Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာ WYစာတမ်းပါ ပန်းရောင်မူးယစ်ဆေးပြားများအပြင် လက်နက်နှင့်ငွေများ သိမ်းဆည်းရမိ

ကရင်နီပြည်နယ်ရဲအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ တစ်တောင့်ထိုးသေနတ် တစ်လက်ကိုလည်း ဖမ်းဆီးမှုအတွင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ - KPS
ဓာတ်ပုံ - KPS

ကရင်နီပြည် ဒီမော့ဆိုမြို့နယ်တွင် မူးယစ်ဆေးဝါးသတင်းအရရှာဖွေရာ WYစာတမ်းပါ ပန်းရောင်မူးယစ်ဆေးပြား ၂,၅၃၅ ပြားအပါအဝင် လက်နက်နှင့် ငွေများ သိမ်းဆည်းရမိကြောင်း ကရင်နီပြည်ရဲအဖွဲ့ (KSP)က ယနေ့(နိုဝင်ဘာ ၂၇ရက်) ထုတ်ပြန်သည်။

အဆိုပါ ဖမ်းဆီးမှုကို ကရင်နီပြည်ရဲအဖွဲ့အမှတ်(၁) ရဲစခန်းမှ အဖွဲ့ဝင်များ၊ KNDF တပ်ရင်း (၈)၊ KNDF CDM မှ တပ်ဖွဲ့ဝင်များနှင့် နယ်မြေအတွင်းရှိ ကျေးရွာတာဝန်ခံများက ပူးပေါင်းဆောင် ရွက်ခဲ့သည်ဟု ဆိုသည်။

ဓာတ်ပုံ - KPS
ဓာတ်ပုံ – KPS

“ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာ သတင်းအရ ရှာဖွေရင်း တွေ့တာ။မူးယစ်ဆေး ဝါးတွေလက်ခံထားရှိသူ သုံးဦးလည်းမိခဲ့တယ်”ဟု KNDF တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

ကရင်နီပြည်နယ်ရဲအဖွဲ့က ထုတ်ပြန်သည့် ဓာတ်ပုံမှတ်တမ်းများအရ တစ်တောင့်ထိုးသေနတ် တစ်လက်ကိုလည်း ဖမ်းဆီးမှုအတွင်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင် မူးယစ်ဆေးဝါးများ သယ်ယူ၊ဖြန့်ဖြူးမှုများကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကို မကြာခဏ ဖမ်းဆီးရမိနေပြီး ကျူးလွန်သူများကို ပြင်းထန်စွာ အရေးယူမည်ဖြစ် ကြောင်း သတိပေးထားသည်။

You May Also Like

သတင်း

မိုင်းဖောက်ခွဲတိုက်ခိုက်မှုအတွင်း စစ်ကောင်စီယာဥ်တန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အများအပြား ထိခိုက်သေဆုံးမှုရှိနိုင်ပြီး အတည်ပြုနိုင်ခြင်း မရှိသေးဟု PDFက ဆိုသည်။

သတင်း

ယနေ့ (နိုဝင်ဘာ၂၃ ရက်) နံနက် ၁၀နာရီခန့်က မြိုင်(ပကဖ) တပ်ရင်း(၁)ထံသို့ ကံလှကျေးရွာနေ ဖိုးချစ်၊ မရွေးကုန်းရွာနေ ခိုင်ဇော်ဝင်းတို့ ပျူနှစ်ဦးက လက်နက်နှင့်ကျည်များဖြင့် အလင်းဝင်လာခဲ့ကြခြင်းဖြစ်သည်။

သတင်း

နိုဝင်ဘာ ၆ ရက်က ထန်းလေးပင်ကျေးရွာတိုက်ပွဲတွင် ရဲဘော် လေးဦးနှင့်အတူ M22 ၄လတ်၊ ကျည်ဖောက် ၈ခု ပျက်စီးဆုံးရှူံးခဲ့ပြီး ကျန်ရစ် သောရဲဘော်များအား လက်နက်တပ်ဆင်ရန်လိုအပ်နေ၍ ငွေကြေးလိုအပ်နေကြောင်း Monywa The Boys တာဝန်ခံက ပြောသည်။

သတင်း

ချောင်းဦးမြို့ တောပုကျေးရွာမှ စစ်ကောင်စီလက်အောက်ခံပျုစောထီးအဖွဲ့ကို ချောင်းဦး PDF - CHUPDF တပ်ခွဲ -၅ (IGF-Monywa)နှင့် Immortal Guerrilla Force-Monywa (IGF-Monywa) တို့က ယမန်နေ့(နိုဝင်ဘာ၁၇ရက်)နေ့လယ်က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။