Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီး​နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်
ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်အားလက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အဝင်စစ်ဆေးရေးဂိတ်ရှိ စစ်ကောင်စီဆပ်ားအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဥိီးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး (ဝက်လက်စစ်ဒေသ)အဖွဲ့က ပြောသည်။

ယနေ့(နိုဝင်ဘာ ၂၆ ရက်)မွန်းလွဲ ၁နာရီခန့်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ဦးခန့်ရှိသော ရွှေဘိုမြို့ဝင်စစ်ဆေးရေးဂိတ်အား လက်ပစ်ဗုံးဖြင့် ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘန်ကာအတွင်းရှိ စစ်သားတစ်ဦး သေဆုံးပြီး အများအပြားထိခိုက် ဒဏ်ရာရရှိသွားကြောင်း ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက် စစ်ဒေသ)အဖွဲ့က ပြောသည်။

ပြည်သူ့တော်လှန်ရေးတပ်ဦး(ဝက်လက်စစ်ဒေသ) ၏ မြို့ပြစစ်ဆင်ရေးတပ်ဦး ရဲဘော်များက သွားရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ကျန်ရှိသော စစ်သားများက အိမ်စီးကားဖြင့် ရဲဘော်များအား လိုက်လံပစ်ခတ်ခဲ့သော်လည်းတပ်ဦး ရဲဘော်များအထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ၎င်းအဖွဲ့က ပြောသည်။

ရွှေဘိုမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် သည် ခရီးသွားပြည်သူများအား စစ်ဆေးခြိမ်းခြောက်ငွေတောင်းခြင်း၊ ဖမ်းဆီး​နှိပ်စက်ခြင်းများ မကြာခဏ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

You May Also Like

သတင်း

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးအား ယနေ့ နေ့လည်ပိုင်း၌မေးမြန်းရာ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ မြေပြင်နှင့် အဆက်အသွယ် မရသေးဟု ဖြေကြားသည်။

သတင်း

အပစ်ရပ်ခြင်းအ​ပေါ်သ​ဘောမကျ​သောပြည်သူတစ်ဦးက"ရခိုင်အိပ်မက်မိုးတိမ်နက်သို့လျှပ်စီးလက်မျှမိုးသာမရွာရေမပါဘဲလေထဲဝဲကာပျောက်ဆုံးမှာကိုမြင်ရောင်မိချေပါတကား"ဟု​ပြောသည်။

သတင်း

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်က အရာတော်မြို့နယ် နွားမသင်းကျေးရွာကို မီးတင်ရှို့ခဲ့မှု အခြေအနေကို ထုတ်ပြန်ရာ၌ အထက်ပါအတိုင်း ထည့်သွင်းဖော်ပြခဲ့ခြင်း ဖြစ်သည်။