Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNU သထုံခရိုင်တွင် စစ်ကောင်စီတပ်များ ပြောက်ကျားတိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိ

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးအား ယနေ့ နေ့လည်ပိုင်း၌မေးမြန်းရာ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ မြေပြင်နှင့် အဆက်အသွယ် မရသေးဟု ဖြေကြားသည်။

(ကရင်ပြည်နယ်တွင် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီတပ်ယာဉ်တန်းအား တွေ့ရစဉ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)
(ကရင်ပြည်နယ်တွင် ဖြတ်သန်းသွားလာနေသော စစ်ကောင်စီတပ်ယာဉ်တန်းအား တွေ့ရစဉ်၊ ပုံအဟောင်းကို အသုံးပြုထားပါသည်)

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် တပ်မဟာ(၁)နယ်မြေဒေသအတွင်း တော်လှန်ရေးတပ်ဖွဲ့များက စစ်ကောင်စီတပ်အား ပြောက်ကျားတိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်လျက်ရှိကြောင်း ခရိုင်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဒေသတွင်း စစ်ရေးသတင်းများအရ ကျိုက်ထို၊ ဘီးလင်းနယ်များ၌ စစ်ကောင်စီယာဉ်တန်းကို မိုင်းဖြင့်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီ ရဲစခန်းနှင့် တပ်စွဲရာနေရာအချို့ကို ပစ်ခတ်တိုက်ခိုက်ခြင်းများကို တော်လှန်ရေးအင်အားစုများက လုပ် ဆောင်နေပြီး စစ်ကောင်စီတပ်ကလည်း လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့သည်။

ဘီးလင်းမြို့နယ် ရွှေရောင်ပြဆီဆိုင်အနီးတွင် စစ်ကောင်စီယာဉ်တန်းကို နိုဝင်ဘာ ၂၅ရက်က တိုက်ခိုက်မှုရှိခဲ့ပြီး ထိခိုက်မှုအခြေအနေကို မသိရ သေးဟု KNU သထုံခရိုင်တာဝန်ရှိသူက ပြောသည်။ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် ယာဉ်ထိခိုက်မှုကို မသိရသေးသော်လည်း လက်နက်ကြီးဖြင့် ပစ်ခတ်၍ အရပ်သားတစ်ဦး၏ နေအိမ် ပျက်စီးမှု ဖြစ်ခဲ့သည်ဟု ဆိုသည်။

“အိမ်ရှင်က အိမ်ပေါ်မအိပ်ဘူး။ အိပ်လို့ကတော့ အကုန်လုံး ထိခိုက်ဒဏ်ရာရပြီးတော့ သေဆုံးမှာပဲ။ အိမ်တစ်လုံးလုံး ပြိုကျတာပဲ”ဟု သထုံခရိုင်တာဝန်ရှိသူက ပြောသည်။

လက်ရှိဒေသတွင်း အခြေအနေ စစ်ကောင်စီတပ် ကို ပြောက်ကျားတိုက်ခိုက်မှုဖြစ်စဉ်များ အမြဲတမ်း ဖြစ်နေသည်ဟု ၎င်းက ဆိုသည်။

ထို့အပြင် ဘီးလင်းနှင့် ကျိုက်ထိုလမ်းမပေါ်ရှိ သပြေနီ သံတံတားဂိတ် ပစ်ခတ်ခံရပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု Salween Press က ဖော်ပြသည်။ အဆိုပါ ဘီလင်းသံတံတားဂိတ်တွင် နိုဝင်ဘာ ၂၆ရက် နံနက်ကပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဘက်က တစ်ဦးပွဲချင်းပြီး သေဆုံးပြီး ဒဏ်ရာရသူများလည်း ရှိခဲ့ကြောင်း Kyaikhto Revolution and Information Network က ဖော်ပြသည်။

သိမ်ဇရပ်နယ်မြေ ရဲစခန်းလည်း ယမန်နေ့ ညပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်း၊ ရဲစခန်းဘက်က လက်နက်ကြီးဖြင့် ပြန်ပစ်ခတ်ရာ လူနေအိမ်သို့ ကျရောက်ပြီး (၈)နှစ် အရွယ် အမွှာကလေးငယ် နှစ်ဦး ဒဏ်ရာရရှိကာ တစ်ဦးမှာ စိုးရိမ်ရသည်ဟု KRIN က ဖော်ပြ သည်။

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးအား ယနေ့ နေ့လည်ပိုင်း၌မေးမြန်းရာ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ မြေပြင်နှင့် အဆက်အသွယ် မရသေးဟု ဖြေကြားသည်။

You May Also Like

သတင်း

ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။

သတင်း

PDFများကမကြာခဏတိုက်ခိုက်လာ​ပြီး​နောက်စစ်ကောင်စီတပ်စွန့်လွှတ်လိုက်သည့် ရဲစခန်းများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ သရက်ကန်ရဲစခန်း၊ ဗဟင်းရဲစခန်းနှင့် ကိုင်းလယ်ရဲစခန်းတို့ဖြစ်သည်။

သတင်း

အပစ်ရပ်ခြင်းအ​ပေါ်သ​ဘောမကျ​သောပြည်သူတစ်ဦးက"ရခိုင်အိပ်မက်မိုးတိမ်နက်သို့လျှပ်စီးလက်မျှမိုးသာမရွာရေမပါဘဲလေထဲဝဲကာပျောက်ဆုံးမှာကိုမြင်ရောင်မိချေပါတကား"ဟု​ပြောသည်။

သတင်း

စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးဘဲ ရဲဘော်များအထိအခိုက်မရှိကြောင်း PDF-South Monywaက အသိပေးထားသည်။