Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီတပ်က ရွာလုံးကျွတ်နီးပါး မီးရှို့ခဲ့သည့် ခဝါသည်ရွာဒေသခံများ အရေးပေါ် အကူအညီလိုအပ်နေ

အိမ်ခြေ ၁၃၀ကျော်ရှိ ခဝါသည်ရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ရာ နေအိမ် ၉၅ လုံး ပျက်စီးခဲ့ရကြောင်း အသိပေးထားသည်။ မီးလောင်မှုကြောင့် စားနပ်ရိက္ခာများ၊ အဝတ်အထည်နှင့် အိမ်အသုံးအဆောင်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Infinity Group)
(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Infinity Group)

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ် ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ခဲ့ရာ ရွာလုံးကျွတ်နီးပါး မီးလောင်ပျက်စီးခဲ့၍ ဒေသခံပြည်သူများအရေးပေါ် အကူအညီ လိုအပ်လျက်ရှိသည်ဟု ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က အသိပေးထားသည်။

(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Infinity Group)
(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – Infinity Group)

အိမ်ခြေ ၁၃၀ကျော်ရှိ ခဝါသည်ရွာကို စစ်ကောင်စီတပ် မီးရှို့ခဲ့ရာ နေအိမ် ၉၅ လုံး ပျက်စီးခဲ့ရကြောင်း အသိပေးထားသည်။ မီးလောင်မှုကြောင့် စားနပ်ရိက္ခာများ၊ အဝတ်အထည်နှင့် အိမ်အသုံးအဆောင်များ မီးလောင်ပျက်စီးခဲ့ရသည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

“သက်ကြီးရွယ်အို ၇၁ယောက်ရှိတယ်။ လူကြီးတွေနဲ့ဆိုတော့ စစ်ကြောင်းလာလို့ ပြေးတဲ့အခါ နည်းနည်း ကသီလင်တ ဖြစ်တာမျိုးတွေရှိတယ်။ အခုဆောင်းရာသီဆိုတော့ ကလေးတွေကလည်း ရာသီအကူးအပြောင်း ကာလမှာ အအေးမိ၊ဖျားနာ၊ ချောင်းဆိုးတွေဖြစ်ကြတယ်”ဟု ခဝါသည်ရွာခံများအား ကျန်းမာရေး စောင့်ရှောက်မှု ပေးနေသူ တစ်ဦး၏ ပြောကြားချက်ကို ဖော်ပြထားသည်။

(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - Infinity Group)
(ခဝါသည်ကျေးရွာကို စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၁ရက်တွင် မီးရှို့ဖျက်ဆီးပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – Infinity Group)

စစ်ကောင်စီတပ်သည် ယခုနှစ်အတွင်း ကျွန်းလှမြို့နယ်မှ ကျေးရွာ (၁၁)ရွာကို မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်ခဲ့ရာ နေအိမ် ၅၅၀ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟုဆိုသည်။ ထို့ပြင် စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လာပါက ဒေသခံ ရွာသူ၊ရွာသားများ ထွက်ပြေးတိမ်းရှောင်ကြရပြီး အခက်အခဲများစွာ ကြုံနေကြရသည်။

You May Also Like

သတင်း

မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးဟု PDFက ဆိုသည်။

သတင်း

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီး​နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီက သံမိုးတောင်ရွာအား လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိသည်ဟု သိရကြောင်း ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် အန္ဒိယနိုင်ငံဘက်မှ တင်သွင်းလာသည့် စစ်လက်နက်ပစ္စည်းများကို တမူး-ကလေးလမ်းမကြီးအတိုင်း သယ်ယူလာပြီး ပြည်သူ့ကာကွယ်ရေးမဟာမိတ်များက တားဆီးနိုင်ရန် ကြိုးစားနေသည်။