Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUတပ်မဟာ(၄)နယ်မြေ ထားဝယ်ခရိုင်၌ နိုဝင်ဘာ လဝက်အတွင်း တိုက်ပွဲ ၃၀ကြိမ်ဖြစ်

KNU လက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဖက်မှ နှစ်ဦးကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

KNU တပ်သားတစ်ဦး ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU
KNU တပ်သားတစ်ဦး ရှေ့တန်းတစ်နေရာ၌ တွေ့ရစဉ်၊ ဓာတ်ပုံ - KNU

▪️စစ်ကောင်စီတပ်မှ ၅၀ခန့်သေဟုဆို

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၄)နယ်မြေ ဘိတ်ထား၀ယ်ခရိုင်၌ နိုဝင်ဘာလဝက်အတွင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက် ကျဆုံးမှုများရှိခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးမှုများပြားခဲ့ကြောင်း KNUက ယနေ့ ထုတ်ပြန်သည်။

စစ်ကောင်စီတပ်ရင်းများဖြစ်သော ခလရ-၂၂၄၊ ခမရ-၅၅၉ ၊ခမရ-၅၆၀၊ ခမရ-၂၈၁၊ ခမရ- ၅၅၇၊ ခမရ-၅၅၈၊ ခမရ-၅၆၁ တို့နှင့် တပ်ရင်းအမည်မသိသေးသော အခြားစစ်ကောင်စီတပ်ရင်းများက KNU တပ်မဟာ (၄) လယ်ကဆောမြို့နယ် ၊လယ်မူလားမြို့နယ်၊ ကစယ်ဒိုမြို့နယ်၊တနင်္သာရီမြို့နယ်နှင့် လယ်ဒိုစိုးမြို့နယ်များအတွင်း စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင် လာ၍ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

ယခင်က တိုက်ပွဲဖြစ်ပွားမှုနည်းပါးခဲ့သည့် KNU တပ်မဟာ(၄)နယ်မြေတွင် စစ်ကောင်စီတပ်က ထိုးစစ်ဆင်မှုများ လုပ်ဆောင်လာ၍ နို၀င်ဘာ၁ ရက်မှ ၁၆ရက်အထိ တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၃၀ ကြိမ် ဖြစ်ပွားခဲ့ပြီး အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီတပ်များမှ ၄၈ဦးသဆုံးကာ ၂၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြသည်။

KNU လက်အောက်ခံတပ်များဖြစ်သည့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ KNDO နှင့် ပူးပေါင်းတပ်ဖွဲ့များဖက်မှ နှစ်ဦးကျဆုံးပြီး လေးဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးထားသည်။

အဆိုပါ တပ်မဟာ (၄)နယ်မြေတွင် ယခုနှစ် ဇန်နဝါရီမှ နိုဝင်ဘာလ ၁၆ရက်အထိ ၁၀လခွဲကျော် ကာလအတွင်း တိုက်ပွဲပေါင်း၁၂၃ကြိမ်ဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၄၆ဦး သေဆုံးကာ ၂၃၉ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။ အဆိုပါကာလအတွင်း KNU ဘက်မှ ၁၄ဦးကျဆုံးကာ ၇ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

KNU လက်အောက်တွင် တပ်မဟာနှင့်ခရိုင် ခုနစ် ခုရှိသည့်အနက် တပ်မဟာ(၁)၊ တပ်မဟာ(၂)၊ တပ်မဟာ (၃) ၊တပ်မဟာ(၄) ၊ တပ်မဟာ(၅)နှင့် တပ်မဟာ(၆) နယ်မြေများ၌ တိုက်ပွဲများ ဖြစ်ခဲ့ပြီး တပ်မဟာ(၇) ဟနယ်မြေ၌ တိုက်ပွဲဖြစ်ပွားမှု မတွေ့ရသေးပေ။ အဆိုပါ တပ်မဟာများအနက် တပ်မဟာ(၅)၊ တပ်မဟာ(၆)၊ တပ်မဟာ(၃)နှင့် တပ်မဟာ(၁)နယ်မြေများ၌ တိုက်ပွဲဖြစ်ပွားမှု ပိုများခဲ့သည်။

You May Also Like

သတင်း

ကုန်းသားကျေးရွာ၌ ကျင်းပသည့် ရှမ်းနှစ်သစ်ကူးပွဲ နှင့် ကောက်သစ်ဆွမ်းကပ်လှူပွဲအတွက် လုံခြုံရေးယူပေးနေသည့် SSPPတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ နိုဝင်ဘာ ၂၅ရက် နံနက်ပိုင်း၌ ၁နာရီခန့်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပြည်ထောင်စုလမ်း သီပေါနှင့်လားရှိုးကြားရှိ မုန်းလမ်းရွာအနီးတွင် ယနေ့(နိုဝင်ဘာလ ၂၅ရက်) နံနက် ၁၀ နာရီခန့်မှ စတင်၍ တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သား နှစ်ဦးသည် KNUတပ်မဟာ (၅)နှင့် တပ်မဟာ(၁) နယ်မြေအစပ်ရှိ စစ်ကောင်စီ ရှေ့တန်းစခန်းမှ လက်နက်မဲ့ဖြင့် ထွက်ပြေးလာခြင်းဖြစ်ည်ဟု ၎င်းက ဆိုသည်။

သတင်း

ထို့နောက် မွန်းလွဲ ၂နာရီခန့်တွင် စစ်အုပ်စုက ရဟတ် ယာဥ်ဖြင့် မုံလှကျေးရွာအား ၁နာရီကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲ​ဘော်ကိုလှိုင်ဝင်းအပါအဝင် ဒေသကာကွယ်ရေးအဖွဲ့ဝင်ရဲဘော်၆ ဦး ကျဆုံးခဲ့ခြင်းဖြစ်သည်။