Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ပခုက္ကူခရိုင်တွင်နှစ်လအတွင်း စစ်ကောင်စီစွန့်လွှတ်သည့် ရဲစခန်း သုံးခုရှိလာ

PDFများကမကြာခဏတိုက်ခိုက်လာ​ပြီး​နောက်စစ်ကောင်စီတပ်စွန့်လွှတ်လိုက်သည့် ရဲစခန်းများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ သရက်ကန်ရဲစခန်း၊ ဗဟင်းရဲစခန်းနှင့် ကိုင်းလယ်ရဲစခန်းတို့ဖြစ်သည်။

ကိုင်လယ်ရဲစခန်းကို နိုဝင်ဘာ ၂၆ တွင် PDF များကတိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ
ကိုင်လယ်ရဲစခန်းကို နိုဝင်ဘာ ၂၆ တွင် PDF များကတိုက်ခိုက်စဥ်။ ဓါတ်ပုံ-CJ

ပခုက္ကူခရိုင်အတွင်းစစ်ကောင်စီတပ်က နှစ်လအတွင်း စွန့်လွှတ်လိုက်ရသည့် ရဲစခန်း ၃ခု အထိရှိလာပြီဖြစ်ကြောင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူများကပြောသည်။

စစ်ကောင်စီတပ်က ကျေးလက်များကို လက်လွှတ်ပြီး မြို့ပြများကို ထိန်းချုပ်နိုင်ရန်အတွက် မကွေးတိုင်းရှိ နယ်မြေရဲစခန်းများကို လက်လွှတ်​ပေးလာခြင်းဖြစ်သည်ဟု ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူအချို့ကသုံးသပ်ပြောကြားသည်။

စစ်ကောင်စီကဖျက်ဆီး၍စွန့်လွတ်သွား​သော ဗဟင်းရဲစခန်း ဓါတ်ပုံ-CJ
စစ်ကောင်စီကဖျက်ဆီး၍စွန့်လွတ်သွား​သော ဗဟင်းရဲစခန်း ဓါတ်ပုံ-CJ

“ရွှေးကောက်ပွဲအတွက် စစ်ကောင်စီက ကျေးလက်တွေကို စွန့်လွှတ်ပြီး မြို့တွေကို အသေလဲကာကွယ်ဖို့ လုပ်နေတာလို့ထင်တယ်။ မြို့တွေမှ အခြေခိုင်မှာ ရွာတွေက PDFတွေကို စစ်ကြောင်းအကြီးအကျယ်ထိုးမယ် သဘောရှိတယ် ”ဟု အနောက်ပိုင်းတပ်မဟာ(၇)၊ တပ်ရင်း (၇၀၃)၊ ကွန်မန်ဒိုတပ်ဖွဲ့ခေါင်းဆောင်ကသူ၏အမြင်ကိုပြောသည်။

PDFများကမကြာခဏတိုက်ခိုက်လာ​ပြီး​နောက်စစ်ကောင်စီတပ်စွန့်လွှတ်လိုက်သည့် ရဲစခန်းများသည် ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့ရှိ သရက်ကန်ရဲစခန်း၊ ဗဟင်းရဲစခန်းနှင့် ကိုင်းလယ်ရဲစခန်းတို့ဖြစ်သည်။

သရက်ကန်ရဲစခန်းကို အောက်တိုဘာ ၂ ရက်က မီးရှို့ပြီး စစ်ကောင်စီတပ်က စွန့်လွှတ်ထားခဲ့သည်။

မြိုင်မြို့နယ် ဗဟင်းရဲစခန်းကိုလည်း စစ်ကောင်စီတပ်က နိုဝင်ဘာ ၂၃ ရက် စွန့်ခွာသွားပြီး ရွာမှာ လူနေအိမ် ၇၀ခန့်ကို မီးရှို့သွားသည်။

ထိုအပြင်ပေါက်မြို့နယ်တောင်ပိုင်းရှိ ကိုင်းလယ်ရဲစခန်းကို နိုဝင်ဘာလ ၂၆ ရက်နေ့၊ နံနက်ပိုင်းက PDFများက ပူးပေါင်းတိုက်ခိုက်သိမ်းပိုက်ခဲ့ရန် ကြိုးစားစဉ် စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့်ပစ်ခတ်ပြီး စခန်းကို မီးရှို့ဖျက်ဆီးကာ စခန်းကို စွန့်ခွာထွပ်​ပြေးသွားခဲ့သည်။

ရဲစခန်းကို သိမ်းပိုက်ရန် ဒေသခံကာကွယ်ရေးတပ်များ ချဉ်းကပ်လာစဉ် စစ်ကောင်စီတပ်က Mi35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် နာရီဝက်ခန့်ပစ်ခတ်ခဲ့ပြီး စခန်းကို မီးရှို့ကာစွန့်ခွာသွားခြင်းဖြစ်သည်။ စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒေသကာကွယ်ရေးတပ်မှ ၂ ဦးကျဆုံးခဲ့ရသည်။ ကိုင်းလယ်ရဲစခန်းသိမ်းတိုက်ပွဲတွင် စစ်​ကောင်စီတပ်​သေဆုံးဒဏ်ရာရသူများ​ကြောင်းလည်းသိရသည်။

You May Also Like

သတင်း

အဆိုပါ ကျေးရွာနှစ်ရွာသည် ဒုတိယအကြိမ်မြောက် မီးရှို့ တိုက်ခိုက်စစ်ကြောင်းထိုးခံရခြင်းဖြစ်ပြီး ပထမအကြိမ်မီးရှို့ပြီးနောက် KURADFက နှစ်ကြိမ်တိုင်တိုင် ပေးပိုခဲ့သော အခင်းမိုးကာများကိုပါ ထပ်မံဖျက်ဆီးမီးရှို့သွားကြောင်း ၎င်းအဖွဲ့က ပြောသည်။

သတင်း

နိုဝင်ဘာ ၂၀ရက်မှ ၂၅ရက်အတွင်း တိုက်ပွဲဖြစ်ပွားမှုများကို တပ်မဟာ(၅)ကထုတ်ပြန်ရာ စစ်ကောင်စီတပ်မှ ခုနစ်ဦးသေဆုံးကာ၊ ရှစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

ထိုပြဇာတ်၌ ဆံထုံးထုံးထားသော အမျိုးသမီးကြီးတစ်ဦးပုံတစ်ပုံဘေးတွင် အမွှေးတိုင်တစ်တိုင်ထွန်းကာ ရက်လည်နေ့မြင်ကွင်းအဖြစ် ပြသထားသည်။

သတင်း

အဆိုပါ တိုက်ခိုက်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး KNU သထုံခရိုင်တာဝန်ရှိသူတစ်ဦးအား ယနေ့ နေ့လည်ပိုင်း၌မေးမြန်းရာ ဖုန်းလိုင်းများ ဖြတ်တောက်ထား၍ မြေပြင်နှင့် အဆက်အသွယ် မရသေးဟု ဖြေကြားသည်။