအနီးတွင်ပြုလုပ်ခဲ့ပြီး နေ့လယ် ၁နာရီမှ ၂နာရီအထိ ၁နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများအသုံးပြုတိုက်ခိုက်ခဲ့သော် လည်းမြေပြင်အနေအထားအသာရ၍ စစ်ကြောင်း နှင့် မဟာမိတ်ညီနောင်ရဲဘော်များ ထိခိုက်ဒဏ်ရာတစ်စုံတစ်ရာမရရှိခဲ့ကြောင်း အသိပေးသည်။

နန်းတောင်တိုက်ပွဲကို KNDO ဦးစီးသည့် ပူရိယက္ခညီနောင်စစ်ကြောင်းမှုး ဗိုလ်ဝေလမှ ဦးဆောင်ကာ မဟာမိတ်ညီနောင်တပ်ဖွဲ့များဖြစ်သော ပုလောဒေသကာကွယ်ရေးတပ်ဖွဲ့(PRDF)၊မိုးကြိုးအဖွဲ့ ၊Ghost Ranger အဖွဲ့နှင့် ကရင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF-Palaw)တို့မှ ပူး ပေါင်း၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

“စခ တွေဘက်က စစ်ရေးလှုပ်ရှားမှုရှိလာသလို ကျွန်တော်တို့ အနေနဲ့လည်း သူတို့ရဲ့ စခန်းတွေကို ဝင်တိုက်နေပြီ ဆိုတာ သတင်းလည်းပါးချင် တယ်။ပြီးတော့ အခုစစ်ရေးအရလည်း အချိန်မရွေး တိုက်ပွဲက ဖြစ်ဖို့များနေတယ်”ဟု PRDF တာဝန်ရှိသူက ပြောသည်။

နန်းတောင်ရွာရှိ စစ်ကောင်စီကင်းစခန်းဂိတ်တစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်များက နိုဝင်ဘာ ၁၂ ရက်တွင် မီးရှို့ဖျက်ဆီးခဲ့သည်။

ထို့အပြင် ယခုလ ၈ ရက်က နန်းတောင်ရွာအနီး တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခြောက်ဦးနှင့် ဗိုလ်အဆင့်ရှိသူတစ်ဦး သေဆုံးကြောင်း ပူရိယက္ခညီနောင်စစ်ကြောင်းက ထုတ်ပြန်ထားသည်။

လက်ရှိ စစ်ရေးအခြေအနေကြောင့် မြိတ်-ပုလော မိန်းလမ်းမကြီးပေါ် ဖြတ်သန်းမောင်းနှင်းမည့် ယာဉ်များအနေဖြင့် နိုဝင်ဘာလ ၂၄ရက်မှ စတင်ပြီး ည၈နာရီမှ နံနက် ​၄နာရီအတွင်း လုံးဝ(လုံးဝ) ဖြတ်သန်းမောင်းနှင်ခွင့်ပြုမည်မဟုတ် ကြောင်းလည်း သတိပေးထားသည်။

You May Also Like

သတင်း

ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကန့်ဘလူနယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး လှည့်ပတ်နေခြင်းကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ကျန်းမာရေး အခက်အခဲများစွာ ကြုံနေကြရသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်များ သုံးကြိမ် ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။

သတင်း

ကုန်းသားကျေးရွာ၌ ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ နှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲအတွက် လုံခြုံရေးယူပေးနေသည့် SSPPတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်း၌ ၁နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။