Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သံတောင်ကြီးမြို့နယ် သံမိုးတောင်တပ်စခန်းတိုက်ခိုက်မှု စစ်ကောင်စီတပ် သေဆုံးထိခိုက်များဟု ပဲခူးတိုင်း PDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီက သံမိုးတောင်ရွာအား လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိသည်ဟု သိရကြောင်း ထုတ်ပြန်သည်။

တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ - ၄ မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF
တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁)၊ တပ်ခွဲ - ၄ မှ ရဲဘော်များအား တွေ့ရစဥ်၊ ဓာတ်ပုံ - Bago Region PDF

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် သံတောင်မြောက်ပိုင်း တောင်ငူ – သံတောင်ကားလမ်း‌ပေါ်ရှိ သံမိုးတောင်တပ်စခန်းကို ယနေ့နံနက်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးသူ ၁၅ဦးထက်မနည်းရှိခဲ့ပြီး ဒဏ်ရာရသူများပြားခဲ့ဟု ပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်(PDF) က ထုတ်ပြန်သည်။

အဆိုပါ တပ်စခန်းကို သံတောင်အထူးဒေသ တပ်ခွဲ – ၃၊ တောင်ငူခရိုင် PDF တပ်ရင်း (၃၅၀၁) တပ်ခွဲ- ၄၊ တပ်ခွဲ -၃ (ဒေါင်းမင်းသား တပ်ဖွဲ့)တို့က ပူးပေါင်း၍ နိုဝင်ဘာ၂၆ရက် နံနက် ၆နာရီခွဲမှ စတင်တိုက်ခိုက်ခဲ့ရာ ၂နာရီကျော် တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်က အထိနာ၍ လေကြောင်းမှ ပစ်ကူပေးခဲ့ကြောင်း တိုက်လေယာဉ် နှစ်စီးဖြင့် ၁နာရီကျော်ကြာ လေကြောင်းပစ်ကူပေး တိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ပေါင်းစုဘက်မှ အထိအခိုက်အကျအဆုံးမရှိဘဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြထားသည်။

အကြမ်းဖက်စစ်ကောင်စီက သံမိုးတောင်ရွာအား လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများ ရှိသည်ဟု သိရကြောင်း ထုတ်ပြန်သည်။

ထို့ပြင် အကြမ်းဖက်စစ်ကောင်စီက သံမိုးတောင်ရွာအား မီးရှို့ဖျက်ဆီးပစ်မည်ဟု ခြိမ်းခြောက် လျက်ရှိကြောင်း ဖော်ပြထားသည်။

လက်ရှိတွင် တောင်ငူ-သံတောင် ကားလမ်း (၇)မိုင်မှ စစ်ကောင်စီတပ်သားများက စစ်ကားများဖြင့် သံမိုး‌တောင်ရွာသို့လာရောက်ကာ အင်အားအများအပြား ဖြည့်တင်းနေသည်ဟု ဆိုသည်။

You May Also Like

သတင်း

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးအား ယနေ့ နေ့လည်ပိုင်း၌မေးမြန်းရာ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ မြေပြင်နှင့် အဆက်အသွယ် မရသေးဟု ဖြေကြားသည်။

သတင်း

အပစ်ရပ်ခြင်းအ​ပေါ်သ​ဘောမကျ​သောပြည်သူတစ်ဦးက"ရခိုင်အိပ်မက်မိုးတိမ်နက်သို့လျှပ်စီးလက်မျှမိုးသာမရွာရေမပါဘဲလေထဲဝဲကာပျောက်ဆုံးမှာကိုမြင်ရောင်မိချေပါတကား"ဟု​ပြောသည်။

သတင်း

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာကို မီးတင်ရှို့ခဲ့မှု အခြေအနေကို ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။