Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မုံရွာ – ချောင်းဦးလမ်းပိုင်းတွင် စစ်ကောင်စီ၏ ကျောက်စိမ်းတင်ယာဥ်အပါအဝင် စစ်ယာဉ်တန်းအား နှစ်ကြိမ်တိုက်ခိုက်ရာ ထိခိုက်သေဆုံးမှုရှိ

ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်များ သုံးကြိမ် ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။

(နိုဝင်ဘာ ၂၃ ရက်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa ရဲဘော်များအား တွေ့ရစဥ်)
(နိုဝင်ဘာ ၂၃ ရက်က မုံရွာ-မန္တလေးလမ်းမကြီးပေါ်တွင် တောပုရွာပျူများအား တိုက်ခိုက်နေသည့် PDF-South Monywa ရဲဘော်များအား တွေ့ရစဥ်)

စစ်ကိုင်းတိုင်း၊ မုံရွာ – မန္တလေးလမ်းမကြီးပေါ်တွင် စစ်ကောင်စီ၏ ကျောက်စိမ်းတင်ယာဥ်တန်းအပါ အဝင် စစ်ယာဉ်တန်းအား နှစ်ကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားအများအပြားသေဆုံးနိုင်ကြောင်း မုံရွာခရိုင်အမှတ်(၁၁)တပ်ရင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောကြားသည်။

ယမန်နေ့ (နိုဝင်ဘာ၂၅ ရက်)နံနက် ၁၁ နာရီ ၁၅ မိနစ်ခန့်က မုံရွာ – မန္တလေးလမ်းမကြီး၏ မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မုံရွာမှ မန္တလေးမြို့ဘက်သို့လာသော ကျောက်စိမ်းကားကြီး လေးစီးနှင့် နောက်မှကပ်ပါလာသော ကင်းကား တစ်စီးအား ပဒေသာမိုင်း (၇)လုံး ဖောက်ခွဲတိုက်ခိုက်ခဲ့သည်။

ထိုသို့တိုက်ခိုက်မှုကြောင့် လေးစီးမြောက်ယာဉ်နှင့် နောက်ဆုံး ကင်းကားအား တည့်တည့်ထိပြီး ငါးဦးသေ သုံးဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။

ထို့အပြင် မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်တွင်လည်း မုံရွာချောင်းဦးလမ်းပိုင်းတစ်နေရာတွင် မုံရွာမှ မန္တလေးမြို့ဘက်သို့လာသော စစ်ကား နှစ်စီးသည် မိုင်းအသင့်ပြင်ထားရာနေရာအရောက် ကားများရပ်တန့်ခဲ့သည်။ ဘေးပတ်ဝန်းကျင်တွင် ကင်းပုန်းများလည်း ၃၀ကျော်ခန့် ချထားသည်။

ထိုအချိန် ပဒေသာမိုင်း လေးလုံးခွဲကာ တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီးလုံးနှင့် ကင်းပုန်းဝပ် စစ်ကောင်စီတ​ပ်ဖွဲ့ဝင် ၁၀ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ၂၀ဝန်းကျင် ပြင်းထန်ဒဏ်ရာများ ရရှိသွားကြောင်း PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။

“ပထမဖြစ်စဥ်က ကျောက်စိမ်းတင်လာတဲ့ကားတွေပါ။ ဒုတိယဖြစ်စဥ်မှာ မိုင်းဆင်ထားတဲ့နေရာ ကားတွေရပ်လိုက်တာက မသိလို့ပဲဖြစ်မှာပါဗျ။ပွိုင့်ပတ်ပတ်လည်မှာလည်း ကင်းပုန်းတွေချထားတာ။ အဲ့မှာကားနှစ်စီးနဲ့ ပွိုင့်ပေါ်တည့်တည့်လာရပ်လို့ဆွဲချလိုက်တာပါ။”ဟု PDF-South Monywa တာဝန်ခံ Daung Karyan က ပြောသည်။

ရုပ်အလောင်းများအား ထပ်ပုံထားသည်ဟုဆိုပြီး ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံပို့ဆောင်ထားသည်ဟု သိရကြောင်း ၎င်းက ပြောသည်။

ယမန်နေ့ကပင် မုံရွာ-မန္တလေးလမ်းပိုင်း၊ မြင်းမူမြို့နယ်အတွင်း စစ်ကောင်စီယာဥ်များ သုံးကြိမ် ထက်မနည်း ထပ်မံတိုက်ခိုက်ခံခဲ့ရသေးသည်။

You May Also Like

သတင်း

ယနေ့နံနက်ပိုင်း ၇နာရီဝန်းကျင်က ပခုက္ကူမြို့ပေါ်နေရာအချို့၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက စောင့်ကြည့်စစ်ဆေးမှုများရှိခဲ့ပြီး ဆိုင်ကယ်စီးနင်းလာသူ ၁၀ဦးထက်မနည်း ဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံများက ပြောသည်။

သတင်း

ကန့်ဘလူနယ်အတွင်း စစ်ကောင်စီတပ် စစ်ကြောင်းထိုး လှည့်ပတ်နေခြင်းကြောင့် ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရပြီး စားဝတ်နေရေး ကျန်းမာရေး အခက်အခဲများစွာ ကြုံနေကြရသည်ဟု ဆိုသည်။

သတင်း

ယမန်နေ့(နိုဝင်ဘာ ၂၄ရက်)က တိုက်ခိုက်မှုကို ပုလောမြို့နယ်ရှိ နန်းတောင်ရွာတံတားအနီးတွင်ပြုလုပ်ခဲ့ပြီး နေ့လယ် ၁နာရီမှ ၂နာရီအထိ ၁နာရီကြာ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ကုန်းသားကျေးရွာ၌ ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ နှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲအတွက် လုံခြုံရေးယူပေးနေသည့် SSPPတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်း၌ ၁နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။